အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr News Agency ၏ အစီရင်ခံစာအရ၊ အီရန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် အဘူလ်ဖဆွ်လ် ရှေကာရီ က အီရန်၏ လက်နက်ကိုင်တပ်ဖွဲ့များသည် အနာဂတ်အစ္စရေး၏ ရန်လိုမှုမျိုးတွင် ယခင်ကထက် ပိုမိုအား ကောင်းပြီး အဖျက်စွမ်းအားကြီးမားသော တုံ့ပြန်မှုတစ်ခုအတွက် အပြည့်အဝ ပြင်ဆင်ထားကြောင်း သတိပေး ပြောကြားလိုက်ပါတယ်။
ဆက်လက်ပြီး ဂျေရုဆလင်ကို သိမ်းပိုက်ထားတဲ့ ဇီယွန်ဝါဒီအစိုးရရဲ့ ရန်လိုမှုမှန်သမျှကို ကျွန်တော်တို့၏ တုံ့ပြန်မှုက ပိုအားကောင်း၊ ပြင်းထန်ပြီး ထိရောက်မှုရှိပြီး ရန်သူကို လေးနက်စွာ နောင်တရစေ လိမ့်မယ်လို့ ဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။
မကြာသေးမီက ၁၂ ရက်ကြာစစ်ပွဲတွင် အီရန်က အစ္စရေးအစိုးရကို အနိုင်ယူပြီး ၎င်းအပေါ် ကြီးမားသော ဆုံးရှုံးမှုကို ဖြစ်ပေါ်စေကြောင်း ကမ္ဘာ့ကျွမ်းကျင်သူ အများစုက သဘောတူကြောင်း ဤရာဇ၀တ်သား အစိုးရအား ကျွန်ုပ်တို့၏တိုက်ခိုက်မှုများမှတစ်ဆင့် ၎င်း၏ ရန်လိုမှုများကို ရပ်တန့်ရန် ကျွန်ုပ်တို့အား တွန်းအားပေးခဲ့ကြောင်း ဗိုလ်မှူးချုပ် အဘူလ်ဖဆွ်လ် ရှေကာရီ က ပြောကြားခဲ့ပါတယ်။
ဗိုလ်မှူးချုပ် အဘူလ်ဖဆွ်လ် ရှေကာရီ ၏ အဆိုအရ အီရန် လက်နက်ကိုင် တပ်ဖွဲ့များသည် အဆင်သင့် အပြည့် ရှိနေကြောင်း ဇီယွန်ဝါဒီအစိုးရအား ထပ်မံအရေးယူပါက အပြင်းထန်ဆုံးတုံ့ပြန်မှုကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့ပါတယ်။
သောကြာနေ့အစောပိုင်းက အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ တော်လှန်ရေးအစောင့်တပ်၏ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်အလီမိုဟမ္မဒ် နာအီနီ က အစ္စရေးသည် အီရန်ကို ထပ်မံတိုက်ခိုက်ပါက အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ သည် မည်သည့်မျဉ်းနီကိုမျှ လေးစားမည်မဟုတ်ကြောင်း ပြောကြား ခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment