အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ရခိုင့္တပ္ေတာ္ AA ကလာမယ့္ ၂၀၂၀ မွာ ရခိုင္ျပည္သူ႔အာဏာပိုင္ ဖြဲ႕စည္းသြားမွာျဖစ္ၿပီး ရခိုင္ျပည္နယ္မွာရွိတဲ့ လုပ္ငန္းေတြအေနနဲ႔ ULA/AA ကို အခြန္ေပးေဆာင္ရမယ္လို႔ ေျပာၾကားထားတာရွိပါတယ္။
တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက AA ရဲ႕ေဆာင္႐ြက္ခ်က္ေတြဟာ အရင္ကဗမာျပည္ကြန္ျမဴနစ္ပါတီက ေဆာင္႐ြက္ခဲ့တဲ့ပုံစံျဖစ္ၿပီး တပ္မ ေတာ္ အေနနဲ႔ ႏိုင္ငံေတာ္အစိုးရရဲ႕ အခ်ဳပ္အျခာအာဏာ တည္တံ့ခိုင္ၿမဲေရး၊ နယ္ေျမေဒသလုံၿခဳံေရးအတြက္ တပ္မေတာ္ရဲ႕တာဝန္နဲ႔အညီ ေဆာင္႐ြက္သြားမယ္လို႔ ေျပာပါ တယ္။
“သူတို႔ေျပာတဲ့ ျပည္သူ႔အာဏာပိုင္အဖြဲ႕ ဆိုတာလည္း အရင္တုန္းက ေတြ႕ရသေလာက္ကေတာ့ သိပ္ေတာ့လည္း ထူးထူးဆန္း မဟုတ္ဘူးဆိုေသာ္လည္း ျမန္မာျပည္ ကြန္ျမဴ နစ္ပါတီ zawmintun-350.jpgေဆာင္႐ြက္ခဲ့တဲ့ပုံစံပါပဲ။ သူတို႔ရဲ႕ အာဏာတည္ေဆာက္တဲ့နယ္ေျမ ေပါ့၊ အဓိကကေတာ့ ဒါဘာလုပ္တာတုန္းဆိုေတာ့ အစိုးရရဲ႕ အုပ္ခ်ဳပ္ မႈယႏၲရားကို သူတို႔ရဲ႕ အုပ္ခ်ဳပ္မႈယႏၲရားနဲ႔ အစားထိုးတာပဲ။ အာဏာ သိမ္းတဲ့သေဘာပါပဲ။ ဒါနဲ႔ပတ္သက္ၿပီးေတာ့ ကြၽန္ေတာ္တို႔ကေတာ့ ေသာင္းက်န္းမႈ ႏွိပ္နင္းေရး စစ္ဆင္ ေရး ေဆာင္႐ြက္လွ်က္ ရွိတယ္။ ႏိုင္ငံေတာ္ရဲ႕ အစိုးရရဲ႕အခ်ဳပ္အျခာအာဏာ တည္တံ့ခိုင္ၿမဲေရး၊ နယ္ေျမေဒသလုံၿခဳံေရးအတြက္ ကြၽန္ေတာ္တို႔ကတပ္မေတာ္ရဲ႕ တာဝန္နဲ႔အညီ အစြမ္းကုန္ေဆာင္႐ြက္သြားရမွာ ျဖစ္ပါတယ္။”
ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကလည္း ရခိုင့္တပ္ေတာ္ AA ဟာအတိတ္သမိုင္းမွာ ထင္ရွားခဲ့တဲ့ရခိုင္ ဘုရင့္ႏိုင္ငံေတာ္ ျပန္လည္ေပၚေပါက္ လာ ေရးအတြက္ ရခိုင္ျပည္နယ္ လြတ္လပ္ေရး ဒါမွမဟုတ္ ရခိုင္ျပည္နယ္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရရွိေရးအတြက္ ေဆာင္႐ြက္ေနတာေၾကာင့္ တပ္မေတာ္နဲ႔ တိုက္ပြဲ ျဖစ္ပြားေနေၾကာင္း အျပည္ျပည္ဆိုင္ရာတရား႐ုံး ICJ ၾကားနာပြဲမွာ ထည့္သြင္းေျပာဆိုထားပါတယ္။အဲဒီလို ေဆာင္႐ြက္ခ်က္ေၾကာင့္ အရပ္သားျပည္သူေတြထိခိုက္ဆုံးရႈံးမႈေတြ ရွိေနေၾကာင္းလည္း ေျပာဆိုထားပါတယ္။
AA ျပန္ၾကားေရးတာဝန္ခံ ခိုင္သုခကေတာ့ ရခိုင္ႏိုင္ငံေတာ္ကို ျပည္ထူေထာင္လိုစိတ္ရွိတာဟာ တကယ္ရွိခဲ့တာကို ေမွ်ာ္လင့္တာျဖစ္လို႔ တရားနည္းလမ္းက်ေၾကာင္းနဲ႔ ရခိုင္ ျပည္သူ႔အာဏာပိုင္အဖြဲ႕” ကို ဖြဲ႕စည္းၿပီးေတာ့ အစိုးရ သ႑ာန္ စတင္လိုက္တာျဖစ္တယ္လို႔ RFA ကို ဒီဇင္ဘာလ ၁၂ ရက္ေန႔က ေျပာဆိုထားပါတယ္။
ရခိုင္ႏိုင္ငံေတာ္ကို ၁၇၈၄ ခုႏွစ္မွာ ဗမာအရွင္ဘုရင္ ဘိုးေတာ္ေမာင္ဝိုင္းက တိုက္ခိုက္ၿပီး သိမ္းပိုက္ခဲ့တာ ျဖစ္တယ္လို႔ သူက ဆိုပါတယ္။
ဒီကိစၥနဲ႔ ပတ္သက္ၿပီး ရခိုင္ျပည္နယ္ စည္ပင္သာယာေရးဝန္ႀကီး ဦးဝင္းျမင့္ကို ျပည္နယ္အစိုးရအဖြဲ႕ အျမင္ကို ေမးျမန္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဆက္သြယ္လို႔မရခဲ့ပါဘူး။
အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးၫြန႔္ကေတာ့ ဒီမိုကေရစီဖက္ဒရယ္ ျပည္ေထာင္စုဆိုတဲ့ မူေဘာင္ထဲမွာ ဆိုရင္ သူတို႔ရဲ႕အဆိုကို ေလ့လာေဆြးေႏြးသြားဖို႔ အသင့္ရွိၿပီး ျပည္ေထာင္စု ၿပိဳကြဲႏိုင္တဲ့ အေနအထားဆိုရင္ေတာ့ လက္မခံႏိုင္ဘူးလို႔ RFA ကို ေျပာပါတယ္။
dr-myonyunt-350.jpg“ကြၽန္ေတာ္တို႔ရည္႐ြယ္ထားတဲ့ ဒီမိုကေရစီဖက္ဒရယ္ ျပည္ေထာင္စု ဆိုတဲ့မူေဘာင္ထဲမွာ ဆိုရင္ေတာ့သူတို႔ရဲ႕အဆိုျပဳခ်က္ေတြကို ေလ့လာ ေဆြးေႏြးဖို႔ အသင့္ရွိပါတယ္။ ဒီေဘာင္ထက္ ေက်ာ္လြန္တဲ့ ေတာင္းဆိုမႈမ်ိဳးဆိုရင္ေတာ့ ျပည္ေထာင္စုၿပိဳကြဲႏိုင္တဲ့ အေနအထားရွိရင္ေတာ့ ကြၽန္ေတာ္တို႔ဒါဟာ လက္ခံလို႔မရ ပါဘူး။”
AA ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခကေတာ့ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ NLD ပါတီအာဏာရခ်ိန္ကတည္းက လက္ရွိအခ်ိန္အထိ ဖယ္ဒရယ္ျပည္ေထာင္စုကို သြားမယ္ ဆိုတဲ့ လုပ္ေဆာင္ခ်က္ဟာ လက္ဆုပ္လက္ကိုင္ ျပစရာမရွိေသးသလို တိုင္းရင္းသားေတြ ယုံၾကည္လာေအာင္ လုပ္ေဆာင္ႏိုင္တာမရွိေသးတာေၾကာင့္ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးဆိုတာနဲ႔ ပတ္သက္ၿပီး သံသယရွိတယ္လို႔ ေျပာပါတယ္။
“သူတို႔ အာဏာရကတည္းက ၂၀၁၉ ခုႏွစ္အကုန္အထိျပန္ၿပီးေတာ့ ၿခဳံၿပီးသုံးသပ္ၾကည့္မယ္ဆိုရင္ တကယ့္ ဖက္ဒရယ္ျပည္ေထာင္စုကိုသြားမယ္ဆိုတဲ့ သူတို႔ရဲ႕လုပ္ေဆာင္ ခ်က္ဟာ ဘာမွ ေရေရရာရာကိုင္ျပစရာ တစ္ခုမွမရွိေသးဘူး။ထင္သာျမင္သာ ေျပာလို႔ရတာကေတာ့ ကြၽန္ေတာ္တို႔ ULA/AA ကိုအျမစ္ျပတ္ေခ်မႈန္းဖို႔ အတြက္ ေဒၚေအာင္ဆန္း စုၾကည္က အမိန႔္ေပးထားတာရွိတယ္။ဒီဟာေတြက ႏိုင္ငံတကာသိ ေၾကညာထားတဲ့ ဟာျဖစ္တယ္။ အခုခ်ိန္အထိ တိုင္းရင္းသားေတြ ယုံၾကည္လာေအာင္ လုပ္ေဆာင္တဲ့လုပ္ ေဆာင္ခ်က္မ်ိဳးကို ကြၽန္ေတာ္တို႔ မေတြ႕ရေသးဘူး။ အဲဒါေၾကာင့္မို႔လို ကြၽန္ေတာ္တို႔က သူတို႔ေျပာေနတဲ့ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးဆိုတာနဲ႔ပတ္သက္ၿပီး အ ေတာ္ေလး သံသယရွိတာေပါ့ဗ်ာ။”
ရခိုင့္တပ္ေတာ္ AA အေနနဲ႔ တျခားတိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြနည္းတူ တပ္၊ ပါတီနဲ႔ သူတို႔ ထိန္းခ်ဳပ္ႏိုင္တဲ့ ေဒသေတြရွိရင္ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းေတြ ဖြဲ႕စည္းဖို႔ လုပ္ေဆာင္လာတာျဖစ္တယ္လို႔ ဗမာျပည္ကြန္ျမဴနစ္ပါတီဝင္ေဟာင္း၊ တိုင္းရင္းသားအေရးႏွင့္ စစ္ေရးေလ့လာသူ ဦးေမာင္ေမာင္စိုး က ေျပာပါတယ္။
“လက္နက္ကိုင္ အဖြဲ႕အစည္းတစ္ခုအေနနဲ႔ ေဒသတစ္ခုကို ထိန္းခ်ဳပ္ ႏိုင္ၿပီဆိုလို႔ရွိရင္ သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕ ထူေထာင္တာကေတာ့ သိပ္မထူးဆန္းပါဘူး။ ေျပာမယ္ဆိုရင္ AA မွ maungmaungsoe-350.jpgလုပ္တာမဟုတ္ဘူး။ KIA လည္းလုပ္တာပဲေလ။ ဥပမာဆိုရင္ KIO ဟာ ႏိုင္ငံေရးအဖြဲ႕ အစည္းျဖစ္သလို KIA က စစ္တပ္ျဖစ္တယ္။ KIC ဟာအုပ္ခ်ဳပ္ေရး အဖြဲ႕အစည္းျဖစ္တယ္။AA က်ေတာ့ AA တပ္ကိုစဖြဲ႕တယ္။ ေနာက္ ULA ဆိုၿပီးေတာ့ ႏိုင္ငံေရးအဖြဲ႕အစည္းဖြဲ႕တယ္။အခုသူ႔ေဒသတခ်ိဳ႕ ထိန္းခ်ဳပ္လာႏိုင္တဲ့ အခါမွာ ေဒသအုပ္ခ်ဳပ္ေရး အဖြဲ႕ ဖြဲ႕စည္းတာေပါ့။က်န္တဲ့လက္နက္ကိုင္အဖြဲ႕အစည္းေတြလည္း ဒီလိုပါပဲတပ္ရွိတယ္၊ပါတီရွိတယ္၊သူတို႔ ထိန္းခ်ဳပ္လို႔ရတဲ့နယ္ေျမရွိရင္ အုပ္ ခ်ဳပ္ေရးအဖြဲ႕အစည္း ဖြဲ႕စည္းၾကတယ္။ ဒီသေဘာပါပဲ တျခားတိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြထက္ ပိုထူးျခား တာေတာ့ မရွိပါဘူး။”
ဒီကိစၥဟာ ႏိုင္ငံေရးစားပြဲဝိုင္းေပၚမွာ ေစ့စပ္ညႇိႏႈိင္းႏိုင္မယ္ဆိုရင္ ေျဖရွင္းႏိုင္မွာျဖစ္သလို မညႇိႏႈိင္းႏိုင္ခဲ့ရင္ ျပႆနာပိုဆိုး႐ြားလာၿပီး ရခိုင္ျပည္နယ္မွာ တိုက္ပြဲေတြပိုမိုျပင္းထန္ လာမယ္လို႔ ဦးေမာင္ေမာင္စိုးက ဆိုပါတယ္။
တိုက္ပြဲအဆက္မျပတ္ျဖစ္ေနတဲ့ ရခိုင္ျပည္နယ္မွာ ေဒသခံအမ်ားအျပားကလည္း AA ကို ေထာက္ခံၾကတယ္လို႔ အကဲခတ္ေတြက ေျပာပါတယ္။ဒီအေျခအေနကို အစိုးရက လည္း သေဘာေပါက္ၿပီးဇန္နဝါရီ ၇ ရက္ေန႔အစိုးရ သတင္းစာရွင္းလင္းပြဲမွာ သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ရခိုင္တိုင္းရင္းသားေတြအေနနဲ႔ AA ကို ေထာက္ခံေန တာေတြ ရပ္တန္းက ရပ္ဖို႔ သတိေပးခဲ့ပါတယ္။
ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ျဖစ္ပြားေနတဲ့ တပ္မေတာ္နဲ႔ ရခိုင့္တပ္ေတာ္ AA တို႔ရဲ႕ တိုက္ပြဲေတြဟာ ရခိုင္ျပည္နယ္ ေတာင္ပိုင္း အမ္းနဲ႔ ေက်ာက္ျဖဴၿမိဳ႕နယ္ေတြအထိ ကူးစက္ လာေနတာပါ။
လက္ရွိအခ်ိန္မွာ တစ္ႏွစ္ေက်ာ္ၾကာျမင့္လာတဲ့ ရခိုင္တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန႔္ခြာ ထြက္ေျပးေနရတဲ့ စစ္ေဘးဒုကၡသည္ ကိုးေသာင္းေက်ာ္အထိ ျမင့္တက္လာၿပီး အရပ္သား ထိခိုက္ေသဆုံးမႈဟာ တစ္ရာေက်ာ္ထိ ရွိလာေနၿပီျဖစ္ပါတယ္။
Unicode
ရခိုင်ပြည်သူ့ အာဏာပိုင်ဖွဲ့စည်းရေး အောင်မြင်နိုင်မလား
ရခိုင့်တပ်တော် AA က လာမယ့် ၂၀၂၀ မှာ ရခိုင်ပြည်သူ့အာဏာပိုင် ဖွဲ့စည်းသွားမှာဖြစ်ပြီး ရခိုင်ပြည်နယ်မှာရှိတဲ့ လုပ်ငန်းတွေအနေနဲ့ ULA/AA ကိုအခွန်ပေး ဆောင်ရမယ်လို့ ပြောကြားထားတာရှိပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက AA ရဲ့ ဆောင်ရွက်ချက်တွေဟာ အရင်က ဗမာပြည်ကွန်မြူနစ်ပါတီက ဆောင်ရွက်ခဲ့တဲ့ပုံစံဖြစ်ပြီး တပ်မတော်အနေနဲ့ နိုင်ငံတော်အစိုးရရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ နယ်မြေဒေသလုံခြုံရေးအတွက် တပ်မတော်ရဲ့ တာဝန်နဲ့အညီ ဆောင်ရွက်သွားမယ်လို့ ပြော ပါတယ်။
“သူတို့ပြောတဲ့ ပြည်သူ့အာဏာပိုင်အဖွဲ့ ဆိုတာလည်း အရင်တုန်းက တွေ့ရသလောက်ကတော့ သိပ်တော့လည်း ထူးထူးဆန်း မဟုတ်ဘူးဆိုသော်လည်း မြန်မာပြည် ကွန်မြူနစ်ပါတီ zawmintun-350.jpgဆောင်ရွက်ခဲ့တဲ့ပုံစံပါပဲ။ သူတို့ရဲ့ အာဏာတည်ဆောက်တဲ့နယ်မြေ ပေါ့၊ အဓိကကတော့ ဒါဘာလုပ်တာတုန်းဆိုတော့ အစိုးရရဲ့ အုပ်ချုပ် မှုယန္တရားကို သူတို့ရဲ့ အုပ်ချုပ်မှုယန္တရားနဲ့ အစားထိုးတာပဲ။ အာဏာ သိမ်းတဲ့သဘောပါပဲ။ ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ကတော့ သောင်းကျန်းမှု နှိပ်နင်းရေး စစ်ဆင်ရေး ဆောင်ရွက်လျှက် ရှိတယ်။ နိုင်ငံတော်ရဲ့ အစိုးရရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ နယ်မြေဒေသလုံခြုံရေးအတွက် ကျွန်တော်တို့က တပ်မတော်ရဲ့ တာဝန်နဲ့အညီ အစွမ်းကုန်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။”
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ရခိုင့်တပ်တော် AA ဟာအတိတ်သမိုင်းမှာ ထင်ရှားခဲ့တဲ့ ရခိုင် ဘုရင့်နိုင်ငံတော် ပြန်လည်ပေါ်ပေါက် လာရေးအတွက် ရခိုင်ပြည်နယ် လွတ်လပ်ရေး ဒါမှ မဟုတ် ရခိုင်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် ဆောင်ရွက်နေတာကြောင့် တပ်မတော်နဲ့ တိုက်ပွဲ ဖြစ်ပွားနေကြောင်း အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ကြားနာပွဲမှာ ထည့်သွင်းပြောဆို ထားပါတယ်။ အဲဒီလို ဆောင်ရွက်ချက်ကြောင့် အရပ်သားပြည်သူတွေ ထိခိုက်ဆုံး ရှုံးမှုတွေ ရှိနေကြောင်းလည်း ပြောဆိုထားပါတယ်။
AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကတော့ ရခိုင်နိုင်ငံတော်ကို ပြည်ထူထောင်လိုစိတ်ရှိတာဟာ တကယ်ရှိခဲ့တာကို မျှော်လင့်တာဖြစ်လို့ တရားနည်းလမ်းကျကြောင်းနဲ့ ရခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့” ကို ဖွဲ့စည်းပြီးတော့ အစိုးရ သဏ္ဍာန် စတင်လိုက်တာဖြစ်တယ်လို့ RFA ကို ဒီဇင်ဘာလ ၁၂ ရက်နေ့က ပြောဆိုထားပါတယ်။
ရခိုင်နိုင်ငံတော်ကို ၁၇၈၄ ခုနှစ်မှာ ဗမာအရှင်ဘုရင် ဘိုးတော်မောင်ဝိုင်းက တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို ပြည်နယ်အစိုးရအဖွဲ့ အမြင်ကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကတော့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဆိုတဲ့ မူဘောင်ထဲမှာဆိုရင် သူတို့ရဲ့အဆိုကို လေ့လာဆွေးနွေးသွားဖို့ အသင့်ရှိပြီး ပြည်ထောင်စု ပြိုကွဲနိုင်တဲ့ အနေအထားဆိုရင်တော့ လက်မခံနိုင်ဘူးလို့ RFA ကို ပြောပါတယ်။
dr-myonyunt-350.jpg“ကျွန်တော်တို့ ရည်ရွယ်ထားတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ဆိုတဲ့ မူဘောင်ထဲမှာ ဆိုရင်တော့ သူတို့ရဲ့ အဆိုပြုချက်တွေကို လေ့လာဆွေးနွေးဖို့ အသင့်ရှိပါတယ်။ဒီဘောင်ထက် ကျော်လွန်တဲ့ တောင်းဆိုမှုမျိုးဆိုရင်တော့ ပြည်ထောင်စုပြိုကွဲနိုင်တဲ့ အနေအထားရှိရင်တော့ ကျွန်တော်တို့ ဒါဟာ လက်ခံလို့မရပါဘူး။”
AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီအာဏာရချိန်ကတည်းက လက်ရှိအချိန်အထိ ဖယ်ဒရယ်ပြည်ထောင်စုကို သွားမယ် ဆိုတဲ့ လုပ်ဆောင်ချက်ဟာ လက်ဆုပ်လက်ကိုင် ပြစရာမရှိသေးသလို တိုင်းရင်းသားတွေ ယုံကြည်လာအောင် လုပ်ဆောင်နိုင်တာမရှိသေးတာကြောင့် ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်ရေးဆိုတာနဲ့ ပတ်သက်ပြီး သံသယရှိတယ်လို့ ပြောပါတယ်။
“သူတို့အာဏာရကတည်းက ၂၀၁၉ ခုနှစ်အကုန်အထိပြန်ပြီးတော့ ခြုံပြီးသုံးသပ်ကြည့်မယ်ဆိုရင်တကယ့် ဖက်ဒရယ်ပြည်ထောင်စုကိုသွားမယ်ဆိုတဲ့ သူတို့ရဲ့လုပ်ဆောင် ချက်ဟာ ဘာမှ ရေရေရာရာ ကိုင်ပြစရာ တစ်ခုမှမရှိသေးဘူး။ ထင်သာမြင်သာ ပြောလို့ရတာကတော့ ကျွန်တော်တို့ ULA/AA ကို အမြစ်ပြတ်ချေမှုန်းဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်က အမိန့်ပေးထားတာရှိတယ်။ ဒီဟာတွေက နိုင်ငံတကာသိ ကြေညာထားတဲ့ ဟာဖြစ်တယ်။ အခုချိန်အထိ တိုင်းရင်းသားတွေ ယုံကြည်လာ အောင်လုပ်ဆောင်တဲ့ လုပ်ဆောင်ချက်မျိုးကို ကျွန်တော်တို့ မတွေ့ရသေးဘူး။ အဲဒါကြောင့်မို့လို ကျွန်တော်တို့က သူတို့ပြောနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးဆိုတာနဲ့ပတ်သက်ပြီး အတော်လေး သံသယရှိတာပေါ့ဗျာ။”
ရခိုင့်တပ်တော် AA အနေနဲ့ တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနည်းတူ တပ်၊ ပါတီနဲ့ သူတို့ ထိန်းချုပ်နိုင်တဲ့ ဒေသတွေရှိရင် အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ ဖွဲ့စည်းဖို့ လုပ်ဆောင်လာတာဖြစ်တယ်လို့ ဗမာပြည်ကွန်မြူနစ်ပါတီဝင်ဟောင်း၊ တိုင်းရင်းသားအရေးနှင့် စစ်ရေးလေ့လာသူ ဦးမောင်မောင်စိုး က ပြောပါတယ်။
“လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုအနေနဲ့ ဒေသတစ်ခုကို ထိန်းချုပ် နိုင်ပြီဆိုလို့ရှိရင် သူ့အုပ်ချုပ်ရေးအဖွဲ့ ထူထောင်တာကတော့ သိပ်မထူးဆန်းပါဘူး။ ပြောမယ်ဆိုရင် AA မှ maungmaungsoe-350.jpgလုပ်တာမဟုတ်ဘူး။ KIA လည်းလုပ်တာပဲလေ။ ဥပမာဆိုရင် KIO ဟာ နိုင်ငံရေးအဖွဲ့ အစည်းဖြစ်သလို KIA က စစ်တပ် ဖြစ်တယ်။ KIC ဟာ အုပ်ချုပ်ရေး အဖွဲ့အစည်းဖြစ်တယ်။ AA ကျတော့ AA တပ်ကို စဖွဲ့တယ်။ နောက် ULA ဆိုပြီးတော့ နိုင်ငံရေးအဖွဲ့အစည်းဖွဲ့တယ်။ အခု သူ့ဒေသတချို့ ထိန်းချုပ်လာနိုင်တဲ့အခါမှာ ဒေသအုပ်ချုပ်ရေး အဖွဲ့ ဖွဲ့စည်းတာပေါ့။ ကျန်တဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း ဒီလိုပါပဲ တပ်ရှိတယ်၊ ပါတီရှိတယ်၊ သူတို့ ထိန်းချုပ်လို့ရတဲ့နယ်မြေ ရှိရင် အုပ်ချုပ်ရေးအဖွဲ့အစည်း ဖွဲ့စည်းကြတယ်။ ဒီသဘောပါပဲ တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထက် ပိုထူးခြား တာတော့ မရှိပါဘူး။”
ဒီကိစ္စဟာ နိုင်ငံရေးစားပွဲဝိုင်းပေါ်မှာ စေ့စပ်ညှိနှိုင်းနိုင်မယ်ဆိုရင် ဖြေရှင်းနိုင်မှာဖြစ်သလို မညှိနှိုင်းနိုင်ခဲ့ရင် ပြဿနာပိုဆိုးရွားလာပြီး ရခိုင်ပြည်နယ်မှာ တိုက်ပွဲ တွေ ပိုမိုပြင်းထန်လာမယ်လို့ ဦးမောင်မောင်စိုးက ဆိုပါတယ်။
တိုက်ပွဲ အဆက်မပြတ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ ဒေသခံအများအပြားကလည်း AA ကို ထောက်ခံကြတယ်လို့ အကဲခတ်တွေက ပြောပါတယ်။ ဒီအခြေအနေကို အစိုးရ ကလည်း သဘောပေါက်ပြီး ဇန်နဝါရီ ၇ ရက်နေ့ အစိုးရ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ရခိုင်တိုင်းရင်းသားတွေအနေနဲ့ AA ကို ထောက်ခံနေတာတွေ ရပ်တန်းက ရပ်ဖို့ သတိပေးခဲ့ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ရဲ့ တိုက်ပွဲတွေဟာ ရခိုင်ပြည်နယ် တောင်ပိုင်း အမ်းနဲ့ ကျောက်ဖြူမြို့နယ်တွေအထိ ကူးစက်လာနေတာပါ။
လက်ရှိအချိန်မှာ တစ်နှစ်ကျော်ကြာမြင့်လာတဲ့ ရခိုင်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ကိုးသောင်းကျော်အထိ မြင့်တက်လာပြီး အရပ်သား ထိခိုက်သေဆုံးမှုဟာ တစ်ရာကျော်ထိ ရှိလာနေပြီဖြစ်ပါတယ်။
====================================
END / 251
၁ ဇန်နဝါရီ ၂၀၂၀ - ၁၈:၄၂
News ID: 998265
ရခိုင့္တပ္ေတာ္ AA ကလာမယ့္ ၂၀၂၀ မွာရခိုင္ျပည္သူ႔အာဏာ ပိုင္ ဖြဲ႕စည္းသြားမွာျဖစ္ၿပီး ရခိုင္ျပည္နယ္မွာရွိတဲ့ လုပ္ငန္းေတြ အေနနဲ႔ ULA/AA ကို အခြန္ေပးေဆာင္ရမယ္လို႔ေျပာၾကားထား တာရွိပါတယ္။