
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ဟာ အဆုပ္အေအးပတ္လို႔ ေဆး႐ုံတင္ထားရပါတယ္။
မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ဟာ ဇန္နဝါရီ ၁ ရက္ေန႔ ညပိုင္းက မႏၲေလးအေထြေထြေရာဂါကု ေဆး႐ုံႀကီးကို တက္ေရာက္ခဲ့တာပါ။။
အခုလို ေဆး႐ုံတင္ထားရတဲ့အတြက္ ဇန္နဝါရီလ ၃ ရက္ေန႔မွာ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ နဲ႔ ဇနီးက လာေရာက္ေတြ႕ဆုံ အားေပးခဲ့ပါတယ္။
ဒီေန႔ အဖ်ားလည္းက်ၿပီး က်န္းက်န္းမာမာရွိတယ္လို႔ ေဒါက္တာေဇာ္ျမင့္ေမာင္ကို ကုသေပးေနတဲ့ ဆရာဝန္ႀကီး ေဒါက္တာေအာင္ဆန္းဦးက ေျပာပါတယ္။
မႏၲေလးတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ဟာ ေသြးကင္ဆာ ျဖစ္ပြားေနတာလို႔အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD)ပါတီရဲ႕ ေျပာေရးဆိုခြင့္ရွိသူကေျပာၾကား ထားၿပီး ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာ ေနာက္ဆုံးပတ္ကတည္းက ထိုင္းႏိုင္ငံမွာ ေဆးကုသမႈ သြားေရာက္ခံယူခဲ့ပါတယ္။
ေဆးကုသမႈခံယူၿပီး သက္သာလာတဲ့အတြက္ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလ ေနာက္ဆုံးပတ္ထဲ ျပန္ေရာက္လာခဲ့တာပါ။
မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ဟာ ေဆးသြင္းဖို႔အတြက္ ထိုင္းႏိုင္ငံ ျပန္လည္သြားရမွာလို႔ သိရပါတယ္။
မႏၲေလးတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္အေနနဲ႔အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (အန္အယ္လ္ဒီ) ပါတီရဲ႕ထိပ္ပိုင္းေခါင္းေဆာင္ရာထူးကိုရယူထားရကာ အစိုး ရတာဝန္ေတြနဲ႔ ပါတီတာဝန္ေတြကို ေဆာင္႐ြက္လုပ္ကိုင္ေနရသူျဖစ္ပါတယ္။
Unicode
ဆေးရုံတင်ထားရသည့် မန္တလေးတိုင်းဝန်ကြီးချုပ်ကို သမ္မတနှင့်ဇနီး တွေ့ဆုံအားပေး
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ အဆုပ်အအေးပတ်လို့ ဆေးရုံတင်ထားရပါတယ်။
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ ဇန်နဝါရီ ၁ ရက်နေ့ ညပိုင်းက မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးကို တက်ရောက်ခဲ့တာပါ။။
အခုလို ဆေးရုံတင်ထားရတဲ့အတွက် ဇန်နဝါရီလ ၃ ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နဲ့ ဇနီးက လာရောက်တွေ့ဆုံ အားပေးခဲ့ပါတယ်။
ဒီနေ့ အဖျားလည်းကျပြီး ကျန်းကျန်းမာမာရှိတယ်လို့ ဒေါက်တာဇော်မြင့်မောင်ကို ကုသပေးနေတဲ့ ဆရာဝန်ကြီး ဒေါက်တာအောင်ဆန်းဦးက ပြောပါတယ်။
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာ ဖြစ်ပွားနေတာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာ နောက်ဆုံးပတ်ကတည်းက ထိုင်းနိုင်ငံမှာ ဆေးကုသမှု သွားရောက်ခံယူခဲ့ပါတယ်။
ဆေးကုသမှုခံယူပြီး သက်သာလာတဲ့အတွက် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်ထဲ ပြန်ရောက်လာခဲ့တာပါ။
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ ဆေးသွင်းဖို့အတွက် ထိုင်းနိုင်ငံ ပြန်လည်သွားရမှာလို့ သိရပါတယ်။
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အနေနဲ့ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်ရာထူးကို ရယူထားရ ကာ အစိုးရတာဝန်တွေနဲ့ ပါတီတာဝန်တွေကို ဆောင်ရွက်လုပ်ကိုင်နေရသူဖြစ်ပါတယ်။
====================================
END / 251