-
အာဒိုဂန်၏ သစ္စာရှိမှုအကြောင်း ထရန့် ပြောဆို ။ ။ video
အဗ်နာ ။ ။ နေတိုးအစည်းအဝေးအတွက် တူရကီသို့ သွားရောက်ခဲ့သော အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က အာဒိုဂန်နှင့် တွေ့ဆုံရာတွင် တူရကီသည် မိမိအတွက် အားလုံးထဲမှ အထူးသဖြင့် သစ္စာရှိဆုံးနိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
-
အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အ.စ) ရောင်ဇာတော်တွင်ကျင်းပ ပြုလုပ်ခဲ့ သည့် အာဇာနည် ခေါင်းဆောင် ကြီး နှင့် ၎င်း ၏ မိသားစုဝင် များ ၏ စျာပန အခမ်းအနား ။
အဗ်နာ ။ ။ အီရတ်နိုင်ငံ၊ နဂျဖ်အရှ်ရဖ်မြို့ရှိ အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အ.စ) ရောင်ဇာတော်တွင် ကျင်းပပြုလုပ်ခဲ့သည့် အာဇာနည်ခေါင်းဆောင်ကြီး နှင့် ၎င်း၏ မိသားစုဝင်များ၏ စျာပန အခမ်းအနားမှ မှတ်တမ်း ဓာတ်ပုံများ ဖြစ်ပါတယ်။
-
အာဇာနည်ခေါင်းဆောင်ကြီး ၏ ဈာပနအတွက် ပြင်ဆင်မှုများ ပြီးစီး ။ ။ Photos
အဗ်နာ ။ ။ အီရန် အစ္စလာမ်မစ် တော်လှန်ရေး၏ ခေါင်းဆောင်ကြီး ရှဟီးဒ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ သမိုင်းဝင် ဈာပနအခမ်းအနားအတွက် အီရတ်နိုင်ငံ နဂျဖ်ဖေအရှ်ရဖ် မြို့တွင် ကျယ်ကျယ်ပြန့်ပြန့် ပြင်ဆင်မှုများကို အပြီးသတ် ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ အဆိုပါ ဈာပနအခမ်းအနားသို့ ဝမ်းနည်းကြေကွဲသူ သန်းပေါင်းများစွာ တက်ရောက်လာမည်ဟု မျှော်မှန်းထားပါတယ်။
-
အာဇာနည်ခေါင်းဆောင်ကြီးကို အီရန်ပြည်သူများ မည်မျှ ချစ်ခင်ကြောင်း ပြသသည့် သက်သေ ။ ။ video
အဗ်နာ။ ။ အာဇာနည်ခေါင်းဆောင်ကြီးကို အီရန်ပြည်သူများ မည်မျှ ချစ်ခင်လေးစားကြောင်း ပြသသည့် သက်သေအဖြစ် ဤဗီဒီယိုကို ကြည့်နိုင်ပါသည်။ အသက်အရွယ် မည်မျှကြီးစွာနေပါစေ၊ လမ်းလျှောက်ရန် မည်မျှ ခက်ခဲနေပါစေ၊ မိမိ၏ ခေါင်းဆောင်၏ နောက်ဆုံး စျာပနအခမ်းအနားကို တက်ရောက်ရန် အလေးအနက်ထား လာရောက်ခဲ့ပါတယ်။
-
အမေရိကန် နှင့် အီရန် တင်းမာမှု ထပ်မံမြင့်တက် ၊ အပြန်အလှန်တိုက်ခိုက်မှုများ ဖြစ်ပွား
အမေရိကန်နှင့် အီရန်အကြား စစ်ရေးတင်းမာမှုများ ထပ်မံမြင့်တက်လာပြီး၊ ဟော်မုဇ်ရေလက်ကြား၌ ဖြစ်ပွား သည့် အငြင်းပွားမှုများနောက်ပိုင်း နှစ်ဖက်စလုံးက အပြန်အလှန် စစ်ရေးတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ လေ့လာသူအချို့ကလည်း အင်အားကြီးနိုင်ငံများ၏ ထိပ်တိုက်ရင်ဆိုင်မှုများ ဆက်လက်ဖြစ်ပွား နေသရွေ့ ဒေသတွင်း စစ်ရေးပဋိပက္ခများ အလွယ်တကူ အဆုံးသတ်နိုင်ဖွယ်မရှိကြောင်း သုံးသပ်ထားပါတယ်။
-
ဒမတ်စကတ်စ်မြို့ရှိ ပြင်သစ်သမ္မတ၏ ရောက်ရှိနေ သည့်နေရာ အနီးတွင် ပေါက်ကွဲမှု ။ ။ video
အဗ်နာ ။ ။ ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကတ်စ်မြို့လယ်ရှိ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် ရောက်ရှိနေ သည့်နေရာ အနီးတွင် တွင် ပြင်းထန်သောပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
-
အီရန်ကို ပြိုကွဲ ရန် ကြိုးပမ်းမှုများ မအောင်မြင်ဘဲ ပိုမို၍ စည်းလုံးစေခဲ့ကြောင်း တိုင်ခ် ဟီကီ ပြောဆို
အိုင်ရစ်ရှ် ရုပ်ရှင်ဖန်တီးသူ(ခ)ဒါရိုက်တာ ၊ စာရေးဆရာ နှင့် လူမှုရေးလှုပ်ရှားသူ တိုင်ခ် ဟီကီက အီရန်တွင် လူသန်းချီ ဖြင့် ပြုလုပ်သော အာဇာနည်ခေါင်းဆောင်ကြီး၏ ဈာပနအခမ်းအနား ၏ ပုံရိပ်တစ်ခုကို မျှဝေပြီး အီရန်ကို ပြိုကွဲရန် ကြိုးပမ်းမှုများသည် နောက်ဆုံးတွင် အီရန်သာမက ကမ္ဘာတစ်ဝန်းရှိ လွတ်လပ်ရေး လိုလားသူများကိုပါ စည်းလုံးစေခဲ့ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
-
အာဇာနည်ခေါင်းဆောင်ကြီး ၏ စျာပန အခမ်းအနား (၁) / ကွမ်း ။ ။ Photos
အဗ်နာ ။ ။ အာဇာနည် ခေါင်းဆောင်ကြီး ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ (ရ.ဟ) ၏ နှင့် ၎င်း၏ မိသားစုဝင်များအား စျာပန အခမ်းအနားကို ဇူလိုင်လ ၇ ရက်နေ့ ၂၀၂၆ ခုနှစ် တွင်ကွမ်းမြို့ တွင် ကျင်းပခဲ့ပါတယ်။ လူသန်းပေါင်းများစွာ ပါဝင် တက်ရောက်ခဲ့ကြပါတယ်။