အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၁၅ အောက်တိုဘာ ၂၀၂၀

၂၀:၂၉:၀၄
1078635

စူရဟ် ဖိုရ်ကန် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် ဖိုရ်ကန် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။


 

စူရဟ် ဖိုရ်ကန် အကြောင်း သိကောင်းစရာအမည် - ဖိုရ်ကန်

အဓိပ္ပာယ် - ဟက် (အမှန်တရား ) နှင့် ဗါသွေ ( အမှား မတရား ) ကို ခွဲခြားပြခြင်း

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၁

နူးရ် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်

နူးရ် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၇ ကြိမ်

အစောင် - ၁၈ နှင့် ၁၉

ရကူအပိုဒ်တော်ပေါင်း - ၆

အာယသ်တော်ပေါင်း - ၇၇

စကားလုံးတော်ပေါင်း - ၈၉၆

အက္ခရာတော်ပေါင်း - ၃၈၇၇

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၈ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့တော်

ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း

ကျရောက်သည့်အမှတ်စဉ် - ၄၂

ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် ယာစင်းန်

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် ဖွာသွေရ်

ဤစူရဟ်၏ အခြားအမည်များ - ၁။ ဖိုရ်ကန် ၂။ သဗာရကလ်လဇီး

အမည့်ထွင်ရသည့်အကြောင်း - ကျမ်းတော်မြတ်ကုရ်အာန် အမည်များ မှ အမည်တစ်ခုမှာ ဖိုရ်ကန် ဖြစ်ပါတယ်။‍ဤစူရဟ် ၏ ပထမ အာယသ် တော်တွင်လာရှိပါတယ်။ ဖိုရ်ကန် ခေါ် ကျမ်းတော်မြတ် ကုရ်အာန် ၏ အဓိပ္ပာယ် မှာ ဟက် (အမှန်တရား ) နှင့် ဗါသွေ ( အမှား မတရား ) ကို ခွဲခြားပြခြင်းဖြစ်ပါတယ်။

 

ထူးခြားသည့်ကြင်အင်လက္ခဏာ - ကျမ်းတော်မြတ်ကုရ်အာန် နူဇူလီ ( တစ်ကြိမ်တည်းကျကြောင်း) ကို တင်ပြထားပါတယ်။

အကျိုးအာနိသင် - အေမာမ် မိုစာယေ ကာစင်မ် (علیه السّلام) မိန့်တော်မူသည်။ “အကြင်မည်သူမဆို ညစဉ်ညတိုင်း စူရဟ်ယေ ဖိုရ်ကန် ကို သေလာဝသ် ပြုမည် ဆိုလျှင် အစဉ်အမြဲ အလ္လာဟ် ဟို အရှင်မြတ် ချမှတ်မည့် အဇါးဗ် အပြစ်ဒဏ် မှ လုံခြုံ မှု ရရှိပေမည်။ ၎င်းအနေဖြင့် (အလ္လာဟ်ထံ ) စာရင်းအင်း ပေးရမည် မဟုတ်ချေ။ ဂျန္နသ် သိုလ်ဖေရ်သူစ် တွင် စံမြန်း ရပေမည်။ ”

(မဂ်ျမအိုလ်ဗရန်းန်ကျမ်း အတွဲ၇ ၊ စာမျက်နှာ ၂၇၈ )

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M

#################################

END / 251