အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၂၈ ဧပြီ ၂၀၂၁

၁၉:၂၉:၀၀
1135920

စူရဟ် အအ်လာ အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် အအ်လာ အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။

စူရဟ် အအ်လာ အကြောင်း သိကောင်းစရာ

အမည် - အအ်လာ

အဓိပ္ပာယ် - علوဆိုသည့် မူရင်းစကားလုံး မှ လာပြီး افضل التفضیل ဖြစ်ပါသည်။ အဓိပ္ပာယ် မှာ မြင့်မြတ် ခြင်း ဖြစ်ပါသည်။

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၁

အအ်လာ ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်

အအ်လာ ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၉ ကြိမ်အစောင် - ၃၀

ရကူအပိုဒ်တော်ပေါင်း - ၁

အာယသ်တော်ပေါင်း - ၁၉

စကားလုံးတော်ပေါင်း - ၇၂

အက္ခရာတော်ပေါင်း - ၂၉၆      

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၁ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့တော်

ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)

ကျရောက်သည့်အမှတ်စဉ် - ၈

ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် သက်ဝီးရ်

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် လိုင်းလ်

ဤစူရဟ်၏ အခြားအမည်များ - ၁။ အအ်လာ ၂။ စစ်ဗေဟေစ်မာ

 

အမည့်ထွင်ရသည့်အကြောင်း - ဤစူရဟ် ၏ ပထမ အာယသ်ပါ စကားလုံး ကြောင့် ဖြစ်ပါသည်။ ။

 

အကျိုးအာနိသင် - တမန်တော်မြတ်ကြီး မိုဟမ္မဒ် (صلّی الله علیه وآله ) မိန့်တော်မူသည်။

“ အကြင်မည်သူ မဆို စူရဟ် အအ်လာ ၏သေလာဝသ် ပြုမည်ဆိုလျှင် အလ္လာဟ် ဟို အရှင်မြတ် သခင်သည် ၎င်း အား ဟဇရသ် မိုဟမ္မဒ် (ဆွ) ၊ ဟဇရသ် မူစာ (အ.စ) ၊ ဟဇရသ် အဗဗရာဟီးမ် (အ.စ) တို့အေပါ် ချပေးသနားတော်မူခဲ့သည့် ကျမ်းဂန်များ ၏ အက္ခရာ စကားလုံး အားလုံးနှင့် အညီ အက္ခရာ တိုင်း အား အကျိုး စဝါးဗ် ၁၀ ဆ ပြုလုပ်၍ ပေးသနား တော်မူမည်။ ”

 

(မဂ်ျမအိုလ်ဗရမ်းန် ကျမ်း ၊ အတွဲ ၁၀ ၊ စာမျက်နှာ ၃၂၆ )

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M

*****************************************************************

END / 251