အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၂၂ မေ ၂၀၂၁

၁၉:၂၉:၄၅
1143386

စူရဟ် အဆွရ် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် အဆွရ် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။

စူရဟ် အဆွရ် အကြောင်း သိကောင်းစရာ

အမည် - အဆွရ်

အဓိပ္ပာယ် - ခေတ်ကာလ

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၁

အဆွရ် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်

အဆွရ် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၂ ကြိမ်

အစောင် - ၃၀

ရကူအပိုဒ်တော်ပေါင်း - ၁အာယသ်တော်ပေါင်း - ၃

စကားလုံးတော်ပေါင်း - ၁၄

အက္ခရာတော်ပေါင်း - ၇၃

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၀ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့တော်

ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)

ကျရောက်သည့်အမှတ်စဉ် - ၁၃

ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် အလန်မ်နရှ်ရာဟ်

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် အာဒီယာသ်

အမည့်ထွင်ရသည့်အကြောင်း - အလ်အဆွရ် ဆိုသည့် စကားလုံး နှင့် စထားသည့် အတွက် ကြောင့် ဖြစ်ပါသည်။

 

အကျိုးအာနိသင် - အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (علیه السّلام) မိန့်တော်မူသည်။

“ အကြင်မည်သူ မဆို စူရဟ် အဆွရ် ကို မွတ်စဟဗ် နမာဇ် တွင်ဖတ်ရွတ်မည်ဆိုလျှင် အလ္လာဟ် ဟို အရှင်မြတ် သည် ၎င်း အား ကေယာမသ် နေ့ တွင် လင်းဝင်းတောက်ပ သည့် မျက်နှာ ၊ပြုံးပျော် နေသည့် မျက်နှာ နှင့် ပြန်လည် ရှင်သန်ထမြောက်စေမည်။ ပြီးနောက် ဂျန္နသ် တွင် ဝင်ရောက် ရမည် ။ ”

 

(မဂ်ျမအိုလ် ဗရမ်းန် ကျမ်း ၊ အတွဲ ၁၀ ၊ စာမျက်နှာ ၄၃၄ )

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူ / A.F.H.M

*****************************************************************

END / 251