အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၂၆ မေ ၂၀၂၁

၁၉:၂၉:၁၁
1144606

စူရဟ် အာဒီယာသ် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် အာဒီယာသ် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။

စူရဟ် အာဒီယာသ် အကြောင်း သိကောင်းစရာ

အမည် - အာဒီယာသ

အဓိပ္ပာယ် - ပြေးလွှားနေသည့် မြင်းများ

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၁

အာဒီယာသ် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်

အာဒီယာသ် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၁ ကြိမ်

အစောင် - ၃၀

ရကူအပိုဒ်တော်ပေါင်း - ၁

အာယသ်တော်ပေါင်း - ၁၁

စကားလုံးတော်ပေါင်း - ၄၀

အက္ခရာတော်ပေါင်း - ၁၆၉

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၀ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့တော် ၊ အချို့အိုလမာ ၏အမြင် တွင် မဒီနာ ရွှေမြို့တော်

ကျရောက်သည့် အနေအထား - ဒဖ်အီ (တစ်ချိန်တည်း)

ကျရောက်သည့်အမှတ်စဉ် - ၁၄

ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် အဆွရ်

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် ကောင်စဲရ်

အမည့်ထွင်ရသည့်အကြောင်း - အာဒီယာသ် ဆိုသည့် စကားလုံး နှင့် အစပြုထားသည့် အတွက်ကြောင့် ဖြစ်ပါသည်။

 

အကျိုးအာနိသင် - အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (علیه السّلام) မိန့်တော်မူသည်။

“ စူရဟ် အာဒီယာသ် ကို အစဉ်အမြဲ သေလာဝသ် ပြု သူသည် ကေယာမသ်နေ့ တွင် ဟဇရသ် အေမာမ် အလီ (အ.စ) ၏ အထူးသာဝကတော်များတွင် ပါဝင်ခြင်း ခံရပေမည်။ မောင်လာအလီ (အ.စ) နှင့် အတူ မောင်လာအလီ (အ.စ) ၏ သာဝကများ နှင့်အတူနေထိုင်ရပေမည်။ ”

 

(မဂ်ျမအိုလ် ဗရမ်းန် ကျမ်း ၊ အတွဲ ၁၀ ၊ စာမျက်နှာ ၄၂၁ )

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူ /A.F.H.M

*****************************************************************

END / 251