စူရဟ် ဟိုမဇဟ် အကြောင်း သိကောင်းစရာ
အမည် - ဟိုမဇဟ်
အဓိပ္ပာယ် - အပြစ် အနာအဆာ ရှာသူ
ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၁
ဟိုမဇဟ် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်
ဟိုမဇဟ် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၁ ကြိမ်
အစောင် - ၃၀
ရကူအပိုဒ်တော်ပေါင်း - ၁အာယသ်တော်ပေါင်း - ၉
စကားလုံးတော်ပေါင်း - ၃၃
အက္ခရာတော်ပေါင်း - ၁၃၄
ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၁ ကြိမ်
ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့တော်
ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)
ကျရောက်သည့်အမှတ်စဉ် - ၃၂
ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် ကေယာမသ်
ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် မိုရ်စေလာသ်
ဤစူရဟ်၏ အခြားအမည်များ - ၁။ ဟိုမဇဟ် ၂။ လိုမဇဟ်
အမည့်ထွင်ရသည့်အကြောင်း - ဟိုမဇဟ် ဆိုသည့် စကားလုံး နှင့် စထားသည့် အတွက် ကြောင့် ဖြစ်ပါသည်။
အကျိုးအာနိသင် - အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (علیه السّلام) မိန့်တော်မူသည်။
“ ဝါဂျစ်ဗ် နမာဇ် တွင် စူရဟ် ဟိုမဇဟ် ဖတ်ရွတ်သူသည် ဆင်းရဲခြင်း ငတ်မွတ်ခြင်းမှ ကင်းဝေပေမည်။ အလ္လာဟ် ဟို အရှင်မြတ် သခင် ၎င်းအား စားနပ်ရိက္ခာ ပေးသနားတော်မူမည်။ အသေဆိုး မှ လွတ်မြောက် မည် ဖြစ်ပါသည်။ ”
(မဂ်ျမအိုလ် ဗရမ်းန် ကျမ်း ၊ အတွဲ ၁၀ ၊ စာမျက်နှာ ၄၃၇ )
ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူ /A.F.H.M
*****************************************************************
END / 251