အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၁၀ ဇွန် ၂၀၂၁

၁၈:၁၈:၄၇
1149370

စူရဟ် ကောင်စဲရ် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) (( အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် ကောင်စဲရ် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။

ကောင်စဲရ် အကြောင်း သိကောင်းစရာ

အမည် - ကောင်စဲရ်

အဓိပ္ပာယ် - ကောင်စဲရ် ရေကန် ၊ သခင်မကြီး ဟဇသ် ဖွာတွေမာ ဇဲဟ်ရာ (စ.အ)    

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၁

ကောင်စဲရ် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်

ကောင်စဲရ် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၁ ကြိမ်

အစောင် - ၃၀

ရကူအပိုဒ်တော်ပေါင်း - ၁

အာယသ်တော်ပေါင်း - ၃

စကားလုံးတော်ပေါင်း -၁၀

အက္ခရာတော်ပေါင်း - ၄၃

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၀ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့တော်

ကျရောက်သည့် အနေအထား - ဒဖ်အီ (တစ်ချိန်တည်း )

ကျရောက်သည့်အမှတ်စဉ် - ၁၅

ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် အာဒီယာသ်

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် သကာစိုရ်

 

ဤစူရဟ်၏ အခြားအမည်များ - ၁။ ကောင်စဲရ် ၂။ အင်န်နာ အအ်သွဲနာ

 

အမည့်ထွင်ရသည့်အကြောင်း - ဤစူရဟ် ၏ ပထမအာယသ် တော် သည် ကောင်စဲရ် ဆိုသည့် စကားလုံး နှင့် စခဲ့သည့် အတွက် ဖြစ်ပါတယ်။

 

အကျိုးအာနိသင် - အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (علیه السّلام) မိန့်တော်မူသည်။

 

“ ဝါဂျစ်ဗ် နှင့် မွတ်စ်သဟဗ် နမာဇ် တွင် စူရဟ် ကောင်စဲရ် ကို သေလာဝသ် ပြုမည်ဆိုလျှင် အလ္လာဟ် ဟို အရှင်မြတ် သည် ၎င်း အား ကောင်စဲရ် ရေ အဝ တိုက်ကျွေးတော် မူမည်။   ”

 

(မဂ်ျမအိုလ် ဗရမ်းန် ကျမ်း ၊ အတွဲ ၁၀ ၊ စာမျက်နှာ ၄၅၈ )

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူ /A.F.H.M

*****************************************************************

END / 251