အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၁၀ ဇွန် ၂၀၂၁

၁၈:၂၀:၅၉
1149373

စူရဟ် နစွရ် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် နစွရ်အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။

စူရဟ်စွရ် အကြောင်း သိကောင်းစရာ

အမည် - နစွရ်

အဓိပ္ပာယ် - အကူအညီအဖေးအမ

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၁

စွရ် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်

စွရ် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၁၁ ကြိမ်

အစောင် - ၃၀

ရကူအပိုဒ်တော်ပေါင်း - ၁

အာယသ်တော်ပေါင်း - ၃

စကားလုံးတော်ပေါင်း - ၁၉

အက္ခရာတော်ပေါင်း - ၈၀

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၂ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မဒီနာ ရွှေမြို့တော်

ကျရောက်သည့် အနေအထား - ဒဖ်အီ (တစ်ချိန်တည်း )

ကျရောက်သည့်အမှတ်စဉ် - ၁၁၄

ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် သောင်ဗာ

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - မည်သည့် စူရဟ် မှ မရှိပါ။

 

ဤစူရဟ်၏ အခြားအမည်များ - ၁။ နစွရ်  ၂။ အေဇာဂျာအ ၃။ သိုဒီးအ်

 

အမည့်ထွင်ရသည့်အကြောင်း - ဤစူရဟ် ၏ ပထမအာယသ် တော် နစွရ် စကားလုံး ပါသည့် အတွက် ဖြစ်ပါတယ်။

 

ထူးခြားသည့်ကြင်အင်လက္ခဏာ - အလ္လာဟ် ဟို အရှင်မြတ် ကျပေးတော်မှုသည့် အမှတ် စဉ် အရ နောက်ဆုံး ဖြစ်ပါသည်။

 

 

အကျိုးအာနိသင် - အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (علیه السّلام) မိန့်တော်မူသည်။

 

“ အကြင်မည်သူ မဆို ဝါဂျစ်ဗ် နမာဇ် သို့မဟုတ် မွတ်စ်သဟဗ် နမာဇ် တွင် စူရဟ် နစွရ် သေလာဝသ် ပြုမည် ဆိုလျှင် ၎င်း သေလာဝသ် ပြုသူသည် မိမိ၏ ရန်သူများ ကို အောင်နိုင်မည်။”

 

(မဂ်ျမအိုလ် ဗရမ်းန် ကျမ်း ၊ အတွဲ ၁၀ ၊ စာမျက်နှာ ၄၆၆ )

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူ /A.F.H.M

*****************************************************************

END / 251