အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၁၀ ဇွန် ၂၀၂၁

၁၉:၂၁:၂၁
1149390

စူရဟ် အစ်ခ်လာဆ် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် အစ်ခ်လာဆ် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။

စူရဟ် အစ်ခ်လာဆ် အကြောင်း သိကောင်းစရာ

အမည် -အစ်ခ်လာဆ်

အဓိပ္ပာယ် - အလ္လာဟ် ဟို အရှင်မြတ် နှစ်မြို့ မှု တစ်ခုတည်း အတွက် ပြုလုပ်ခြင်း

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၁

အစောင် - ၃၀

ရကူအပိုဒ်တော်ပေါင်း - ၁

အာယသ်တော်ပေါင်း - ၎

စကားလုံးတော်ပေါင်း - ၁၅

အက္ခရာတော်ပေါင်း - ၄၇

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၂ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့တော်

ကျရောက်သည့် အနေအထား - ဒဖ်အီ (တစ်ချိန်တည်း )

ကျရောက်သည့်အမှတ်စဉ် - ၂၂

ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် နာစ်

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - နဂ်ျမ်

ဤစူရဟ်၏ အခြားအမည်များ - ၁။ အစ်ခ်လာဆ် ၂။ သောင်ဟီးဒ်    ၃။ အစာစ် ၄။ သဂ်ျရီးဒ် ၅။ သဖ်ရီးဒ် ၆။ မအ်ရေဖသ် ၇ ။ ဆွမဒ် ၈။ နဂျာသ် ၉။ နစ်စဗသ် သေရ်ရဗ်                                                                                                                             

အမည့်ထွင်ရသည့်အကြောင်း - အစ်ခ်လာဆ် ဆိုသည် အဓိပ္ပာယ် မှ လမ်းလွဲ လမ်းမှား လမ်းချော မှန်သမျှ နှင့် ကင်း ဝေး ခြင်းဖြစ်ပါသည်။ ဤ အတွက်ကြောင့် စူရဟ် အစ်ခ်လာဆ် ဟု ခေါ် ပါ သည်။

 

ထူးခြားသည့်ကြင်အင်လက္ခဏာ - စူရဟ် အစ်ခ်လာဆ် ကို သေလာဝသ် ပြု သူသည် ကျမ်းတော် မြတ် ကုရ်အာန် ၏ သုံးပုံ တစ်ပုံ အား သေလာဝသ် ပြုခြင်း ၏ စဝါးဗ် ကို ရရှိပါမည်။                                          

                                                                                        

အကျိုးအာနိသင် - တမန်တော်မြတ်ကြီး မိုဟမ္မဒ် (صلّی الله علیه وآله ) မိန့်တော်မူသည်။

“ အကြင်မည်သူ မဆို စူရဟ် အစ်ခ်လာဆ် ၏ သေလာဝသ် ပြုမည်ဆို လျှင် ၎င်း အား အလ္လာဟ် ဟို အရှင်မြတ် သည် အလ္လာဟ် ၊ ကောင်းကင်တမန်များ ၊ ကျမ်းဂန်များ ၊ တမန်တော် များ (အ.စ) နှင့် ကေယာမသ် အပေါ် သက်ဝင်ယုံကြည်သူများ ၏ အရေ အတွက် ထက် ၁၀ ဆ စဝါးဗ် ပေး သနား တော် မူမည်။ ”

 

(မဂ်ျမအိုလ် ဗရမ်းန် ကျမ်း ၊ အတွဲ ၁၀ ၊ စာမျက်နှာ ၄၇၉)

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူ /A.F.H.M

*****************************************************************

END / 251