အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၁၀ ဇွန် ၂၀၂၁

၁၉:၂၄:၂၇
1149395

စူရဟ် နာစ် အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် နာစ် အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။

စူရဟ် နာစ် အကြောင်း သိကောင်းစရာ

အမည် - နာစ်

အဓိပ္ပာယ် - မနုဿ လူသား

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၁

နာစ် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၅ ကြိမ်

နာစ်   ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၂၄၁ ကြိမ်

အစောင် - ၃၀

ရကူအပိုဒ်တော်ပေါင်း - ၁

အာယသ်တော်ပေါင်း - ၆

စကားလုံးတော်ပေါင်း -၂၀

အက္ခရာတော်ပေါင်း - ၈၀

ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၀ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့တော်

ကျရောက်သည့် အနေအထား - ဒဖ်အီ (တစ်ချိန်တည်း )

ကျရောက်သည့်အမှတ်စဉ် - ၂၁

ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ်ဖလက်

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် အစ်ခ်လာဆ်

 

ဤစူရဟ်၏ အခြားအမည်များ - ၁။ နာစ်  ၂။ မအူဇဟ် ၃။ မိုကရှ်ကရှဟ်

 

အမည့်ထွင်ရသည့်အကြောင်း - ဤစူရဟ် တို လေး အတွင်း နာစ် စကားလုံး ၅ ကြိမ် ပါသည့် အတွက် ဖြစ်ပါတယ်။

 

ထူးခြားသည့်ကြင်အင်လက္ခဏာ - ကျမ်းတော်မြတ် ကုရ်အာန် ၏ နောက်ဆုံး စူရဟ် ဖြစ်ပါသည်။

 

အကျိုးအာနိသင် -

“ မဟာတမန်တော်မြတ် ကြီး မိုဟမ္မဒ် (ဆွ) မကျန်းမမာ ဖြစ်သည့် အခါ ဂျီဗရာအီးလ် (အ.စ) သည် ကိုယ်တော်မြတ် (ဆွ) ၏ ခေါင်းရင်းနား လာ၍ ၎င်း မီကာအီးလ်သည် ခြေရင်းဘက်သို့လာ၍ ၎င်း မတ်တပ် ရပ်လေ၏။ ဂျီဗရာအီးလ် (အ.စ) သည် စူရဟ် ဖလက် ၊ မီကာအီးလ် (အ.စ) သည် စူရဟ် နာစ် အား သေလာဝသ် ပြု၍ တမန်တော်မြတ် (ဆွ) အား အလ္လာဟ် ၏ အခိုအလုံ တွင် အပ်တော်မူလေ၏။ ”

(မဂ်ျမအိုလ် ဗရမ်းန် ကျမ်း ၊ အတွဲ ၁၀ ၊ စာမျက်နှာ ၄၉၅ )

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူ / A.F.H.M

*****************************************************************

END / 251