အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၁၁ ဇူလိုင် ၂၀၂၁

၁၉:၂၉:၄၅
1159280

သက္က်ဝါ အကြောင်း တစေ့ တစောင်း

သက္က်ဝါ နှင့်ပတ်သက်ပြီး အနှစ်ချုပ်ကို ဖော်ပြလိုက်ပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန် နှင့် မိုဟမ္မဒ်(ဆွ) အာလေ့မိုဟမ္မဒ် (အ.စ) တို့ မှ မည်ကဲ့သို့ မီးမောင်းထိုးပြ နေသည် ကို ဖော်ပြထားပါတယ်။


လွတ်မြောက် ခြင်းလမ်းစဉ် အား သက္က်ဝါး ဟုခေါ်ဆိုပါ သည်။ပျော်ရွှင်ကြည်နူး မှုကို ရရှိမည့် တစ်ခုတည်း သော လမ်းစဉ် ၊ပျက်စီးခြင်း ဘေးဒဏ် မှ လွတ်မြောက်မည့် တစ်ခု တည်းသော လမ်းစဉ် သည် သက္က်ဝါး နှင့် ရှောင်ကြဉ်ခြင်း ဖြစ်ပါသည်။

 

မည်သို့ပင်ဆိုစေ ဤအဓိပ္ပာယ် ဖွင့်ဆိုမှုသည် အီမာန် ရှင်များ ၏ အတွက် ရှင်းလင်းပြတ်သား ပါသည်။ သို့သော် လည်း သတိပေး တင်ပြသည် အနေဖြင့် ကျမ်းတော်မြတ် ကုရ်အာန် နှင့် အဟ်ြလေ့ဘိုက် (သ) (အ.စ) ၏ ဟဒီးစ်တော် တွင် ဖော်ပြ လာရှိသည့် အချို့ အကျိုး အာနိ သင်များ နှင့် ကြီးမားသည့် ဂုဏ်သတ္တိများ ကို အတိုချုပ် ဖော်ပြပါမည်။

 

ကျမ်းတော်မြတ်ကုရ်အာန် မှ ဖော်ပြသည့် သက္က်ဝါ

 

၁။ သက္က်ဝါ ဆိုသည်မှာ ကောင်းကင်ကျ ကျမ်းဂန်များ အားလုံးတွင် အလ္လာဟ်ဟို အရှင်မြတ် သခင်မှ မနုဿလူသားများ ကို မှာကြားထားခြင်းကို ခေါ်ဆိုပါသည်။ ဤ အတွက် ကြောင့် ဤကဲ့သို့ မိန့်ကြား ထားပါသည်။ အကြင် မည်သူ မဆို အသင်တို့ ထက်အလျင် ကျမ်းဂန်များ ရရှိပြီးသူများ နှင့် အသင်တို့ အား ကျွန်ုပ်(အလ္လာဟ်) မှာတမ်း မှာကြားပါမည်။ (မိမိအား) မွေးမြူဖန်ဆင်းသည့် အရှင် အား သွေဖည်ခြင်း ပုန်ကန်ခြင်းမှ ရှောင်ကြဉ် ကြပါ လေ။ [1]

 

၂။ သက္က်ဝါဆိုသည်မှာ အလ္လာဟ်ဟို အရှင်မြတ် သခင်အား ချီးမွမ်းထောပန ခြင်း ကိုခေါ်ဆိုပါသည်။ ဤ အတွက်ကြောင့် ဤကဲ့သို့ မိန့်ကြား ထားပါသည်။ အကယ်၍ အသင်တို့သည် ခန္တီတရား ထားကြပါလေ။ ရှောင်ကြဉ် ကြပါ လေ။ ဤလုပ်ရပ်သည် သာသနာ၏ တည်ရှိမှု ဖြစ်၏ အမှန် စင်စစ် အီမာန်(ယုံကြည်မှု) စစ် ၏ လက္ခာ ဖြစ်ပါသည်။ [2]

 

၃။ သက္က်ဝါဆိုသည်မှာ ရှိုန်တွာန်(မာရ်နတ်) ၏ အထိန်း အကွပ်များ မှ လုံခြုံမှု စောင့်ရှောက်မှု ကို ဖြစ်စေ သည် အရာဖြစ်ပါသည်။ ဤ အတွက်ကြောင့် ဤကဲ့သို့ မိန့်ကြား ထားပါသည်။ အကယ်၍ အသင်တို့သည် ခန္တီ တရား ထားရှိမည်။ ပြီးနောက် ရှောင် ကြဉ်သူများ ဖြစ်မည်ဆိုလျှင် ထို (ရှိုန်တွာန်(မာရ်နတ်)) သည် အသင်တို့အား ဆုံးရှုံး အောင် ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ချေ။ [3]

၎ ။ သက္က်ဝါ သည် ရှိသမျှကိစ္စရပ် အားလုပ် အတွက် အလ္လာဟ် ဟို အရှင်မြတ် ၏ အကူအညီ အဖေးအမ နှင့် ထောက်ခံ မှု အတွက် အကြောင်းခံ ဖြစ်စေပါသည်။ ဤ အတွက် ကြောင့် ဤကဲ့သို့ မိန့်ကြား ထားပါသည်။ အမှန်စင်စစ် အလ္လာဟ် ဟို အရှင်မြတ်သည် ရှောင်ကြဉ်သူများ နှင့် အတူ တကွ ရှိတော်မူ၏။[4]

 

၅။ သက္က်ဝါ သည် လွတ်မြောက် မှု နှင့် လူသား အနေဖြင့် မိမိကိုယ်တိုင် မထင်မှတ်သည်နေရာ၊လမ်းကြောင်း မှ ဟလာ (သမာအဇီဝကျ) သည့် စားနပ်ရိက္ခာ ရရှိမှု အတွက် အကြောင်းခံ ဖြစ်ပါသည်။ ဤ အတွက် ကြောင့် ဤကဲ့သို့ မိန့်ကြား ထားပါသည်။ အကြင်မည်သူမဆို အလ္လာဟ် ဟို အရှင်မြတ် အား ကြောက်ရွံ့ ရိုသေမည် ၊ အပြစ် မကျူးလွန်မည် ဆိုလျှင် အလ္လာဟ်ဟို အ၇ှင်မြတ် သခင်သည် ၎င်း အပြင်ထွက်နိုင်ရန် လမ်း ဖောက်ပေးတော် မူမည်။ ဆိုလို သည်မှာ လောကီ ၊ လောကုတ္တရာ ၏ သောက၊ ဒုက္ခများ မှ ၎င်း အား လွတ်မြောက်စေမည်။ ၎င်း အား မထင်မှတ် သည့် နေရာ မှ စားနပ်ရိက္ခာ ကို ပေးသနား တော်မူ မည်။[5]

 

၆ ။ သက္က်ဝါကြောင့် အလ္လာဟ် ဟို အရှင်မြတ် သခင် သည် မနုဿလူသား ပြုလုပ်သည့် လုပ်ရပ်၏ အပြစ်အနာ အဆာ ကို သန့်စင် ပေးတော်မူ၏။ ဤ အတွက် ကြောင့် ဤ ကဲ့သို့ မိန့်ကြား ထားပါသည်။ အိုအီမာန် သက်ဝင် ယုံကြည်သူ အပေါင်းတို့ အပြစ် ကျူးလွန်ခြင်း နှင့် ပတ်သက်ပြီး အလ္လာဟ်ဟို အရှင်မြတ် အား ကြောက်ရွံ့ ရိုသေပါလေ။ မှန်ကန် သည့် စကား ခိုင်မာ ခိုင်လုံ သည့်စကားကို သာ ဆိုကြပါ လေ။ ထိုမှသာ အလ္လာဟ်ဟို အရှင်မြတ်သည် အသင်တို့ ၏ လုပ်ရပ် များကို ပြုပြင်ပြောင်း လည်ပေး သနား တော် မူမည်။ အသင်တို့ ၏ အပြစ်များကို ခွင့်လွတ် ပလပ် တော်မူ မည်၊ပြီးနောက် အသင်တို့ ကောင်းမွန် ၊ ကောင်းမြတ် သည့် လုပ်ရပ်များကို လက်ခံတော်မူမည်။[6]

၇ ။ သက္က်ဝါအပြစ်များကို ခွင့်လွတ်ပလပ်စေသည့် အကြောင်းခံဖြစ်ပါသည်။ မိန့်ကြားတော် မူသည်မှာ - အသင် တို့ ၏ အပြစ်များ ကို ခွင့်လွတ်ပလပ်တော်မူမည်။[7]

 

၈ ။ သက္က်ဝါအလ္လာဟ်ဟို အရှင်မြတ်၏ ချစ်မြတ်နိုးမှု ကို ဖြစ်စေပါသည်။ ဤ အတွက် ကြောင့် ဤ ကဲ့သို့ မိန့်ကြား ထားပါသည်။ အလ္လာဟ်ဟို အရှင်မြတ်သည် ရှောင်ကြဉ် သူ များ (သက္က်ဝါးရှိသူများ) ကို နှစ်သက်မြတ်နိုးတော်မူသည်။[8]

 

၉။ သက္က်ဝါသည် လုပ်ရပ်များကို လက်ခံစေသည့် အကြောင်းခံဖြစ် ပါသည်။ မိန့်တော်မူသည်မှာ - ရှောင်ကြဉ်သူ များ (သက္က်ဝါးရှိသူများ ) ၏ လုပ်ဆောင်ချက် ကိုသာလျှင် လက်ခံ တော်မူမည်။[9]

 

၁၀ ။ သက္က်ဝါသည် စကြာဝဠာ ကို ဖန်ဆင်း ပြုထောင်တော်မူ သည့် အရှင်(အလ္လာဟ်ဟို အရှင်မြတ်) ၏ အနီး တွင် အလွန် တရာ မြင့်မြတ် ပြီး ဂုဏ်သိက္ခာ ရှိပြီး ချင်ခင်ရသည့် အကြောင်းခံ ဖြစ်ပါသည်။ မိန့်တော်မူသည်မှာ - အမြတ်မြတ်ဆုံး ဂုဏ်သိက္ခာ အရှိဆုံးသောသူသည် အလ္လာဟ် ဟို အရှင်မြတ်၏ အနီးတွင် အရှောင်ကြည်ဉ် တကာ အရှောင်ကြဉ်ဆုံးသူ (သီလ၊သမာဓိ အရှိဆုံးသူ ) ဖြစ်ပါသည်။ [10]

 

၁၁ ။ သက္က်ဝါသည် မအ်ရေဖသ် (အတွင်းကျကျ သိရှိ နားလည်မှု ) နှင့် အေလ်မ် (ပညာ) တို့ အလင်းရောင်ကို ပိုမို ၍ တိုးပွားစေသည့် အကြောင်းခံ ဖြစ်ပါသည်။ မိန့်ကြား တော်မူသည်မှာ - အို အီမာန် သက်ဝင်ယုံကြည်သူ အပေါင်း တို့ အကယ်၍ အသင်တို့ ရှောင်ကြဉ်ခြင်း ကို မိမိတို့၏ (လက်တွေ့ ကျင့်သုံးသည့်) ညာသံ အဖြစ် ပြုလုပ်မည် ဆိုလျှင် အလ္လာဟ် ဟိုအရှင်မြတ် သည် အသင်တို့အား အမှား နှင့်အမှန်ကိုခွဲခြား နိုင်သည့် အလင်းရောင် ကို ပေးသနား တော်မူမည်။ အလ္လာဟ်ဟိုအရှင်မြတ်သည် အသင်တို့ အား ကူညီ ဖေးမတော်မူမည်။ သိရှိမှတ်သားထားပါလေ။ ကူညီ ဖေးမမှုသည် အကြင်သူတစ်ဦး တစ်ယောက်မှ အမှား မှ ခွဲထွက်လာပြီး အမှန်တရား အပေါ် ရှိသူ အတွက်ဖြစ် ပါ သည်။ [11]

 

၁၂ ။ သက္က်ဝါသည် ကောင်းကင်တမန်များ ဘက် မှ သတင်းကောင်း ပေးခြင်း ကို ဖြစ်စေ သည့် အကြောင်းခံ ဖြစ် ပါသည်။ ဤအတွက် ကြောင့် ၊ ဤကဲ့သို့ မိန့်တော် မူပါသည်။ အကြင်မည်သူမဆို အီမာန် သက်ဝင်ယုံကြည်မည် ၊ သက္က်ဝါး ရှိမည်ဆိုလျှင် ၎င်း တို့ အတွက် ဤ လူလောက (လောကီ ဘဝ ) တစ်နည်း အား ဖြင့် သေဆုံးချိန် နှင့် လောကုတ္တရာ (အာခေရသ် ) အတွက် သတင်း ကောင်း ရှိ ပါ သည်။ [12]

 

၁၃။ သက္က်ဝါ သည် အပြစ်ဒစ် များ ကို ပြီးဆုံးစေ သည့် အကြောင်းခံ ဖြစ်ပါသည်။ မိန့်တော်မူသည်မှာ - ကျွန်ုပ် (အလ္လာဟ်ဟို အရှင်မြတ် ) သည် အကြင်မည်သူမဆို အား လွတ်မြောက် စေတော်မူမည် ၎င်းတို့သည် ရှေင်ကြဉ်သူများ (သီလ၊သမာဓိရှိသူများ ) ဖြစ်ချေသည်။ [13]

 

             

          ယေဘူယျအားဖြင့် ကျမ်းတော်မြတ် ကုရ်အာန် တွင် သက္က်ဝါ နှင့်ပတ်သက်ပြီးတင်ပြမှု အမိန့် နှင့် အကျိုး အမြတ် များ အကြောင်း မြောက်အများလာရှိပါသည်။ဤအတိုင်း အတာ လောက်ဖော်ပြလျှင် လုံလောက်ပါပြီး ။

 

အဲဟ်လေ့ဘိုက်(အ.စ) ၏ ရီဝါယသ်တော်များ လာ သက္က်ဝါ

 

        တမန်တော်မြတ်မိုဟမ္မဒ် (ဆွ) နှင့် အဲဟ်လေ့ဘိုက် (အ.စ) တို့ ၏ ဟဒီးစ်တော် များ တွင် ဤ သက္က်ဝါ နှင့်ပတ် သက် ပြီး အများ အပြားလာရှိပါသည်။ အနည်းဆုံး အနေဖြင့် သက္က်ဝါး နှင့် မွတ်သကီ အကြောင်း မတင်ပြ တာမျိုး မဖြစ် အောင် ဟဇရသ် အမီးရွလ် မိုအ်မေနီ အေမာမ် အလီ (အ.စ) ၏ ခွသ်ဗာ တစ်ခု မှ ဝါကျ တစ်ကြောင်းလောက်အား စဝါးဗ် ရရန်အလိုဌာ ဘာသာပြန် တင်ပြပါမည်။

 

         (( မုချဧကန် သက္က်ဝါးအေလာဟီ သည် သာသနာ နှင့် (အလ္လာဟ် ၏) ကျေးကျွန် ၏ ကြံကြံခံ မှု အတွက် သော့ချက် ဖြစ်ပါသည်။ ထင်ရှား ပြတ်သားသည် လမ်း နှင့် ကေယာမသ် အတွက် ရိက္ခာ သိုလှောင်ထားခြင်း ဖြစ်၏။ ရင့်သန်ပြီး မကောင်း သည့် ကိုယ်ကျင့်တရား မှန်သမျှ မှ လွတ်မြောက် ရန်ဖြစ်ပါသည်။ ပျက်စီးမှု နှင့် လမ်းလွဲ လမ်း မှား မှု မှန်သမျှ မှ ကယ်တင် ရန် ဖြစ်ပါသည်။ သက္က်ဝါးကို အခြေခံပြီး မိမိလိုအင် ဆန္ဒ ကို တောင်းခံလျှင် ပြည့်ဝမည် ဖြစ်ပါ မည်။ အပြစ်ဂိုနာ မှရှောင်ကြဉ် လျှင် လွတ်မြောက်မည်။ ချီးမြှင့်ပေးသနား မှု အမြောက် အများ ရရှိမည် ဖြစ်ပါသည်။ [14]

 

ကျွန်ုပ် အချစ်ထားသူများသည် သီလ၊သမာဓိ ရှိသူများ ဖြစ်ကြပါသည်

 

         မဟာ တမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) မှ မိမိ ၏ ဆွေတော် မျိုးတော်များ ကို မိန့် ကြားတော်မူ သည့် ဟဒီးစ် တော် တင်ပြချက် ရီဝါယသ်တွင် လာရှိပါသည်။ (( မိုဟမ္မဒ် (ဆွ) သည် ကျွန်ုပ် တို့ မှ ဖြစ်ပါသည်ဟု၍ အသင်တို့ မပြော ကြ ပါနှင့် ။အလ္လာဟ်ဟို အရှင်မြတ် အား ကျိန်ဆို၍ ပြောဆိုပါမည် ။ ကျွန်ုပ် အချစ်ထား နှစ်မြို့ သူများ အသင်တို့ အတွင်း မှ သီလ၊သမာဓိ ရှိသူများ ဖြစ်ကြပါသည်။ [15]

 

သီလ၊သမာဓိ ရှိခြင်း မှ လွဲ၍ အခြား ရွေးချယ်စရာ လမ်း မရှိချေ။

 

ဟဇရသ် ဆရက်ဒ်ဒိုရှ် ရှိုဟာဒါ အေမာမ် ဟိုစိုင်းန် (အ.စ) ထံ မှ ရီဝါယသ် တော် လာရှိပါသည်။ မိန့်တော်မူသည်မှာ - အသင် တို့အား သီလ၊သမာဓိ ရှိကြရန် မေတ္တာရပ်ခံ မှာ ကြား အပ်ပါ သည်။ အလ္လာဟ်ဟို အရှင်မြတ် သခင်သည် သီလ၊ သမာဓိ ရှိသူများ (သက္က်ဝါရှိသူများ ) အတွက် ၎င်းတို့ မနှစ်သက် သည့် အရာများ ကို နှစ်သက်သည့် အရာများ အဖြစ် ပြောင်းလဲ ပေးရန် အာမခံ ထား ပါသည်။ ၎င်း မထင် မှတ်ထားသည့်နေရာ မှ စားနပ်ရိက္ခာ ပေးသနား တော် မူမည်။ မုချဧကန် အလ္လာဟ် အရှင်မြတ် သခင် သည် ၎င်း၏ ဂျန္နသ် (အမတသုခဘုံ) နှင့်ပတ်သက်ပြီး လှည့်စား ခံမည် မဟုတ်ချေ။ ဆိုလိုသည်မှာ မည်သူမျှ လှည့်စား၍ ၎င်း လှည့်ကွက် ကောင်းဖြင့် ၎င်း ဂျန္နသ် (အမတသုခဘုံ) အတွင်းသို့ ဝင်ရောက် နိုင်မည် မဟုတ်ချေ။ အလ္လာဟ်ဟို အရှင်မြတ် ထံ မှ စဝါးဗ်များကို အလ္လာဟ်၏ ကျေးကျွန်ပီသ မှု နှင့် ၎င်း ၏အမိန့်တော်များ ကို လက်တွေ့ လိုက်နာ ကျင့်သုံး ခြင်း မှအပ ရနိုင်မည် မဟုတ်ချေ။ [16]

 

         အနှစ်ချုပ် ဖြစ်သည့်အတွက်ကြောင့် အကျည်း ချုပ် ဖော်ပြလိုက်ပြီး ဤမျှလောက်သာ တင်ပြမှု သည် လုံလောက် ပါပြီး ။ အားလုံးထက်အရေးကြီးသည်မှာ သက္က်ဝါ (သီလ၊သမာဓိ) ဆိုသည် အနက်အဓိပ္ပာယ် နှင့် အမှန်တရား အစစ် အမှန် အဓိပ္ပာယ် ကို သိရန် ဖြစ်ပါသည်။

 

 

 

[1] စူရဟ် ၄ ၊ အာယသ်တော် အမှတ် ၁၃၁

وَ لَقَد وَصَّینَا الَّذِینَ اُوتُوا الکِتبَ مِن قَبلِکُم وَ اِیَّاکُم اَنِ اتَّقُوا اللهَ .

[2] စူရဟ် ၃ ၊ အာယသ်တော် အမှတ် ၁၈၆

وَإِنْ تَصْبِرُوا وَتَتَّقُوا فَإِنَّ ذَلِكَ مِنْ عَزْمِ الْأُمُورِ.

[3] စူရဟ် ၃ ၊ အာယသ်တော် အမှတ် ၁၂၀

وَإِنْ تَصْبِرُوا وَتَتَّقُوا لَا يَضُرُّكُمْ كَيْدُهُمْ شَيْئًا .

[4] စူရဟ်၁၆ ၊ အာယသ်တော် အမှတ် ၁၂၈

إِنَّ اللَّهَ مَعَ الَّذِينَ اتَّقَوْا .

[5] စူရဟ် ၆၅ ၊ အာယသ် အမှတ် ၂ နှင့် ၃

وَمَنْ يَتَّقِ اللَّهَ يَجْعَلْ لَهُ مَخْرَجًا.وَيَرْزُقْهُ مِنْ حَيْثُ لَا يَحْتَسِبُ .

[6] စူရဟ် ၃၃၊ အာယသ်တော် အမှတ် ၇၀၊၇၁

یاَیّها الَّذِینَ امَنُوا اتَّقُوا اللهَ وَ قُولُوا قَولًا سَدِیدًا . یُّصلِح لَکُم اَعمَالَکُم .

[7] စူရဟ် ၃၃ ၊ အာယသ်တော်အမှတ် ၇၁

وَ یَغفِر لَکُم ذُنُوبَکُم .

[8] စူရဟ် ၃ ၊ အာယသ်တော် အမှတ် ၇၆

فَاِنَّ اللّٰہَ یُحِبُّ الۡمُتَّقِیۡنَ .

[9] စူရဟ် ၅ ၊ အာယသ်တော် အမှတ် ၂၇

اِنَّمَا یَتَقَبَّلُ اللّٰہُ مِنَ الۡمُتَّقِیۡنَ.

[10] စူရဟ် ၄၉ ၊ အာယသ်တော်အမှတ် ၁၃

اِنَّ اَکۡرَمَکُمۡ عِنۡدَ اللّٰہِ اَتۡقٰکُمۡ .

[11] စူရဟ် ၈ ၊ အာယသ် တော်အမှတ် ၂၉

يَا أَيُّهَا الَّذِينَ آمَنُوا إِنْ تَتَّقُوا اللَّهَ يَجْعَلْ لَكُمْ فُرْقَانًا.

[12] စူရဟ်၁- ၊ အာယသ်တော် အမှတ် ၆၃၊၆၄

الَّذِينَ آمَنُوا وَكَانُوا يَتَّقُونَ.لَهُمُ الْبُشْرَىٰ فِي الْحَيَاةِ الدُّنْيَا وَفِي الْآخِرَةِ.

[13] စူရဟ် ၁၉ ၊ အာယသ်တော် အမှတ် ၇၁

ثُمَّ نُنَجِّی الَّذِینَ اتَّقَوا .

[14] နဲဟ်ဂျိုလ်ဗလာဂါ ကျမ်း ခွသ်ဗာ အမှတ် ၂၃၀

فَإِنَّ تَقْوَى اللّهِ مِفْتَاحُ سَدَاد، وَ ذَخِیرَةُ مَعَاد، وَ عِتْقٌ مِنْ کُلِّ مَلَکَة، وَ نَجَاةٌ مِنْ کُلِّ هَلَکَة. بِهَا یَنْجَحُ الطَّالِبُ، وَ یَنْجُو الْهَارِبُ، وَ تُنَالُ الرَّغائِبُ.

[15] ဗေဟာရွလ်အနာဝါရ် ကျမ်း

لا تقولوا ان محمداً منافوالله ما اولیائیمنکم و لا من غیرکمالاالمتقون.

[16] စဖီနာသိုလ်ဗေဟာရ်ကျမ်း အတွဲ ၂၊ ၆၇၈ ၊ ရောင်ဇာသိုကာဖီ ကျမ်း

اوصیکم بتقوی الله تعالی فان الله قدضمن لمن اتقاه ان یحوله عمایکره الی ما یحب و یرزقه من حیث لا یحتسب فایاک ان تکون ممن یخاف علی العباد من ذنوبهم ویا من العقوبه من ذنبه فان الله تبارک وتعالی لا یخدع عن جنته ولا ینال ما عنده الا بطاعته .

****************************************************************

END / 251