အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၉ အောက်တိုဘာ ၂၀၂၁

၂၀:၂၅:၄၉
1187245

ကျမ်းတော်မြတ် ကုရ်အာန် နှင့် ဘာသာရေးပညာရပ်များ နှင့်ပတ်သက် ပြီး အမြင် နှစ်မျိုး

မရ်ဟွန်မ် ဟဇရသ် အာယာသွလ္လာဟ် မစ်ဇ်ဗဟ် ယဇ်ဒီ ၏ တင်ပြချက်များမှ ကျမ်းတော်မြတ် ကုရ်အာန် နှင့် ဘာသာရေးပညာရပ်များ နှင့်ပတ်သက် ပြီး အမြင် နှစ်မျိုးဆိုသည့် ကဏ္ဍ လေးကို ကောက်နုတ် တင်ပြခြင်းဖြစ် ပါသည်။


 

ကျမ်းတော်မြတ် ကုရ်အာန် နှင့် ဘာသာရေးပညာရပ်များ နှင့်ပတ်သက် ပြီး ကွာပြားခြားနား သည် အတွေး အမြင် နှစ်မျိုး နှစ်စားလာ ပါသည်။

၁။ ဤအမြင်မှာ လုံးလုံးလျားလျား အရှင်မြတ် ၏ အမိန့်နားခံခြင်း နှင့်ကျေးကျွန်ပီသခြင်း ပြီးနောက် အလ္လာဟ်ဟို အရှင်ကို အဓိက ဗဟို အချက်အချာ ထားခြင်း

၂။ ဤအမြင်မှာ မနုဿ လူသား၏ စိတ်အလိုဆန္ဒများ ကို အဓိက အဖြစ် သတ်မှတ်ပြီး ဘာသာ ရေးဆိုင်ရာ စာသားများ ၊ အကြောင်းအရာများ နှင့် ကျမ်းတော်မြတ် ကုရ်အာန် ဆိုင်ရာ ဘာသာရပ်များ ကို မိမိတို့၏ စိတ်အလိုဆန္ဒများ နှင့်အညီ သဖ်စီးရ် ပြုနိုင်အောင် အကြောင်းပြနိုင် အောင် ကြိုးပမ်းခြင်း ဖြစ်ပါသည်။ ဤ အမြင် ကို ယနေ့ အသုံးပြုနေသည့် ဘာသာရပ် ဆိုင်ရာ စကား အရ Humanism ဟုခေါ်ဆိုပါသည်။ ဆိုလိုသည်မှာ မနုဿလူသား ကို အဓိက ဗဟို အချက်အချာ အဖြစ် အလ္လာဟ်ဟို အရှင်မြတ် အား အဓိက ဗဟို အချက်အချာ နေရာတွင် ထားခြင်းကို ခေါ်ဆိုပါသည်။

အထက်ဖော်ပြပါ အမျိုးအစားခွဲခြားမှုသည်ပြီးခဲ့သည့်ဆွေးနွေးမှု အကြောင်းအရာများထက် ပိုမို မြင့်ကြောင်း သိနိုင်ပါသည်။ အကြောင်းမှာ ယခု အချိန် ထိ ကျမ်းတော်မြတ် ကုရ်အာန် နှင့်ပတ်သက် ပြီး အမြင် နှစ်မျိုးနှစ်စား ဖြစ်နိုင်ကြောင်း ယူဆထား၍ ဖြစ်ပါသည်။ ပထမ အမြင်မှာ ဤအမြင်မှာ လုံးလုံးလျားလျား အရှင်မြတ် ၏ အမိန့်နားခံခြင်း နှင့်ကျေးကျွန် ပီသခြင်း ပြီးနောက် အလ္လာဟ်ဟို အရှင်ကို အဓိက ဗဟို အချက်အချာ ထားခြင်းဖြစ်ပြီး ဒုတိယ အမြင်မှာ အတွေး နှင့် နားလည်မှုအား စိတ်အလိုဆန္ဒ ၏ အရောင်ဆိုး ထားခြင်း ခံရခြင်း ဖြစ်ပါသည်။

          ဤအတွက်ကြောင့် ကျမ်းတော်မြတ်ကုရ်အာန် အားနားလည် သဘောပေါက် အောင်ပြုချိန်တွင် သဖ်စီးဗေ ရိုင်းကို ရှောင်ရှား ရပါမည်။ ပြီးနောက် ကျမ်းတော်မြတ် မည်ကဲ့သို့ရှိပါသလဲ။ ထိုအတိုင်း နားလည် သဘောပေါက် ရမည်ဖြစ်ပါသည်။ ဤကိစ္စ နှင့်ပတ်သက်ပြီး ဟဇရသ် အလီ (အ.စ) ၏ ဆုံးမ စကားကို ရှင်းလင်းပြပြီး ဖြစ်ပါသည်။ တစ်ကိုယ်ကောင်းဆန် ခြင်းနှင့် အတွေးကောက်၊အတွေးချော် ကို ရှောင်ခြင်း ပြီးနောက် မိမိစိတ်အလိုဆန္ဒများ နှင့် ဦးနှောက်ကို ရှင်းအောင်ထားခြင်း အရေးကြီးလိုအပ်ပါသည်။ ဤအမြင် အရ ဟဇရသ် အလီ (အ.စ) သြဝါဒတော် သည် ကျွန်ုပ် တို့ မွတ်စလင်မ်အဖြစ် နားလည် ထားသည့် အုပ်စု နှစ်ခုစလုံး အတွက် ဆုံးမနေခြင်း ဖြစ်ပါသည်။ ပြီးနောက် သာသနာမှ လမ်းချော်၊လမ်းလွဲ မဖြစ်သွားရအောင် ရှောင်ကြဉ်ရန်၊ ထိုနည်းတူစွာ သဖ်စီးရ် ဗေရိုင်း ပြုခြင်းမှ ရှောင်ရှား နိုင်ရန် သက္က်ဝါး (ခ) သီလ ၊ သမာဓိ မြဲရမည် ဖြစ်ပါသည်။ စိတ် အလိုဆန္ဒများ ၊ တစ်ကိုယ်ဆန်ခြင်း နှင့် အတွေးမှား အတွေးချော် ၊ အတွေးကောက် နှင့် ဝေးနေရန် ဆုံးမတော်မူခဲ့ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့အနေဖြင့် ဤ ကိစ္စနှင့်ပတ်သက်ပြီး ပိုမို၍ နက်နက်နဲနဲ သုတေသန ပြုမည် ဆိုလျှင် ကျွန်ုပ်တို့အနေဖြင့် ပထမထက်ပိုမို၍ တိကျပြီး အသေးစိတ်သည့် အချက်များကို ရရှိမှာ ဖြစ်ပါသည်။ ကျွန်ုပ်တို့ အနေဖြင့် ကျေးကျွန် ဆိုသည့် အခန်းကဏ္ဍ မှာ မနုဿ လူသားများ ၏ အုပ်စု နှစ်စု ခွဲသွားသည်နှင့်ပတ်သက်ပြီး ဟဇရသ် အလီ (အ.စ) ၏ သြဝါဒ တော် ၏တန်ခိုး(ခ) အစွမ်းသတ္တိ ကို သိနိုင်ပါသည်။ ပြီးနောက်သာသနာ နှင့် အလ္လာဟ်ဟို အရှင်မြတ် ၏ အဲဟ်ကာမ် (ခ) ဥပဒေသများ (ခ) ပညတ်တော်များ နှင့် မနုဿ လူသား များ၏ အတွေးအခေါ်များ နှင့် အမြင်များ နှင့် နှိုင်းယှဉ် လျှင် ဟဇရသ် အလီ (အ.စ) ၏ စိတ်ပိုင်းပညာရပ် နှင့် ဝိညာဉ် ပိုင်းဆိုင်ရ ပညာရပ် ကို ပိုမိုကျယ်ပြန့်စွာ သိရှိရမှာ ဖြစ်ပါ သည်။

          အမီးရွလ်မိုအ်မေနီ ဟဇရသ် အလီ (အ.စ) အနေဖြင့် အရေး အဓိက အရေးကြီး အင်္ဂါ လက္ခဏာ နှစ်ခု ကို မိန့်တော်မူပါသည်။ ဤအတွက်ကြောင့် မနုဿ လူသားအား အုပ်စု နှစ် စု အဖြစ် ကွဲ ခြား နိုင်ပါသည်။ အုပ်စု တိုင်း ၏ အဓိက အင်္ဂါလက္ခဏာ ရပ်များ ကို တင်ပြထားပြီး ၎င်းတို့ အကြောင်းကို မိတ်ဆက်ထားပေးပါသည်။ ၎င်းအကြောင်း အရာ ဘက်သို့ ကျွန်ုပ် အနေဖြင့် အောက်တွင် တင်ပြ ပါမည်။

၁။ ဤအုပ်စု သည် အလ္လာဟ်ဟို အရှင်မြတ် ၏ ကျေးကျွန် အဖြစ် အကွင်းမဲ့ လက်ခံသည့် အုပ်စု ဖြစ်ပါသည်။ ဤအုပ်စုဝင်များသည် မိမိတို့၏ စိတ်အလိုဆန္ဒများနှင့် ယှဉ်ပြိုင် ကြပါသည်။ အလ္လာဟ်ဟို အရှင်မြတ် ၏ ရည်ရွယ်ချက်များ နှင့် အမိန့်တော် အားမိမိတို့၏ စိတ်အလို ဆန္ဒများထက် ပိုမို၍ ဦးစားပေလေ၏။

          သဘာဝကျသည့် အချက်ဖြစ်ပါသည်။ ဤကဲ့သို့သော် မနုဿ လူသားသည် ဤကောင်းကင်ကျ ကျမ်း၊ကျမ်းတော်မြတ်ကုရ်အာန် အားနှလုံးသည်းပွတ်မှ လက်ခံ သဘောတူလေသည်။ အလ္လာဟ်ဟိုအရှင်မြတ်၏ ပညတ်တော်များ (ခ) ဥပဒေများ နှင့် အသိပညာများ ကို ကိုယ်ရော စိတ်ပါ လက်ခံပါသည်။ လက်တွေ့ လုပ်ဆောင်ရန် အတွက် စံနမူနာ အဖြစ် သတ်မှတ်ပြီး ၎င်း၏ ညာသံ ကို အကောင်အထည် ဖော်နိုင်ရန် ကြိုးပမ်း ပါသည်။

ဟဇရသ် အလီ (အ.စ) အနေဖြင့် ဤ အုပ်စု အားချီးမွမ်း ခန်းတွင် မိန့်တော်မူလေ၏။

إنّمِنْأَحَبِّعِبَادِاللّٰهِعَبداًأَعَانَهُاللّٰهُعَلٰینَفْسِهِ[1].

အဓိပ္ပာယ် ။ ။ ဧကန်မုချ အလ္လာဟ်ဟို အရှင်မြတ် ၏ အချစ်တကာ အချစ်ဆုံး ကျေးကျွန် ဆိုသည်မှာ အလ္လာဟ်ဟို အရှင်မြတ်၏ ထံတော်တွင် မိမိ၏ စိတ်အလိုဆန္ဒများ ကို တိုက် ထုတ်နိုင်ရန် အလ္လာဟ်ဟိုအရှင်မြတ် အကူအညီ ပေးထားသူဖြစ်ပါသည်။

ပြီးနောက် ၎င်းအုပ်စု ၏ အသွင် အပြင် လက္ခဏာ များ ကို မိန့်ကြားတော်မူပြီး ဤ ကဲ့သို့သော် ပုဂိုလ်များ အကြား ကျမ်းတော်မြတ် ကုရ်အာန် ၏ အဆင့် အတန်း ပတ်သက်ပြီး မိန့်ကြားလေ၏။

قَداَمْکَنَالْکِتَابَمِنزِمَامِهِفَهُوَقَائِدُهُوَاِمَامُهُ،یَحُلُّحَیثُحَلَّثَقَلُهُ،وَیَنزِلُحَیثُکَانَمَنزِلُهُ .[2]

အဓိပ္ပာယ် ။ ။ ဤအုပ်စုသည် မိုအ်မင်များ နှင့် မွတ်သကီများ ဖြစ်ကြပါသည်။ ၎င်းတို့သည် မိမိတို့ အလုပ်အားလုံး ၏ ၏ ထိန်းချုပ်မှု အား အလ္လာဟ်ဟို အရှင်မြတ်၏ ကျမ်း (ခ) ကုရ်အာန်ဖြင့် ပြုကြပါသည်။ ဤ အတွက် ကြောင့် ကျမ်းတော်မြတ် ကုရ်အာန် သည် ၎င်းတို့၏ ဦးဆောင် ၊ဦသျှောင် ဖြစ်ပါသည်။ ကျမ်းတော်မြတ် ကုရ်အာန် မည်သည့် နေရာတွင် ရပ်တန်ရန် အမိန့်ပေးမည်နည်း ၊၎င်းတို့သည်လည်းပဲ ရပ်တန်ကြပေမည်။ ၎င်း တို့ ၏ ရပ်တန်ခြင်း နှင့် လှုပ်ရှားမှုသည် ကျမ်းတော်မြတ်ကုရ်အာန် အတိုင်း ဖြစ်ပါသည်။

          ဤအုပ်စုသည် ကျမ်းတော်မြတ် ကုရ်အာန် နှင့် သာသနာ၏ အမှန်တရားများ နှင့် တည်ရှိမှု အစစ်အမှန် ကို လက်ခံ ပြီး သက်ဝင် ယုံကြည်ကြသူများ ဖြစ်ပါသည်။ ဤအုပ်စု သည် သာသနာ နှင့် ကျမ်းတော်မြတ်ကုရ်အာန် ၏ အဲဟ်ကာမ် (ခ) ပညတ်တော်များ ကို စစ်မှန်သည့် ဖြစ်တည်မှု မှန်တစ်ချပ်အဖြစ် နားလည်ကြပါသည်။ ၎င်းကို စောင့်ထိန်းခြင်း သည် မနုဿလူသား ၏ ကံကောင်းပျော်ရွှင် မှု နှင့်တိုက်ရိုက် သက်ဆိုင်နေပါသည်။ ၎င်းကို မစောင့်ထိန်းခြင်းကို လောကီလောကုတ္တရာ နှစ်ဌာန အတွက် ကံကောင်းပျော်ရွှင်မှု ကို လက်လွတ်ရခြင်း ၏အောကာင်းခံအဖြစ် နားလည် ကြပါသည်။    

          အကြောင်းမှာ ဤကဲု့သို့သော် မနုဿ လူသားသည် မိမိကိုယ်ကို မည်သည့် အမြင် နှင့် အထင် မှ မထားကြချေ။ သာသနာနှင့် ကောင်းကင်ကျ ကျမ်းများ နှင့် အလ္လာဟ်ဟို အရှင်မြတ် ၏ အဲဟ်ကာမ် (ခ) ပညတ်တော်များ နှင့် သင်ကြားပို့ချ မှုများ အတွက် စစ်မှန် သည့် တည်ရှိမှု ကို လက်ခံပါသည်။ ထိုနည်း တူစွာ ၎င်းနှင့် မနုဿ လူသား၏ မစ်လဟသ် (အကျိုးကိုသာဖြစ်စေမှု) များ အကြာင်း နှင့် အကျိုးဆက်နွယ် တည်ရှိမှုကို သက်ဝင် ယုံကြည်ကြပါသည်။ဤအတွက်ကြောင့် ကျမ်းတော်မြတ်ကုရ်အာန် အား မှန်မှန်ကန်ကန် သဘောပေါက် နားလည်ဖို့ ကြိုးစား ကြပါသည်။ ထိုမှသာ ကျမ်းတော်မြတ် ကုရ်အာန်မှ အမိန့်ပေးချက်ကိုသာလျှင် နားလည်ပြီး ၎င်းအပေါ် လက်တွေ့ လိုက်နာ ကျင့်သုံး ရန်ဖြစ် ပေသည်။

၂။ ပထမအုပ်စု ၏ အမြင်နှင့်လုံးဝ ဆန့်ကျင်ဖက် ဖြစ်ပါသည်။ အချို့သူများသည် ဤကဲ့သို့ အမြင်ကို ထားကြပါသည်။ ထိုအမြင်မှာ ကျမ်းတော်မြတ်ကုရ်အာန် ဖြစ်စေ (သို့မဟုတ်) ဘာသာတိုင်း၏ စာသားများ သို့မဟုတ် ကောင်းကင်းကျ ကျမ်းတိုင်းသည် လူပုဂိုလ်များ ၏ စိတ်နေစိတ်ထားများ အတိုင်း ဖြစ်ပါသည်။ ပြတ်ပြတ်သားသား၊ တိတိကျကျ အကြောင်း အရာများကို မတင်ပြထားချေ။ ဆိုလိုသည်မှာ ကျမ်းတော်မြတ်ကုရ်အာန် သို့မဟုတ် အခြား မည်သည့် ဘာသာရေး စားသားမဆို အဓိပ္ပာယ် နှင့် အကြောင်းအရာများ မရှိဘဲ ၎င်း၏ မည်သည့် ရည်ရွယ်ချက်မှမရှိချေ။ သို့သော် အကြောင်းမှာ မနုဿ လူသားတိုင်း သည် အခြား သီးသန့် စိတ်နေစိတ်ထားများ ၏ ပိုင်ရှင် များ ဖြစ်ကြပါသည်။ ဤ စိတ်နေစိတ်ထား (အတွေးအခေါ်များ နှင့် ထင်မြင်ချက်များ ) သည်သွန်သင်ချက် ကြောင့် ဖြစ်စေ မိသားစု ကြေင့် ဖြစ်စေ ၊ လူ့ပတ်ဝန်း ကျင် အသိုင်းအိုင်းကြောင့် ဖြစ်စေ ဤကဲ့ သို့ပမာ အခြား အဆက်အသွယ်များမှ ထွက်လာခြင်း ဖြစ်ပါသည်။ ဤအတွက်ကြောင့် မနုဿ လူသားအနေဖြင့် ကျမ်းတော်မြတ် ကုရ်အာန် အားသေလာဝသ်ပြုချိန် မိမိ၏ စိတ်နေ စိတ်ထား အတွေး ကိုအခြေပြုပြီး ကျမ်းတော်မြတ်ကို ၏ အကြောင်းအရာ များ ကို နားလည် သဘောပေါက်လေ၏။ တကယ်တော့ ၎င်းအကြောင်းအရာ ကို ကျမ်းတော်မြတ် ကုရ်အာန် မှ မတင်ပြထားချေ။ တစ်နည်းအားဖြင့် ဤသည် မနုဿလူသား၏ အသိနှင့် နားလည်မှုသာ ဖြစ်ပါသည်။ ၎င်းကို ကျမ်းတော်မြတ်ကုရ်အာန် ဘောင်အတွင်း မှ ဟုမြင်လေ၏။

          ရှင်းလင်းနေသည့်အချက်မှာ ဤကဲ့သို့သော် ယုံကြည်ချက်များ နှင့် အမြင်များ အရ သာသနာ နှင့် ကျမ်းတော်မြတ်ကုရ်အာန် ပြီးနောက် ကျမ်းတော်မြတ် ကုရ်အာန် ၏ အမိန့်ပညတ်တော်များ နှင့် အာယသ် တော်များ အဓိပ္ပာယ် အမျိုးမျိုး နှင့် အကြောင်းအရာ အစုံသည် မနုဿလူသားများ စိတ်နေစိတ်ထား၊ အတွေးအရ ပုံဖော်ထား သည့်များ သာဖြစ်ပေမည်။

          ဤအတွေးအခေါ်ကို အခြေခံပြီး ကျမ်းတော်မြတ်ကုရ်အာန် အား ဖြစ်စေ သို့မဟုတ် အခြား မည်သည့် ဘာသာရေး စာသားများအားလုံး ကို လူတိုင်းမိမိတို့၏ အမြင် နှင့်အတွေး အခေါ် အရ အကြောင်းအရာ ကို ကိုးကား ကြောင်း ထင်ရှား နေပါသည်။ ရှင်းလင်းပါသည်။ ဤကဲ့သို့သော် အမြင် သည် အပြင်ပိုင်း အရ သာ သာသနာ နှင့် ကျမ်းတော်မြတ်ကုရ်အာန် ပြီးနောက် ဘာသာရေးဆိုင်ရာ အသိပညာများ နှင့် သွန်သင်ဆုံးမချက်များဖြစ်နေပါသည်။ သို့သော် အမှန်တကယ် ဘာသာရေး နှင့် ဘာသာရေးသမားများကို ကစားစရာ နှင့် လှောင်ပြောင် ထားခြင်း သာ ဖြစ်ပါသည်။

 

[1] နဲဟ်ဂျိုလ်ဗလာဂါကျမ်း ခွသ်ဗာ အမှတ် ၈၆

[2]နဲဟ်ဂျိုလ်ဗလာဂါကျမ်း ခွသ်ဗာ အမှတ် ၈၆


####################################################
END / 251