အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr News Agency ၏ အစီရင်ခံစာအရ အစ္စရေးစစ်တပ်မှ တပ်ဖွဲ့ဝင် ၃ ဦးသည် လွန်ခဲ့သည့် ၁၀ ရက်အတွင်း စိတ်ပိုင်းဆိုင်ရာ ပြဿနာများကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ပြီး ဂါဇာစစ်ပွဲတွင် ပါဝင်ခဲ့သည့် အစ္စရေးစစ် သားများ၏ သတ်သေမှုအရေအတွက်သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့မှ စတင်ကာ ၄၄ ဦးအထိ ရှိလာခဲ့ကြောင်း အစ္စရေးမီဒီယာများက ဖော်ပြခဲ့ပါတယ်။
ပါလက်စတိုင်းမြောက်ပိုင်း Golan Heights ရှိ စစ်စခန်းတစ်ခုတွင် Nahal Brigade မှ စစ်သားတစ်ဦး မိမိကိုယ်ကို သတ်သေခဲ့ကြောင်း အစ္စရေးစစ်တပ်ရေဒီယိုက ဖော်ပြခဲ့ပါတယ်။
ဟေဗြဲသတင်းစာ Yedioth Ahronoth ၏ဖော်ပြချက်အရ အဆိုပါစစ်သားသည် ဂါဇာတွင်ဖြစ်ပွားနေသော စစ်ပွဲတွင် တစ်နှစ်ကျော်ကြာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
"Golani Brigade" မှစစ်သားတစ်ဦးသည် ပါလက်စတိုင်းတောင်ပိုင်းသဲကန္တာရရှိ "Sadi Teman" စခန်းတွင် ယခင်က မိမိကိုယ်ကို သတ်သေခဲ့ကြောင်း သိရပါတယ်။ အစီရင်ခံစာအရ အဆိုပါ စစ်သားအား အစ္စရေးစစ်တပ် စုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းရန် ဆင့်ခေါ်ခဲ့ကြောင်း သိရပါတယ်။ စုံစမ်းစစ်ဆေးမှုအပြီးတွင် ၎င်းစစ်သား ၏ကိုယ်ရေးကိုယ်တာလက်နက်ကို သိမ်းဆည်းခဲ့ပြီး နာရီအနည်းငယ်အကြာတွင် ၎င်းစစ်သား မှ မိမိသူငယ်ချင်း စစ်သား ၏လက်နက်ကို ယူဆောင်ကာ မိမိကိုယ့်ကို အဆုံးစီရင်ခဲ့ကြောင်း သိရပါတယ်။
ဂါဇာ နှင့်လက်ဘနွန်နယ်စပ်တွင် လအတော်ကြာ တပ်စွဲထားသည့် အစ္စရေးစစ်သားတစ်ဦးသည် စစ်ပွဲ၏ ကြောက်မက် ဖွယ်ကောင်းသော မြင်ကွင်းများနှင့် ဒဏ်ရာများကို မြင်တွေ့ပြီးနောက် ပြင်းထန်သော စိတ်ဖိစီးမှုကို ခံစားခဲ့ရပြီး နောက် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ကြောင်း ယခုသီတင်းပတ်တွင် အစ္စရေးသတင်းဝက်ဘ်ဆိုက် "Walla" က ဖော်ပြခဲ့ပါတယ်။
လွန်ခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက်က ဂါဇာကမ်းမြောင်ဒေသစစ်ပွဲ စတင်ချိန်မှစ၍ အစ္စရေးစစ်သား အနည်းဆုံး ၄၄ ဦးထက်မနည်း မိမိကိုယ့်ကို အဆုံးစိရင် ခဲ့ရကြောင်း အစ္စရေးမီဒီယာက ဖော်ပြထားပါတယ်။
ဟေဗြဲသတင်းစာ Haaretz ကမူ အစ္စရေးစစ်သား ၁၅ ဦးသည် ၂၀၂၅ ခုနှစ်အစပိုင်းကတည်းက ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် စုစုပေါင်း စစ်သား ၂၁ ဦး ရှိ ကြောင်း ဖော်ပြထားပါတယ်။
ဤကိန်းဂဏန်းများသည် အစ္စရေးစစ်တပ်သည် ပြည်တွင်းအကျပ်အတည်းနှင့် ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုဒဏ်ကို ခံစားနေရပြီး မြေပြင်တွင် တိုက်ခိုက်ရေးစစ်ဆင်ရေးများနှင့် လက်တွေ့ဖြစ်ရပ်များကို ရင်ဆိုင်နိုင် စွမ်း ဆုံးရှုံးနေကြောင်း ဖော်ပြနေခြင်း ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment