အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၄ ဒီဇင်ဘာ ၂၀၂၁

၂၀:၁၉:၁၀
1205205

မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ဘက်မှ

(( အဒမ်မေ သဲဟ်ရီးဖ်ဖေ ကုရ်အာန် )) ဟိန္ဒီ ဘာသာပြန် စာအုပ် ထွက် ရှိ (( အဒမ်မေ သဲဟ်ရီးဖ်ဖေ ကုရ်အာန် )) ဟိန္ဒီ ဘာသာပြန် စာအုပ် ထွက် ရှိ

မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ကြိုးပမ်းမှု ဖြင့် (( အဒမ်မေ သဲဟ်ရီးဖ်ဖေကုရ်အာန် )) ဟိန္ဒီ ဘာသာပြန် စာအုပ် ပုံနှိပ် ထုတ်ဝေ ခဲ့ပါတယ်။ စာအုပ်၏ မြန်မာ ဘာသာပြန် အဓိပ္ပာယ် မှာ ((ကျမ်းတော်မြတ်ကုရ်အာန် သည် အပိုအလို မရှိ ၊ နဂိုပကတိအတိုင်း ရှိ၏ )) ဖြစ်ပါတယ်။ ရေးသားသီး ကုံး သည့် ဆရာမှာ H.I ဆရက်ဒ် အဗ်ဒွရ်ရဟီးမ် မူစဝီ ဖြစ်ပြီး ဘာသာပြန်ဆို သူမှာ H.I ဟမီးဒ်ဒိုလ်ဟစန် ဇိုင်ဒီ မှ ဟိန္ဒီ ဘာသာဖြင့် ဘာသာပြန် ရေးသားခဲ့ပြီး အိန္ဒိယ နိုင်ငံ တွင် ပုံနှိပ် ထွက်ရှိခဲ့ပါတယ်။


မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ကြိုးပမ်းမှု ဖြင့် ((အဒမ်မေ သဲဟ်ရီးဖ်ဖေကုရ်အာန် )) ဟိန္ဒီ ဘာသာပြန် စာအုပ် အိန္ဒိယ နိုင်ငံ တွင် ပုံနှိပ် ထုတ်ဝေ ခဲ့ပါတယ်။ စာအုပ်အား ဆရာ ဆရက်ဒ် အဗ် ဒိုရဟီးမ် မူစဝီ မှ ရေးသားသီးကုံးထားပါတယ်။

ဤ ((အဒမ်မေ သဲဟ်ရီးဖ်ဖေကုရ်အာန်)) စာအုပ်အား မကြာသေမီက အိန္ဒိယ နိုင်ငံ တွင် မိုရ်သဒ် ဖြစ်သွားသူ ဇာတ်ပျက်သွားသူ ဝစီးမ် ရဇဝီ မှ ကျမ်းတော်မြတ် ကုရ်အာန် တွင် အကြမ်းဖက်မှုကို ပြုလုပ်ခိုင်းနေသည့် အာယသ်တော် ၂၆ ပါး အာ ပြုတ်ရန်ဆိုပြီး မဟုတ်မတရား စော်ကား မှု ကို အဖြေပေးသည့် အနေဖြင့် ဘာသာပြန် ထုတ်ဝေခြင်းဖြစ်ပါတယ်။ မိုရ်သဒ် ဝစီးမ် ရဇဝီ ကဲ့သို့ ခံယူချက် ရှိသူများ အတွက်လည်း ခိုင်လုံသည့် အဖြေ ပေး စာအုပ် ဖြစ်ပါတယ်။

အထက်ပါ စာအုပ် အား H. ဟမီးဒ်ဒိုလ်ဟစန် ဇိုင်ဒီ မှ ဟိန္ဒီ ဘာသာဖြင့် ဘာသာပြန် ခဲ့ပါတယ်။ မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ကြိုးပမ်းမှုဖြင့် အိန္ဒိယ နိုင်ငံ တွင် ပုံနှိပ် ထုတ်ဝေ ခဲ့ပါတယ်။

ဘာသာရေး ပညာ မရှိသည့် မိုရ်သဒ် ဝစီးမ် ရဇဝီ နှင့် ၎င်းကဲ့သို့ သူများ မှ ကျမ်းတော်တို့ ထံ ရှိနေသည့် ကျမ်းတော်မြတ် ကုရ်အာန် တွင် ပြောင်းလဲမှု များ ရှိနေသည်ဟု မဟုတ်မတရား ဆိုကြပါတယ်။

မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) သည် ကမ္ဘာ ပေါ် ရှိ သက်ရှိ ဘာသာစကား ၅၅မျိုး ကျော် ဖြင့် အစ္စလာမ် ဘာသာရေးဆိုင်ရာ ခေါင်းစဉ် အမျိုးမျိုးဖြင့် စာအုပ် အမျိုးပေါင်း ၂၀၀၀ ကျော် အားထုတ်ဝေ ပြီး ဖြစ်ကြောင်း မှတ်သားထားသင့်ပါတယ်။

****************************************************************

END / 251