အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၇ ဒီဇင်ဘာ ၂၀၂၁

၂၀:၂၃:၄၃
1206313

အကြိမ်ကြိမ်အခါခါ ဇဝေဇဝါ ဖြစ်စေသည့် ရှိုင်တွာန်များ ၏ အရေးကြီး လက်နက်

ဟဇရသ် အာယာသွလ္လာဟ် မစ်ဗာယဇ်ဒီ (ရ.ဟ) ရေးသားသီးကုံးထားသည့် (( ကုရ်အာန် ၏ ဒဲရ် အာယေနေဟ် ဟေ နဲဟ်ဂျို လ် ဗလာဂါ (( သည့် ကျမ်း မှ အခန်းကဏ္ဍ တစ်ခု ဖြစ်သည့် ((အကြိမ်ကြိမ်အခါခါ ဇဝေဇဝါ ဖြစ်စေသည့် ရှိုင်တွာန်များ ၏ အရေးကြီး လက်နက်)) နှင့် နောက် ကဏ္ဍ တစ်ခု ((မိုသရှာဗေဟာသ်အာယသ်တော်များကို ကိုးကားပြီး ကျမ်းတော်မြတ်ကုရ်အာန် အားဆန့်ကျင် သည့်တခြား ပရိယာယ် အကြံအစည်)) အား ချစ်ခင်လေးစားရပါသည့် အဗ်နာ ပရိတ်သတ်များ အတွက် တင်ပြအပ်ပါတယ်။


        ရှိုင်တွာန်များ၏ လူသားများကို လမ်းလွဲလမ်းမှား ရောက်အောင် ပြုသည့် လက်နက်တစ်ခု မှာ ၎င်းတို့ အတွင်း ဇဝေဇဝါကို ဆက်တိုက် အဆက်မပြတ် ထည့်သွင်းပြီး ၎င်းတို့ ၏ စိတ်နှင့် အသိဥာဏ် ကို လွမ်းမိုးရန်ဖြစ်ပါသည်။ ဤအတွက်ကြောင့် ကျမ်းတော်မြတ် ကုရ်အာန် မှ ၎င်းရှိုင်တွာန်များ ကို ဝဇ်ဝါဇ် နှင့် ခန်နာစ် ဆိုသည့် ခေါင်းစဉ်ဖြင့် ဖော်ပြထားပြီး မနုဿလူသားများ ကို တရားလမ်း မှန်ညွှန်ပြထားပါသည်။ ဂျင်န်ရှိုင်တွာန်များ နှင့် လူ ရှိုင်တွာန် များ ၏ မကောင်း သည့်အကြံအစည်များ လုပ်ရပ်များ မှ ကင်းဝေ အောင် အလ္လာဟ် ဟို အရှင်မြတ် ထံတော်တွင် ခိုလုံခိုင်းထားပါသည်။ အကြောင်းမှာ ရှိုင်တွာန် များ သည် မနုဿလူသားများ စိတ်နှလုံး အား အဆက်မပြတ် ဆက်တိုက် ဇဝေဇဝါ ထည့်သွင်းပြီး မနုဿ လူသားများ ၏ စိတ်နှင့် အသိဥာဏ် ကို ချုပ်ကိုင်ပြီး ၎င်းတို့၏ အတွေးအခေါ်များ ကို ပျက်စီးရန် လမ်းလွဲလမ်းမှား ဖြစ်အောင်ပြုပြီး ချောက် အတွင်း တွန်းချ ရန် ဖြစ်ပါသည်။

 

          ရှိုင်တွာန် နှင့် ရှိုင်တွာန် ဂုဏ်ရည် ရှိသူများသိရှိပါသည်။ အလ္လာဟ်ဟိုအရှင်မြတ် အားခဝပ်ကိုးကွယ်သူများ ၏ စိတ်များ တွင် ရှိုင်တွာန်နီ စိတ်ကူးများ ကို နေရာပေးရန် အတွက် အရေးကြီး ပါသည်။ ထိုအချက်မှာ များများ စကား ပြောပြီး ၊ ရေး သားပြီး ၊ အကြိမ် အကြိမ် ၎င်းတို့၏ စိတ်များတွင် မကောင်းသည့် အကြံအစည်များ နှင့် ရင်းနှီး သွားပြီး လူသား၏ အတွေးခေါ် ဖြည်းဖြည်းခြင်း၎င်းတို့၏ အတွေး နှင့် အသိဥာဏ်အား ချုပ်ကိုင်နိုင်ရန် ဖြစ်ပါသည်။လူသားများကို သံသယ နှင့်ဇဝေဇဝါ ဖြစ်သည့်အထိ ပြောရန် ရေးရန် အကြိမ်ကြိမ် ပြုလုပ် ရမည် ဟု ၎င်းတို့ကိုယ်တိုင် ပြောပါသည်။

 

          ၎င်းတို့သည် အီဗလစ် (လ.န) ၏ ဇဝေဇဝါ ထည့် သွင်းခြင်းဖြင့် ပထမဆုံး ပညာ သင်ကြား ပြီးသည့် ကျောင်းသားများ နှင့် ပညာသင်ယူဆဲ များ အုပ်စုအား လမ်းလွဲ လမ်းချော် ဖြစ်အောင် လုပ်ရန် ဖြစ်ပါသည်။ အောကာင်းမှာ ၎င်းတို့အနေဖြင့် စာတ်ပေ ၊ စာတတ် များကို လှည့်ဖြား ပြီး အခြား သာမန် လူများကို ပို၍ လမ်းမှား လမ်းချော် အောင်ပြု နိုင်မည်ဟု နားလည်ထားကြပါသည်။ သို့သော် ၎င်းတို့အနေဖြင့် မေ့လျော့နေသည်အချက်မှာ အလ္လာဟ် ဟို အရှင်မြတ် သည် မွတ်စလင်မ်များ နှင့် ရှီအာမွတ်စလင်မ်များ ကို လမ်းမှန် ပြနိုင်ရန် ထင်ရှားသည့် မီးရှုးတန်ဆောင် များ ကို ပြုထားခြင်း ပြီးနောက် မွတ်စလင်မ်များ အနေဖြင့် အလ္လာဟ်ဟို အရှင်မြတ် ၏ကျေးဇူးပြုမှု နှင့် ဘာသာရေးဆိုင်ရာ ပညာရပ်များ မှ အေလ်ဟာမ်(အလ္လာဟ်ဘက်မှ လှုံဆော်မှု ) ဖြင့် ရန်သူများ ရှိုင်တွာန်နီ အကြံအစည်များ ကို သိရှိလာစေခြင်း နှင့် တစ်နေ့ထက်တစ်နေ့ ကျမ်းတော်မြတ်ကုရ်အာန် အပေါ် လက်တွေ့ လိုက်နာကျင့်သုံးမှုတွင် ပိုမို၍ ခိုင်မာ လာခြင်းတို့ ဖြစ်ပါသည်။

 

မိုသရှာဗေဟာသ်အာယသ်တော်များကို ကိုးကားပြီး ကျမ်းတော်မြတ်ကုရ်အာန် အားဆန့်ကျင် သည့်တခြား ပရိယာယ် အကြံအစည်

 

အစောပိုင်းတွင် မဟာတမန်တော်မြတ် မိုဟမ္မဒ် (ဆွ) နှင့် မအ်စူးမ် (ပြစ်မဲ့) အေမာမ်များ (အ.စ) ၏ တာဝန် ဝတ္တရား တစ်ခုမှာ အလ္လာဟ်ဟို အရှင်မြတ် ၏ ဝဟီဗျာဒိတ်တော် အား အကျယ်ဖွင့်ဆို ရှင်းပြရန် ဖြစ်ကြောင်း ညွှန်ပြထားပြီး ဖြစ်ပါသည်။ အကြောင်းမှာ ကျမ်း တော်မြတ်ကုရ်အာန် တွင် မိုဟ်ကမာသ် အာယသ်တော်များ (လွယ်ကူသည့် အာယသ် တော်များ ) နှင့် မိုသရှာဗေဟာသ်အာယသ်တော်များ (ခက်ခဲသည့် အာယသ် တော်များ) ဟူ၍ ရှိပါသည်။ ပြီးနောက် အပြင်ပိုင်းနှင့် အတွင်း ပိုင်း ရှိကြောင်းကိုလည်း ပထမ ညွှန်ပြထားပြီး ဖြစ်ပါသည်။ ၎င်းပညာရပ်များကို ၏ အနက်အဓိပ္ပာယ် အား မဟာတမန် တော်မြတ် မိုဟမ္မဒ် (ဆွ) နှင့် မအ်စူးမ် (ပြစ်မဲ့) အေမာမ်များ (အ.စ) နှင့် အလ္လာဟ်ဟို အရှင်မြတ်၏ ပညာရပ်များ ကို တတ်သိသူများ မှအပ အခြား မည်သူမျှ အကျယ် တဝင့် သိရှိနားလည်ရန် မဖြစ်နိုင်ချေ။ ၎င်းအာယသ်တော်များ ၏ အကျယ် ဖွင့်ဆိုချက် နှင့် ရှင်းလင်းတင်ပြချက်ကို အဲဟ်လေ့ဘိုက်အဲဟ်လေ့ဘိုက်(အ.စ) ၏ကျောင်းဆင်း ရှီအာ မွတ်စလင်မ်များ မှ အပ အခြားသူများ မပြုနိုင်ချေ။

 

အကြောင်းမှာ အသိဥာဏ်နှင့် အသိဥာဏ်ရှင်များ ၏ ဘဝကျင့်စဉ် မှ ဂျဟေလ်(ပညာမဲ့) အနေဖြင့် အာလင်မ် (ပညာရှင်) ဘက်သို့ လှည့်ရန် အရေးကြီးကြောင်း အမိန့်ပေးပါသည်။ ဤအတွက်ကြောင့် ကျမ်းတော်မြတ်ကုရ်အာန် နှင့် သာသနာ ၏ ပညာရပ်များ ကို နားလည် သဘောပေါက်ရန်အတွက် အလ္လာဟ်ဟို အရှင်မြတ် ၏ ကျမ်းတော်မြတ်ကို ယူဆောင်လာသူ (မဟာတမန်တော်မြတ် မိုဟမ္မဒ် (ဆွ) နှင့် မအ်စူးမ် (ပြစ်မဲ့) အေမာမ်များ (အ.စ)နှင့် အဲဟ်လေ့ဘိုက်(အ.စ) ၏ကျောင်းဆင်းများ (အိုလမာယေရှီအာ) ဘက်သို့ လှည့်ရန်မှအပ အခြား လမ်းမရှိချေ။ သို့သော် ရှိသမျှ မနုဿလူသားများ အသိဥာဏ်ရှင်များ ၏ဘဝကျင့်စဉ် ကို လိုက်နာ ရန်သို့မဟုတ် မိမိတို့ အသိဥာဏ် နှင့်နားလည်မှု နှင့်နားလည်အောင်ပြုပေးမှု ဆိုင်ရာ ယုတ္တိဗေဒနိယာမအတိုင်း လိုက်နာကျင့်သုံးရမည် ဟု၍ မဆိုလိုချေ။

 

လူသားများကို လမ်းလွဲလမ်းမှားရန် အတွက်သာ ပြုလုပ်သည့်သူများ လည်း ရှိကြပါ သည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတွင် အမြဲ တစေ သံသယ ပြဿနာ ဖြစ်အောင်လုပ်ရန် ဖန်တီးရန် မှ အပ အခြား အလုပ်မရှိကြပေ။ ကျမ်းတော်မြတ် ကုရ်အာန် မှ လည်း ဤ ကိစ္စ နှင့်ပတ်သက်ပြီး ကြို၍ မိန့်တော်မူထားပါသည်။

 

وَ هُوَ الَّذِی أَنزَلَ عَلَیکَ الکِتَابَ مِنهُ آیَات مُحکَمَات هُنَّ أُمُّ الکِتَابِ وَ أُخَرُ مُتَشَابِهَات فَأَمَّا الَّذِینَ فِی قُلُوبِهِم زَیغ فَیَتَّبِعُونَ مَاتَشَابَهَ مِنهُ ابْتِغَائَ الْفِتنَةِ وَ ابْتِغَائَ تَأوِیْلِهِ وَ مَا یَعلَمُ تَأوِیلَهُ اِلاَّ اللّٰهُ وَ الرَّاسِخُونَ فِی العِلمِ یَقُولُونَ آمَنَّا بِهِ کُلّ مِن عِندِ رَبِّنَا وَ مَایَذَّکَّرُ اِلاَّ أُولُوا الأَلبَابِ[1].

 

အဓိပ္ပာယ် ။ ။ ၎င်း(အရှင်မြတ်)မှ အသင် (တမန်တော်မြတ် (ဆွ) ) အပေါ်သို့ ကျမ်းတော်မြတ် ကို ကျပေးသနားတော်မူခဲ့ပါသည်။ ၎င်းကျမ်းတော်မြတ် တွင် အချို့ သည် မိုဟ်ကန်မ် (ခိုင်ခံ့ပြီး ရှင်းလင်းပြတ်သားသည့်အာယသ်တော်များ ဖြစ်ပါသည်။ ထိုသည် ကျမ်းဂန် အစစ်၊ ပင်းမ ဖြစ်ပါသည်။ အချို့ အာယသ်တော်များသည် မိုသရှာဗေ အာယသ်တော်များ (အဓိပ္ပာယ် ခက်ခဲ သည့် အာယသ်တော်များ) ဖြစ်ပါသည်။ ၎င်းတို့၏ စိတ်နှလုံးသား ကောက်နေသူများသည် ပြဿနာ လုပ်လို့ရရန် ဖန်တီးနိုင်ရန် မိုသာရှာ ဗေဟာသ် အာယသ် တော်များ နောက်သာ လိုက်လေသည်။ပြီးနောက် မိမိစိတ်အလို သဘောအတိုင်း အဓိပ္ပာယ်ကို ကောက်ကြယူကြပါသည်။ အမှန်တကယ် ၎င်း အာယသ် တော်များ အဓိပ္ပာယ် ဆိုလိုချက် ကို ပညာ သည် အလ္လာဟ်အရှင်မြတ် ထံတော်တွင် သာ ရှိပါသည်။ ထိုပြင် ပညာကို လွမ်းမိုးနိုင်သူများ ထံတွင်ရှိပါသည်။ ၎င်းတို့မှာ ပြောကြားသည်မှာ ကျွန်ုပ်တို့ သည် ဤ ကျမ်းတော်မြတ်အပေါ် သက်ဝင်ယုံကြည် ကြပါသည်။ အဓိပ္ပာယ် ထင်ရှား ပြတ်သားသည် အာယသ်တော်များ ဖြစ် အဓိပ္ပာယ်ခက်ခဲသည့် အာယသ်တော်များ သည် အလ္လာဟ် ဟို အရှင်မြတ် ဘက်တော်မှ ဖြစ်ပါသည်။ ဤအချက်အား အသိဥာဏ် ရှိသူများ မှ မမည်သူမျှ နားလည် နိုင်မည် မဟုတ်ချေ။

 

          မိုဟ်ကန်မ်မာသ် အာယသ်တော်များ ဆိုသည်မှာ ၎င်းအာယသ်တော်၏ အဓိပ္ပာယ်မှာ ရှင်းလင်း ပြတ် သားသည့် အာယသ်တော်များကို ခေါ် ဆိုပါသည်။ ၎င်းအာယသ်ဆိုင်ရာ ပညာရပ် များ သည် သံသယ ဖြစ်နိုင်စရာမရှိချေ။ ဤအာယသ်တော်များတွင် ကျမ်း တော်မြတ် ကုရ်အာန် ဆိုင်ရာ ပညာရပ်များ ၏ နိယာမများ နှင့် အရေးကြီးမှုများ ပါဝင်ပါသည်။ ဤ အာယသ် တော်များ ၏ဆန့်ကျင်ဘက် အာယသ်တော်များ မှာ မိုသာရှာဗေဟာသ် အာယသ်တော်များ ဖြစ်ပြီး မိုဟ်ကန်မ်မာသ် အာယသ်တော်များကို အမှီ မပြုဘဲ နားမလည် နိုင်ချေ။ ရှိသမျှ လူသား အားလုံး ၎င်း အာယသ်တော်များ ၏ အနက်အဓိပ္ပာယ် ကို သိရမည် နားလည်ရမည် ဟုလည်းမဆိုလိုချေ။ ကျမ်းတော်မြတ် ကုရ်အာန် ၏ ဤအာယသ်တော်များ ကို မိုသာရှာဗေဟာသ် (ခက်ခဲနက်နဲသည့် အဓိပ္ပာယ် များကိုဆောင်သည့်အာယသ်တော်များ ) ဟုခေါ်ဆိုပါသည်။

 

          ကျမ်းတော်မြတ်ကုရ်အာန် မှာ မိုဟ်ကန်မ်မာသ် အာယသ်တော်များ နှင့် မိုသာရှာ ဗေဟာသ် အာယသ်တော်များ ကို မဟာတမန်တော်မြတ် မိုဟမ္မဒ် (ဆွ) နှင့် မအ်စူးမ် (ပြစ်မဲ့) အေမာမ်များ (အ.စ) ၏ သဖ်စီးရ် အကျယ်ဖွင့်ဆိုချက်များ ရှင်းလင်းချက်များ ဘက်သို့ မလှည့်ဘဲ လိုက်နာခြင်း ကို တားမြစ်ထားပါသည်။ ကျမ်းတော်မြတ်ကုရ်အာန် အနေဖြင့် မိုသာရှာ ဗေဟာသ် အာယသ်တော်များနောက်လိုက်သူကို စိတ်နှလုံးကောက်သူများ လမ်းလွဲလမ်းမှား သူများ အဖြစ် နားလည် သတ်မှတ်ထားပါသည်။ ပြီးနောက် မိန့်တော်မူပါသည်။ အကြင်မည်သူမဆို ကျမ်းတော်မြတ် ကုရ်အာန် ၏ မိုသာရှာ ဗေဟာသ် အာယသ်တော်များ ကို မိမိတို့၏ အတွေးအခေါ် ၊ နားလည်မှု နှင့် သက်ဝင်ယုံကြည်မှုများ အတွက် စံမှတ်ကျောက် အဖြစ် သတ်မှတ်မည်ဆိုလျှင် ထိုသူသည် မိမိစိတ်အလိုအရ ကျမ်းတော်မြတ်ကိုရ်အာန် အား အဓိပ္ပာယ်ကောက်သူ ၊ ကုရ်အာန်ကို ပြောင်းလိုက်သူ နှင့် ပြဿနာ ကို ဖန်တီးလိုသူဖြစ်ပါသည်။ ကျမ်းတော်မြတ် ကုရ်အာန် ၏ အဆို အရ မိုသာရှာ ဗေဟာသ် အာယသ်တော်များ ကို အလ္လာဟ်ဟိုအရှင်မြတ် နှင့် ပညာကို လွမ်းမိုးနိုင်သူများ နှင့် မအ်စူးမ် (ပြစ်မဲ့) အေမာမ်များ (အ.စ) မှအပ မည်သူမျှ မသိရှိချေ။ ပညာကို လွမ်းမိုးနိုင်သူများဆိုသည်မှာထိုသူများ ဖြစ်ပါသည်။ ၎င်းတို့သည် စိတ်နှလုံးသားနှင့် အလ္လာဟ်၏ ကျေးကျွန်ပီသအောင်ပြုရန်ကို သဘောတူ ထားပြီး ကျွန်ုပ်တို့သည် ကျမ်းတော်မြတ် ကုရ်အာန် အပေါ် သက်ဝင်ယုံကြည်ပါသည်ဟု ပြောဆို ကြသူများ ဖြစ်ပါသည်။ ကျမ်းတော်မြတ်ကုရ်အာန် ၏ မိုဟ်ကန်မ်မာသ် အာယသ်တော်များ ဖြစ်စေ မိုသာရှာ ဗေဟာသ် အာယသ်တော်များ ဖြစ်စေ အလ္လာဟ် ဟို အရှင်မြတ် ဘက်မှ ဖြစ်ပါ သည်။

 

****************************************************************

END / 251

[1]စူရာဟ် အာလေ့ အင်န်မရာန် ၊ အာယသ်တော်အမှတ် ၇