အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၈ ဖေဖော်ဝါရီ ၂၀၂၂

၂၀:၂၇:၁၈
1227530

အစ္စရေး ထောက်လှမ်းရေး Mossag လေယာဉ် ကာတာ နိုင်ငံ ဒိုဟာလေဆိပ် တွင် ဆင်းသက်

အစ္စရေး ဇီယွန်ဝါဒီ တို့၏ လေယာဉ် တစ်စင်းသည် ကာတာ နိုင်ငံ ဒိုဟာ လေဆိပ်တွင် ဆင်းသက် ခဲ့ကြောင်း အစ္စရေး သတင်းဌာန မှ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။


Fars News Agencyသတင်းဌာန ၏ သတင်း အထောက်များ အရ အစ္စရေး ဇီယွန်ဝါဒီ တို့၏ လေယာဉ် တစ်စင်းသည် ကာတာ နိုင်ငံ ဒိုဟာ လေဆိပ်တွင် ဆင်းသက် ခဲ့ကြောင်း အစ္စရေး သတင်းဌာန မှ မိမိ၏ တွစ်တာ တွင် ဖော်ပြထားပါတယ်။

အစ္စရေး ဇီယွန်ဝါဒီ သတင်းဌာန မှ ကာတာ နိုင်ငံ ၏ အပြည်ပြည်ဆိုင်ရာ ဒိုဟာ လေဆိပ်တွင် ဆင်းသက်သည့်လေယာဉ် မှာ ကိုယ်ပိုင် လေယာဉ် ဖြစ်ကြောင်း ပြောဆိုထားပါတယ်။

အစ္စရေး ဇီယွန်ဝါဒီ သတင်းဌာန မှ မိမိ၏ တွစ်တာ တွင် မော့ဆက်အတွက် လုပ်ဆောင်ခဲ့သည့် အစ္စရေး ကိုယ်ပိုင်လေယာဉ် N467AM သည် ကာတာမြို့တော် ဒိုဟာသို့ ရောက်ရှိခဲ့ကြောင်း ရေးသားခဲ့သည်။

ဤ သတင်း အား အစ္စရေး ဇီယွန်ဝါဒီ သတင်းဌာန Can, Etai Blumenthal ၏ သတင်းထောက်မှ ဤလေယာဉ်ရဲ့ လမ်းကြောင်းပုံတွေကို မျှဝေရင်း ဤ သတင်းကို ထုတ်လွှင့်ခဲ့ခြင်း ဖြစ်ပါတယ်။

လွန်ခဲ့သည့် ရှစ်ရက်အကြာတွင် အစ္စရေးသမ္မတ၏ လေယာဉ်လမ်းကြောင်းပြောင်းသွားသည့် သတင်းထွက်ပေါ်ပြီးနောက် ယူအေအီးတွင် အစ္စရေးစစ်တပ် လေယာဉ်တစ်စင်း ဒိုဟာ၌ ဆင်းသက်သည့်သတင်း ထွက်ပေါ်လာသည့် အခြေအနေတွင် ထွက်ပေါ်လာခြင်းဖြစ်တယ်။

ဒိုဟာ အနေဖြင့် အထက်ပါ သတင်း ၂ခု စလုံး နှင့်ပတ်သက်ပြီး မည်သည့် သတင်းမှ ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း သိရှိရပါတယ်။

****************************************************************

END / 251