အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အလလွတ်ရှ်ရှရာယေအ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام الرضا علیه السلام:
مَنْ زَارَنِي عَلَى بُعْدِ دَارِي أَتَيْتُهُ يَوْمَ الْقِيَامَةِ فِي ثَلَاثِ مَوَاطِنَ حَتَّى أُخَلِّصَهُ مِنْ أَهْوَالِهَا إِذَا تَطَايَرَتِ الْكُتُبُ يَمِيناً وَ شِمَالًا وَ عِنْدَ الصِّرَاطِ وَ عِنْدَ الْمِيزَانِ.
အေမာမ် ရေဇာ (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« အကြင်မည်သူ မဆို ဝေးကွာနေ သည့် ခရီးစဥ် ဖြစ်လျက် ကျွန်ုပ် ၏ ဇေယာရသ် အတွက် လာရောက်မည် ဆိုလျင် ကျွန်ုပ် အနေဖြင့် ကေယာမသ်နေ့ တွင် ၎င်းအား ကြောက်မက်ဘွယ်ဘေး များ မှ ကယ်တင်ရန် နေရာ သုံးနေရာ တွင် လာရောက် မည်ဖြစ်ပါသည်။
(ပထမနေရာ) လက်ယာ ဘက် မှ ကုသိုလ်များ နှင့် လက်ဝဲဘက် မှ အကုသိုလ်များ အတွက် စာရင်းပေးရချိန်။
(ဒုတိယ နေရာ ) ဆွေရာသွ် တံတား ပေါ် မှ ဖြတ်လျှောက်ရချိန်။
(တတိယနေရာ ) မီဇာန်(ခ) ချိန်ခွင် ချိန်ခြင်း တစ်နည်းအားဖြင့် ကောင်းမှု နှင့် မကောင်း မှုများ ကို မည်သည့် အရာသည် ပိုများကြောင်း သိရန် ချိန်ချိန် တို့ဖြစ်ပါတယ်။ »
ကျမ်းကိုး ။ ။ ဝစာအေလွတ်ရှ်ရှီအဟ် ကျမ်း၊ အတွဲ ၁၀ ၊ စာမျက်နှာ ၄၃၃
ရှင်းလင်းချက် အကျဥ်း - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ကျနော်တို့ အနေဖြင့် အေမာမ် ရေဇာ (အ.စ) ၏ ဇေယာရသ် ၏ ကြီးကျယ်မြင့်မြတ် မှု ၊ အကျိုး ရလဒ် ကို ထင်ရှား စွာ သိမြင်ရမည် ဖြစ်ပါတယ်။ ဤ အတွက်ကြောင့် မိမိတို့သက်တမ်း တွင် ရသလောက် ကိုယ်တိုင် ဖြစ်စေ ၊ ကိုယ်စားလှယ် နှင့် ဖြစ်စေ အေမာမ် ရေဇာ (အ.စ) ၏ဇေယာရသ်များ ပြုနိုင်အောင် အထူး ကြိုးစားရမည် ဖြစ်ပါတယ်။ ကိုယ်တိုင် ဇေယာရသ် ပြုချိန် မရ်ဟွန်မ်များဖြစ်သွားသည် ဖြစ်စေ အသက်ရှင်လျက်ရှိ နေသည် ဖြစ်စေ မိမိ တို့၏ အထက် ဆက်ဆက် အောက် ဆက်ဆက် မိသားစုဝင်များ ၊ဆွေမျိုး သားချင်း များ ၊ မိုအ်မင်မင်များ ၊ မိုအ်မေနသ်များ ကို သတိရပေးပြီး ၎င်းတို့ ကိုယ်စား ဇေယာရသ် ပြုပေးသင့်ပါတယ်။ ပြီးနောက် အေမာမ် ရေဇာ (အ.စ) ၏ ဇေယာရသ် ပြုသူများ ကို မိမိတို့နိုင်သည့် ငွေရေးကြေးရေး အကူအညီ အခြား အကူအညီများ ပေးနိုင် အောင် ကြိုးစားရမည် ဖြစ်ပါတယ်။ ယနေ့သည် အေမာမ် ရေဇာ (အ.စ) မွေးနေ့ရက်မြတ် မင်္ဂလာနေ့ မြတ် ဖြစ်၍ အေမာမ် ကိုအချစ်ထားသူ ယောက်တိုင်း အေမာမ် ဇေယာရသ်များ အကြိမ်ကြိမ် ရကြပါစေ ။ မရ်ဟွန်မ်များ ဖြစ်သွား ကြလျင်လည်း ယောက်တိုင်း အေမာမ် ရေဇာ (အ.စ) ၏ ရှဖာအသ်များ ရကြပါစေ။
****************************************************************
END / 251
Your Comment