၉ မေ ၂၀၂၅ - ၁၄:၃၅
နေမကောင်းသူ၊မကျန်းမာသူအနေဖြင့် မတ်တပ် ရပ်၍ နမာဇ် ဝတ်မပြုနိုင်သည့် အခြေအနေတွင် ကဇွာနမာဇ် ကို မည်သို့ ဝတ်ပြုရမည်နည်း?

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ နေမကောင်းသူ၊မကျန်းမာသူအနေဖြင့် မတ်တပ် ရပ်၍ နမာဇ် ဝတ်မပြုနိုင်သည့် အခြေအနေတွင် ကဇွာနမာဇ် ကို မည်သို့ ဝတ်ပြုရမည်နည်း? ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ နေမကောင်းသူ၊မကျန်းမာသူအနေဖြင့် မတ်တပ် ရပ်၍ နမာဇ် ဝတ်မပြု နိုင် သည့် အခြေအနေတွင် ကဇွာနမာဇ် ကို မည်သို့ ဝတ်ပြုရမည်နည်း?   ဆိုင်ရာ ဥပဒေ ၏ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ  ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။

မေးခွန်း

အကယ်၍ နေမကောင်း ၊ မကျန်းမမာဖြစ်နေပါတယ်။ ဒါကြောင့် ကဇွာ နမာဇ် များ ကို ထိုင်၍ ဖတ်လို့ရပါ သလား ?

အဖြေ

ရပါတယ်။

အကြံပြုချက် -  အထက်ဖော်ပြ ပါ ဖြေကြားချက်ကို ကြည့် ၍ သတိပြုစရာ တစ်ခု ရှိပါတယ်။ နေမကောင်းသူ၊ မကျန်းမာသူအနေဖြင့် မတ်တပ် ရပ်၍ နမာဇ် ဝတ်ပြုနိုင်မည် တစ်နည်း အားဖြင့် မတ်တပ် တော့ ရပ်နိုင်ပြီး ရကူလည်း အဆင်ပြသလောက် ပြုနိုင်မည် ဆိုလျင် ထိုင်၍ ဝတ်မပြုမိအောင် ဂရုပြုရပါမည်။ မတ်တပ်ရပ်နိုင် လျက် ရကူသွားနိုင်လျက် ထိုင်၍ ဖတ်လျင် ၎င်းနမာဇ်သည် မပိုင်ချေ။ အထက်ပါမေးခွန်း တွင် နေမကောင်း ၊ မကျန်းမမာဖြစ် နေသူသည် မတ်တပ်ရပ်၍ မရသည့် အခြေအနေတွင် မေးထားခြင်း ဖြစ်ပါတယ်။ အနှစ်ချုပ်အားဖြင့် အကြောင်းအမျိုးမျိုးကြောင့် နမာဇ် ကို ပုံမှန် အနေအထားနှင့် ဝတ်မပြုနိုင်လျင် မိမိ ပြုနိုင်သည့် အနေအထား အရ ဝတ်ပြုရမည်ဖြစ်ပါတယ်။ ပမာအားဖြင့် မတ်တပ် ရပ်နိုင်တယ်၊ ရကူသွားနိုင်တယ် ၊ အောက်အထိသွား၍ စဂျ်ဒဟ် ပြုရန် မဖြစ်နိုင်လျင် မထတ်ရပ်ပြီး ရကူပြုနိုင်သလောက် ပြုပြီး စဂျ်ဒဟ်ပြုချိန် ထိုင်ပြီး အမြင့် တစ်ခု အပေါ်  စဂျ်ဒဟ်ဂဟ် ထားပြီး စဂျ်ဒဟ် ပြုရမည် ဖြစ်ပါတယ်။

ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha