၁၆ အောက်တိုဘာ ၂၀၂၅ - ၂၂:၁၀
အာခေရသ် တွင် နေရာကောင်း ရရန် အတွက် နမာဇ်

အာခေရသ် တွင် နေရာကောင်း ရရန် အတွက် နမာဇ် ဖတ်နည်း ကို H.I ဆယက်ဒ် မိုသဇာ အလီ ဇိုက်ဒီ မှ တရားပွဲ တစ်ခု တွင် ဟောကြားခဲ့တာဖြစ်ပါတယ်။ အဗ်နာ ချစ် ပရိတ်သတ်များ အတွက် တင်ပြလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 မနုဿလူတိုင်း ဟာ မွေးတစ်နေ့ ဖြစ်သလို သေတစ်နေ့ ဖြစ်၍ အာခေရသ် ခရီး ကို ဖြတ်သန်းရမှာ ဖြစ်ပါတယ်။ H.I ဆယက်ဒ်  မိုသဇာ အလီ ဇိုက်ဒီ မှ တရားပွဲ တစ်ခု တွင်  ဟောကြားခဲ့ချက် ကို အခြေခံပြီး တင်ပြရမည် ဆိုလျင် ကြာသပတေးည တိုင်း  ဤ အခွင့် အရေး အာခေရသ် တွင် နေရာကောင်း ရရန် အတွက် နမာဇ်  ဝတ်ပြုရေး ကို ပြုလုပ်သင့်ပါတယ်။

အာခေရသ် တွင် နေရာကောင်း ရရန် အတွက် နမာဇ်   ကို ဤကဲ့သို့ နီယသ် ပြုရပါမည် ။ ကျနော်မျိုး သို့မဟုတ် ကျမမျိုး  နမာဇ် ၂ရကတ် ဝတ်ပြုပါတယ်။ ဤနမာဇ် ၏ ဆဝါးဗ် ကို  တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ အွန်မသ် ၏ ရှိသမျှ မရ်ဟွန်မ်တိုင်း အား ဟဒီရဟ် ပေးရန် ဝတ်ပြုပါ၏။

၂ရကတ်သ် ဖြစ်ပါတယ်။

ပထမရကတ်သ်   တွင် စူရဟ် ဟမ်ဒ် ၊ စူရဟ် ကာဖေရူးန် နှင့် စူရဟ် သောင်ဟီးဒ်  ကို ဖတ်ရမည်။

ဒုတိယရကတ်သ် တွင်လည်း ပထမရကတ်သ် အတိုင်း စူရဟ် ဟမ်ဒ် ၊ စူရဟ် ကာဖေရူးန် နှင့် စူရဟ် သောင်ဟီးဒ်  ကို ဖတ်ရမည်။

ပြီး‌နောက် ဤနမာဇ် ၏ ဆဝါးဗ် ကို  တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ အွန်မသ် ၏ ရှိသမျှ မရ်ဟွန်မ်တိုင်း အား ဟဒီရဟ် အဖြစ် အလ္လာဟ် ဟို အရှင်မြတ် လက်ခံပေးရန် အရှင် ထံ ဒိုအာ ပြုရမည် ဖြစ်ပါတယ်။

အင်န်ရှာအလ္လာဟ် အလ္လာဟ် ဟို အရှင်မြတ် အနေဖြင့် ဤ နမာဇ် ၏ ဆဒ်ကဟ် ဖြင့် နမာဇ် ဝတ်ပြုသူ၏ ဗရ်ဇက်ခ် ကို ကောင်းမွန်စေမှာဖြစ်ပြီး ၎င်း အား အာခေရသ် တွင် နေရာကောင်း ချီးမြှင့် ပေးသနား မှာ ဖြစ်ပါတယ်။

 H.I ဆယက်ဒ်  မိုသဇာ အလီ ဇိုက်ဒီ ၏ အဆိုအရ ကျနော်တို့ လက်ရှိ လောကီမှာတောင်း အိမ်ကောင်းကောင်း နေရာ ကောင်းကောင်း   ပိုင်ဆိုင် နိုင်ဖို့ ကြိုးပမ်းကြသလို အာခေရသ် မှာ နေရာကောင်း နေနိုင်ရန် ကြိုးပမ်း သင့်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Your Comment

You are replying to: .
captcha