၁၇ အောက်တိုဘာ ၂၀၂၅ - ၂၃:၁၆
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဗဲဟ်ဂျသ် (ရ.ဟ) မှ ဖာသေဟဟ် ကဘီးရဟ် ဆိုပြီး ဖတ်ဖို့ မိန့်ခဲ့ ပါသလား?

လူမှု ကွန်ယက် မီဒီယာ စာမျက်နှာ တွင် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဗဲဟ်ဂျသ် (ရ.ဟ) မှ ဖာသေဟဟ် ကဘီးရဟ် ဆိုပြီး ဖတ်ဖို့ မိန့်ခဲ့သည်ဆိုပြီး မကြာမကြာတက်လာသည်ကို တွေ့ မြင်ရပါတယ်။ ဤအတွက်ကြောင့် အာယာသွလ္လာဟ် ကြီး(ရ.ဟ) မှ မိန့်ခဲ့ ၊မခဲ့ကို အာယာသွလ္လာဟ် ကြီး (ရ.ဟ) ၏ တရားဝင် ရုံးတာဝန်ခံ တစ်ဦး အား မေးမြန်း ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

လူမှု ကွန်ယက် မီဒီယာ စာမျက်နှာ တွင် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဗဲဟ်ဂျသ် (ရ.ဟ) ထံ တစ်ဦး တစ်ယောက် မှ မိမိ ၏ အခက်အခဲများ၊ ဒုက္ခ သောကများ အကြောင်း လျှောက်ထား တင်ပြရာ အာယာသွလ္လာဟ် (ရ.ဟ) မှ ဖာသေဟဟ် ကဘီးရဟ် ဘာကြောင့် မဖတ်သနည်း? ဟုမိန့်လေ၏။

ထိုအခါ လျှောက်ထားသူမှ ဖာသေဟဟ် ကဘီးရဟ် ဆိုတာ မည်သည်ကို ပြောသည်ဖြစ်ကြောသ်း မေးမြန်း လျှောက်ထား လေ၏။

အာယာသွလ္လာဟ် (ရ.ဟ) မှ အဖြေပေး မိန့်ကြားလေ၏။

ဖာသေဟဟ် ကဘီးရဟ် ဆိုသည် မှာ

စူရဟ် ဟမ်ဒ် ၁ကြိမ်

ကွန်လ် လေး ခု ၁ ကြိမ်

စူရဟ် ကဒဲရ် ၇ကြိမ်

အာယသိုလ်ကုရ်စီ ၃ကြိမ်

မရ်ဟွန်မ် တစ်ဦးဦး အတွက် ဖတ်ပေး ခြင်း ဖြစ်ပါတယ်။ဤသို့ဖြစ် ဖတ်ပေးသူ၏ အခက်အခဲများ ၊ ဒုက္ခ သောကများ သည် အဆင်ပြေ သွားမည် ဖြစ်ပါတယ်။ ဤ လုပ်ရပ်သည် မရ်ဟွန်မ် ၊ မရ်ဟွန်မဟ် အတွက် တန်ဖိုးကြီးမား သည့် ရတန သိုက် တစ်ခု ပမာ ဖြစ်ပါတယ်။ ဟု လာရှိပါတယ်။

ဤအတွက် အဗ်နာ သတင်းဌာန မှ တာဝန် ရှိသူ တစ်ဦးသည် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဗဲဟ်ဂျသ် (ရ.ဟ) ၏ တရားဝင်ရုံး ရှိ တာဝန် ရှိသူ တစ်ဦး ဖြစ်သည့် H.I မိုကဒန်မ် ထံ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဗဲဟ်ဂျသ် (ရ.ဟ) မှ ဖာသေဟဟ် ကဘီးရဟ် ဆိုပြီး မိန့်ထားတာ ရှိမရှိကိုမေးမြန်း ခဲ့ပါတယ်။

H.I မိုကဒန်မ် မှ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဗဲဟ်ဂျသ် (ရ.ဟ) မှ ဖာသေဟဟ် ကဘီးရဟ် ဆိုပြီး မိန့်ထားခြင်း မရှိကြောင်း မီဒီယာ တွင် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဗဲဟ်ဂျသ် (ရ.ဟ) မှ ဖာသေဟဟ် ကဘီးရဟ် ဆိုပြီး မိန့်ထားသည်ဟု ရေးသားထားချက်မှာ စွပ်စွဲ ထားမှုသာ ဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။

ဤအတွက်ကြောင့် မိုအ်မင်န် ၊ မိုအ်မေနသ် များ အနေဖြင့် မီဒီယာ ပေါ် တွင် ဘာသာရေး နှင့်ပတ်သက်သည့်  မြင်ရသည့် အရာတိုင်း ကို အလွယ်တကူ မယုံကြပါရန် သက်ဆိုင်ရာ ဝာာဝန်ခံ အာလင်မ်ကြီး ထံ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် မေးမြန်းခြင်း ၊ ကျမ်းကိုး အတိအကျကို လေ့လာ သုံးသပ်ခြင်းများ ကို အသုံး ပြုပြီး ယုံကြရန် တိုက်တွန်း အကြံပြုအပ်ပါတယ်။မရ်ဟွန်မ်၊ မရ်ဟွန်မဟ် အတွက် စူရဟ်များဖတ်ပေးပြီး ဟဒီယဟ် ပြုပေး ခြင်းသည် ပြဿနာ မရှိ‌ကြောင်းကိုလည်း သတိပြုထားသင့်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha