အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မကာရေမ်မိုလ်အခ်လာက် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام الصادق (عليه السلام):
خَيْرُ الرِّجالِ مِن اُمَّتِى الَّذينَ لا يَتَطاوَلونَ عَلى اَهليهِم و يَحِنُّونَ عَلَيهِم وَ لا يَظلِمونَهُم.
အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« ကျွန်ုပ်၏ အွန်မသ် (နောက်လိုက်နောက်သား ရှီအဟ်များ ) တွင် အကောင်းတကာအကောင်းဆုံး အမျိုးသား မှာ မိမိ၏ မိသားစု အပေါ် ကြမ်းတမ်းစွာ မဆက်ဆံသူ (တစ်နည်းအားဖြင့် ညင်သာစွာ ဆက်ဆံသူဖြစ်ပါသည်။ ) မိသားစု ကို မစော်ကားချေ။ မိသားစု ကို သနားကြင်နာသူ ဖြစ်ပါသည်။ မိသားစု အပေါ် ညှဥ်းပန်း နှိပ်စက်ခြင်း ကို မပြုချေ။ »
ကျမ်းကိုး ။ ။ မကာရေမ်မိုလ်အခ်လာက် ကျမ်း၊ စာမျက်နှာ ၂၁၆
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး ရှီအဟ် များတွင် အကောင်း တကာ အကောင်းဆုံး စာရင်း ဝင်ရန် အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် ( အ.စ) ၏ဟဒီးစ်တော် အတိုင်း ကျနော်တို့တွေ ဘဝတည်ဆောက် နိုင်အောင် ကြိုးပမ်းရမည် ဖြစ်ပါတယ်။ မိမိမိသားစုဝင်များ ကို ညင်သာစွာဆက်ဆံ ဖို့ အထူးသတိပြုရမည့် ကိစ္စ ဖြစ်ပါ တယ်။ အကြောင်းမှာ တစ်ချို့သည် မိမိအိမ်သားများ နှင့် စကားပြောသည့် အခါ အဆဲနှင့် စကားပြောလေ့ ရှိသည့် အတွက်ကြောင့် ဖြစ်ပါတယ်။ထိုပြင် အေမာမ် မိန့်ကြားထားသည့် ဟဒီးစ်တော် လာ အခြား အချက်များကိုလည်း သတိပြု လိုက်နာ နိုင်ရန် ကြိုးပမ်းရမည် ဖြစ်ပါတယ်။
****************************************************************
END / 251
Your Comment