အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahartv ၏ အစီရင်ခံစာ အရ အာဖဂန်နစ္စတန် တင့်ကားခြောက်စီး ဖျက်ဆီးပြီး တာလီဘန်တို့ အပြင်းအထန် အသေ အပျောက်ရှိခဲ့ကြောင်း ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် နယ်စပ်တွင် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွား နေသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိပါတယ်။
ပါကစ္စတန် နှင့် အာဖဂန်နစ္စတန်နယ်စပ်တွင် ခေတ္တ ငြိမ်သက်ပြီးနောက်တွင် တိုက်ပွဲများထပ်မံဖြစ်ပွားခဲ့ပြီး ကရမ် ၏ အနောက်မြောက်ပိုင်းနယ်စပ်ဒေသကို အာဖဂန်တာလီဘန်တို့က ပြင်းထန်စွာ ပစ်ခတ်မှုကြောင့် ပါကစ္စတန် စစ်တပ်က လက်တုံ့ပြန်ခဲ့သည်ဟု သိရပါတယ်။
ပါကစ္စတန်စစ်တပ်၏ အဆိုအရ အာဖဂန် တာလီဘန် တင့်ကား ၆ စီးနှင့် လေယာဉ်ပေါ်ရှိ ဝန်ထမ်းများ အားလုံး ဖျက်ဆီးခံခဲ့ရပြီး တာလီဘန် စခန်းအများအပြားလည်း ပြင်းထန်စွာ တိုက်ခိုက်မှု ခံခဲ့ရကြောင်း သိရပါတယ်။
ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့များ၏ ပြောကြားချက်အရ အာဖဂန် တာလီဘန်တို့၏ ရှမ်ရှာဒ် နှင့် နရ်ဂစာရ် နယ်ခြား စခန်းများကို ဖျက်ဆီးခဲ့ပြီး သဟ်ရီးက် တာလီဘန် ပါကစ္စတန် ၏ အဖွဲ့ဝင် များစွာ အပါအဝင် နယ်ခြားစောင့်တပ် အမြောက် အများ သေဆုံးခဲ့ကြောင်း သိရပါတယ်။
အာဖဂန် တာလီဘန်နှင့် TTP အကြမ်းဖက်သမားများသည် Balochistan၊ Spin Boldak ရှိ တည်နေရာ ၄ ခုကို တိုက်ခိုက်ခဲ့သည်ဟု ပါကစ္စတန်စစ်တပ်၏ Inter-Services Public Relations (ISPR) က ထုတ်ပြန်ခဲ့ပါတယ်။
သို့သော်လည်း ပါကစ္စတန်စစ်တပ်၏ တန်ပြန်တိုက်ခိုက်မှုကြောင့် အာဖဂန်တာလီဘန်တို့ ဆုတ်ခွာခဲ့ရပြီး ပါကစ္စတန်စစ်တပ်၏ စစ်ဆင်ရေးတွင် အာဖဂန်တာလီဘန်နှင့် TTP အကြမ်းဖက်သမား ၁၅ ဦးမှ ၂၀ ဦး သေဆုံးခဲ့ ကြောင်း သိရပါတယ်။
အခြားတစ်ဖက်တွင်၊ တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇဘီဟွလ္လာဟ် မိုဂျာဟစ်ဒ် ၏အဆိုအရကန်ဒ်ဟာရ် ပြည်နယ် စပရင်းန် ဗလိုဒတ်က် ခရိုင်တွင် ပါကစ္စတန်စစ်တပ်၏ တိုက်ခိုက်မှုကြောင့် အရပ်သား ၁၂ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
ပါကစ္စတန်တပ်ဖွဲ့များသည် စပရင်းန် ဗလိုဒတ်က် ဒေသကို ဗုဒ္ဓဟူးနေ့နံနက်တွင် အပေါ့စားနှင့် လက်နက်ကြီး များဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ဇဘီဟွလ္လာဟ် မိုဂျာဟစ်ဒ် က မိမိ ၏ X (ယခင် Twitter) စာမျက်နှာ တွင် ကြေငြာထားပါတယ်။
တာလီဘန်တပ်ဖွဲ့ဝင်များသည် ပါကစ္စတန်၏ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ကြောင်း ယင်းကြောင့် ပါကစ္စတန်စစ်သားအများအပြား သေဆုံးခဲ့ရသူဟု ဇဘီဟွလ္လာဟ် မိုဂျာဟစ်ဒ် က ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ၎င်းတို့၏ ကင်း စခန်းများနှင့် စခန်းများကို သိမ်းပိုက်ခဲ့ပြီး လက်နက်များနှင့် တင့်ကားများကို တာလီဘန်တို့က သိမ်းပိုက်ခဲ့ကြောင်း တိုက်ပွဲသည် နံနက် ၈ နာရီတွင် ပြီးဆုံးခဲ့ကြောင်း ဇဘီဟွလ္လာဟ် မိုဂျာဟစ်ဒ် က ပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းတွင် တိုက်ပွဲဖြစ်ပွားမှုသည် နံနက် ၄ နာရီမှ စတင်ခဲ့ပြီး နံနက် ၈ နာရီခန့်တွင် ရပ်တန့်ခဲ့ကြောင်း ကန်ဒဟာရ် ရှိ ဒေသခံသတင်းရင်းမြစ်များက ပြောပါတယ် ။ အဆိုပါ သတင်းရင်းမြစ်များ အဆိုအရ နှစ်ဖက် စလုံးမှ တိုက်ပွဲတွင် ဆုံးရှုံးမှုများ ရှိခဲ့ပြီး အရပ်သားများ သေဆုံး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
ကန်ဒါဟာရ် ပြည်နယ်မှ ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်များက ယခုအချိန်အထိ ရုပ်အလောင်း ၂၅ လောင်းနှင့် ဒဏ်ရာရသူ ၈၀ ကျော်ကို ဆေးရုံများသို့ လွှဲပြောင်းပေးထားကြောင်း အတည်ပြုခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment