၂၂ ဒီဇင်ဘာ ၂၀၂၅ - ၂၃:၅၅
ဆင်းရဲမွဲတေမှု ၏ အကြောင်းရင်း

အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် ဆင်းရဲမွဲတေမှု ၏ အကြောင်းရင်း နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဂိုရရိုလ်ဟေကမ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال امیرالمؤمنين علیه السلام:

سَبَبُ الفَقرِ الإسرافُ.

အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

« ဆင်းရဲ မွဲတေရခြင်း၏ အကြောင်းရင်းမှာ အလွန်အကျွံ သုံးစွဲခြင်း (ခ) ဖြုန်းတီးခြင်း ဖြစ်ပါသည်။  »

ကျမ်းကိုး ။ ။ ဂိုရရိုလ်ဟေကမ် ကျမ်း ၊ ဟဒီးစ်တော် အမှတ်တော် ၅၅၂၉

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ကျနော်တို့ အနေဖြင့် ဘယ်အတွက် ကြောင့် ဆင်းရဲ မွဲတေ ရသည်ကို သိရှိရမှာ ဖြစ်ပါတယ်။ ဤအတွက်ကြောင့် အထူးသတိပြု ရှောင်ကြဥ် ရမည် ဖြစ်ပါ တယ်။ တရားတော် အရ ရေတစ်ခွက်  သောက်ပြီး အနည်းငယ်ကျန် လို သွန်လိုက်ခြင်း ကို ဖြုန်းတီးခြင်းဟု ဆိုထားပါတယ်။  ဖြန်းတီးခြင်းဆိုသည်မှာ လိုအပ်သည်ထက် ပို၍ သုံးခြင်းကို ခေါ်ဆိုပါတယ်။ ဖြုန်းတီးသည် ဆိုသည့် အခါ  အစားအသောက်သာ လျင် မဟုတ်ဘဲ ၊ ငွေကြေး ၊ အချိန် စသည် တို့လည်း ပါဝင်ကြောင့် သိထား ရမည် ဖြစ်ပါတယ်။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha