အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Hawza News Agency ၏ အစီရင်ခံစာအရ အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျဝါဒ်ဒီ အာမိုလီ သည် စာသင်နှစ်သစ်အစတွင် » ဟောင်ဇဟ် နှင့် တက္ကသိုလ်များ ၏ ပညာရေးဘဝအပေါ် ဘာသာရပ်များ ၏ သက်ရောက်မှု « ခေါင်းစဉ်ဖြင့် မိန့် ကြားရာတွင် ကျမ်းတော်မြတ်ကုရ်အာန်သည် ဝိဇ္ဇာဗေဒဆိုင်ရာ လမ်းကြောင်း သစ်ကို ဖွင့်လှစ်လိုက်ပြီ ဟု မိန့်ကြားခဲ့ပါတယ်။
ဆက်လက်ပြီး «مَن فَقَدَ حسّاً فَقَدْ فَقَدَ علماً» အဓိပ္ပာယ် မှာ အကြင်မည်သူမဆို အသိဉာဏ် ပျောက်သွားလျင် ပညာသင်ကြားဖို့ ဆုံးရှုံး သွားရသည်ဖြစ်ကြောင်း ဤသည် အမှန်တရား ဖြစ်ကြောင်း သို့သော် ကျမ်းတော် မြတ် ကုရ်အာန် နှင့် တမန်မြတ် များ (အ.စ) ၏ သတင်းစကား မှာ «مَن فَقَدَ حسّاً فَقَدْ فَقَدَ علماً» ဆိုသည် မှာ သက္က်ဝါ တရားသာလျင် ပညာ အတွက် တံခါးဝ ဖြစ်ကြောင်း အမှန်တရား နှင့် အစစ် နှင့် အတု ၊ အကောင်း နှင့် အဆိုး အကြား ပိုင်းခြားမှုကို သက္က်ဝါ တရားသာလျင် ပြုနိုင်ကြောင်း မိန့်ကြားခဲ့ပါတယ်။
ထပ်လောင်း၍ ကျမ်းတော်မြတ် ကုရ်အာန် ၏ စူရဟ် အန်ဖါလ်၏ အာယသ်တော် အမှတ် ၂၉ တွင် အောက်ပါအတိုင်း အလ္လာဟ် ဟို အရှင်မြတ် မှ မိန့်ကြားထားပါတယ်။
«إِن تَتَّقُوا اللّهَ یجْعَل لَکُمْ فُرْقَاناً» အဓိပ္ပာယ် မှာ အကယ်၍ အသင်တို့ အနေဖြင့် အလ္လာဟ်၏ သက္က်ဝါတရားကို ဆုပ်ကိုင်ထားမည် ဆိုလျင် အလ္လာဟ် ဟို အရှင်မြတ် သည် အသင်တို့အား အမှန် နှင့် အမှား ကို ပိုင်းခြားနိုင်သော စွမ်းအား နှင့် အရည် အချင်း ကို ပေးသနားတော်မူပေမည်။
ဤအတွက်ကြောင့် ဟောင်ဇဟ် တွင် ပညာ ဆည်းပူးနေသူများ ဖြစ်စေ တက္ကသိုလ်များ တွင် ပညာသင် ယူနေသူများ ဖြစ်စေ အာရုံပြုခြင်း အပေါ် သာ မှီခိုအားထားခြင်း မအောင်မြင်ကြကြောင်း အကြောင်း မှာ ၎င်းတို့ အနေဖြင့် ဝဟီ ( ကုရ်အာန် ) မှ လမ်းညွှန် ထားသည့် သက္က်ဝါ (သီလ ၊သမာဓိ ) ကို အခြေမခံကြသည့် အတွက်ကြောင့် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျဝါဒ်ဒီ အာမိုလီ ၏မိန့်ကြားခက် အနှစ် ချုပ်မှာ သာသနာ့ ကျောင်းသားဖြစ်စေ ခေတ် ပညာ ကျောင်းသားဖြစ်စေ သက္က်ဝါ (သီလ၊သမာဓိ ) မရှိလျင် အလ္လာဟ် ဟို အရှင်မြတ် ၏ အမြင် ၌ အောင်မြင်သူ မဟုတ်ကြောင်း ဖြစ်ပါတယ်။
အဗ်နာသတင်းဌာန၏ သုံးသပ်ချက်အရ ပတ်ဝန်းကျင်တွင် ပျက်စီးမှုများ အကျင့်ပျက်မှု များ စသည်ဖြင့် မကောင်းပေါင်းစုံ နေ့စဥ် အားကောင်း လာရခြင်း မှာ သက္က်ဝါမရှိသူများ ဦးဆောင်နေခြင်းသို့မဟုတ် ၎င်းတို့ကို နေရာ ပေးထားခြင်းကြောင့် ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment