၁၇ အောက်တိုဘာ ၂၀၂၅ - ၂၃:၁၃
အကြီးစား စက်ယန္တရားများမပါဘဲ အပျက်အစီးများကြားမှ အစ္စရေးအကျဉ်းသားများ၏ ရုပ်အလောင်းများ ထုတ်ရန်မဖြစ်နိုင်ကြောင်း အလ်ကစာမ် မှ ပြောကြား

အလ်ကစာမ် တပ်မဟာ ၏ ပြောရေးဆိုခွင့် ရှိသူ အစ်ဇ်ဇွန်ဒ်ဒီးန် မှ ပါလက်စတိုင်း ကြံ့ကြံ့ခံ ခုခံ တော်လှန်ရေး တပ်ဖွဲ့သည် အသက်ရှင်လျက် ရှိသည့် အစ္စရေး အကျဉ်းသား အားလုံး နှင့် သေဆုံးသွားသော အကျဉ်းသားများ ၏ ရုပ်အလောင်း များကို လွှဲပြောင်းပေးခဲ့ကြောင်း ကျန် အစ္စရေး ရုပ် အလောင်းများမှာ အပျက်အစီးများ အောက် တွင် ရှိနေပြီး ထုတ်ယူရန် အထူးကိရိယာများနှင့် အချိန်လိုအပ် ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ အစီရင်ခံစာအရ အလ်ကစာမ် တပ်မဟာ ၏ ပြောရေးဆိုခွင့် ရှိသူ အစ်ဇ်ဇွန်ဒ်ဒီးန် မှ ပါလက်စတိုင်း ကြံ့ကြံ့ခံ ခုခံ တော်လှန်ရေး တပ်ဖွဲ့သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နှင့်အညီ အသက်ရှင်နေသော အစ္စရေး အကျဉ်းသားများနှင့် ၎င်းတို့၏ ရုပ်အလောင်းများကို လွှဲပြောင်းပေးခဲ့ပြီး ကျန်ရုပ်အလောင်းများကို အပျက်အစီးများမှ ထုတ်ယူရန်အတွက် အထူးစက်ပစ္စည်းများနှင့် အရင်းအမြစ်များ လိုအပ်နေကြောင်း ပြောကြားခဲ့ပါတယ်။

အလ်ကစာမ် မှ ကြံ့ကြံ့ခံခုခံ တော်လှန်ရေး အဖွဲ့ သည် သဘောတူညီချက်ပါ ပြဋ္ဌာန်းချက်အားလုံးကို အကောင် အထည်ဖော်ခဲ့ပြီး ပြဿနာကို အပြီးတိုင်အဆုံးသတ်ရန် ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်ကြောင်း ရှင်းလင်း ပြောကြား ခဲ့ပါတယ်။

ထိုအတောအတွင်း၊ ဟေဗြဲနေ့စဉ်ထုတ် The Times of Israel က ဟားမတ်စ်သည် နောက်ထပ် အစ္စရေး အကျဉ်းသား လေးဦး၏ ရုပ်အလောင်းများကို အစ္စရေးသို့ ဗုဒ္ဓဟူးနေ့တွင် လွှဲပြောင်းပေးမည်ဟု အခိုင် အမာဆိုခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ အစ္စရေး အလောင်း မှာ ၂၈ လောင်း အထိ ရှိရမည် ဖြစ်ပြီး   ၁၂ လောင်း တဲလ်အဗစ်ကို လွှဲပြောင်းပေးခဲ့ဖြစ်ကြောင်း သိရပါတယ်။

ရင်းမြစ်များ၏ အဆိုအရ ဂါဇာတွင် နှစ်နှစ်ကြာ အပျက်အစီးများ ဖြစ်ပွားပြီးနောက် အပျက်အစီးများအောက်မှ ရုပ်အလောင်းများ ပြန်လည်ရရှိရေးမှာ ရှုပ်ထွေးသော ပြဿနာတစ်ရပ် ဖြစ်လာပြီး အစ္စရေးသည် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရာတွင် အတားအဆီးဖြစ်စေရန် ဤအချက်ကို တရား မျှတမှု အဖြစ် အသုံးပြုနေသည်ဟု လေ့လာသူအချို့က ဆိုပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha