အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန် သမ္မတ ဟောင်း H.I ဆယက်ဒ် အီဗရာဟင်းမ် ရအီ စွတ်စ်စါဒါသီ သည် အီရန်သက္ကရာဇ် ၁၃၃၉ ခုနှစ် ၊ခရစ်သက္ကရာဇ် ၁၉၆၀ ခုနှစ် မွေးဖွား ခဲ့ပါတယ်။ ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ ဟု လူသိများ ပြီး ရှီအဟ် သာသနာ့ပညာရှင်တစ်ပါး နှင့် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ အဋ္ဌမမြောက်သမ္မတဖြစ်ပါတယ်။ ၎င်း သည် သည် ကွမ်း နှင့် မရှ်ဟဒ် ရှိ သာသနာ တက္ကသိုလ် နှင့် ရှဟီးဒ် မိုသွဟရီ တက္ကသိုလ် မှ ကျောင်းဆင်း တစ်ဦး ဖြစ်ပါသည်။
ရအီစီသည် သာသနာပညာရှင်များတော်လှန်ရေး အဖွဲ့ ၏ အဖွဲ့ဝင် တစ်ဖြစ်ပါသည်။ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ သမ္မတနိုင်ငံ စနစ်တွင် အမျိုးမျိုးသော တာဝန်များကို ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ တရားစီရင်ရေးဌာန အကြီးအကဲ ၊ ရှေ့နေချုပ်ရုံး၊ နိုင်ငံတော် အထွေထွေ စစ်ဆေးရေး အဖွဲ့ အကြီးအကဲ၊ မဂျ်လစ် စေ ခိုဘ်ရ်ဂန် နေရဲဟ်ဗရီ ၏ ကိုယ်စားလှယ် စသည် တို့ ပါဝင်တယ်။ ၎င်းအနေဖြင့် အေမာမ် ရေဇာ(အ.စ)ရောင်ဇာတော် မြတ် ၏ ဂေါပက လူကြီး တာဝန် ကို သုံးနှစ် ကြာ တာဝန် ထမ်းဆောင်ခဲ့ပါ တယ်။
မေလ ၁၉ ရက် ခရစ်သက္ကရာဇ် ၂၀၂၄ ခုနှစ် တွင် အီရန် သမ္မတ ဟောင်း H.I ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ နှင့် ၎င်း၏ အဖော်များ စီးနင်းလာသည့် ရဟတ်ယာဉ် သည် ဆောက်လုပ်ရေးပရောဂျက်တစ်ခုဖွင့်လှစ်ရန် အရှေ့ အဇာ ဘိုင်ဂျန် သို့သွား ရောက်ခဲ့ပြီး ဝေရ်ဇေကာန် နှင့်ဂျိုလ်ဖါ ကြားအပြန်လမ်းတွင် မတော်တဆမှုဖြစ်ပွားခဲ့ပါတယ်။
အတ္ထုပ္ပတ္တိ နှင့် ပညာရေးကို လေ့လာကြည့်မည် ဆိုလျင်
ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ ကို အီရန်သက္ကရာဇ် ၁၃၃၉ ခုနှစ် အာဇရ် လ ၂၃ ရက်နေ့ ခရစ်သက္ကရာဇ် အားဖြင့် ၁၉၆၀ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့ တွင် မရှ်ဟဒ် မြို့ တွင်မွေးဖွားခဲ့ပါတယ်။ ၎င်း၏ဖခင် နှင့်မိခင် သည် ဇိုက်ဒ်ဘင်န် အလီ မှဆင်းသက်လာသူများဖြစ်ပါတယ်။ ၎င်း သည် ဟောင်ဇဝီ အတန်းများ ကို မရှ်ဟဒ် မြို့ ရှိ မဒရ်စဟ် အေလ်မီယေဟ် နဝါဗ် တွင် စတင်ခဲ့ပြီး အီရန် သက္ကရာဇ် ၁၃၅၄ ခုနှစ် မှစပြီး ဟောင်ဇေအေလ် မီယေကွမ်း တွင် ဆက်လက်သင်ကြားခဲ့ပါတယ်။
ကွမ်းတွင် ယဒွလ္လာဟ် ဒူဇ်ဒူဇာနီ ၊ ဆယက်ဒ် အလီ မိုဟကစ်က် ဒါမာဒ် ၊ အလီအက္က်ဘဲရ် မစ်ရှ်ကီး ၊အဲဟ်မဒ် ဘေဟစ်ရှ်သီ ၊မိုရ် သဇာမိုသဟေရိ နှင့် ဟိုစိုင်းန်ဟမ်ဒါနီ ကဲ့သို့သော ပညာရှင်များ ၏ တပည့် အဖြစ် ပညာသင်ယူခဲ့ပါ တယ်။ ဆယက်ဒ် ရအီစီသည် မိုဟမ္မဒ် ဟစန် မရ်အရှီ ရှုရှ်သရီ ၊ ဆယက်ဒ် မဲဟ်မူဒ် ဟာရှင်မီ ရှာဟ်ရူဒီ အာဂါ မွတ်ဂျ်သဗာ တီဟီရန် အာယာသွလ္လာဟ် ခါမေနာအီ နှင့် စသည်ဖြင့် တို့ထံ တွင် မွတ်ဂျ် သဟစ်ဒ် အတန်းများ တွင် တက်ရောက်ခဲ့ပါတယ်။
၎င်း အနေဖြင့် မဒရ်စဟ် အာလီ ရှဟီးဒ် မိုသဟေရီ ဖေက်ဘာသာရပ် နှင့် ဥပဒေ ဘာသာရပ် ကို သင်ယူခဲ့ ပါတယ်။ အီရန် သက္ကရာဇ် ၁၃၆၂ ခုနှစ်တွင် ဆယက်ဒ် အဲဟ်မဒ် အေလ်မိုဟိုဒါ ၏ သမီး ဂျမီး လဟ် အေလ်မိုဟိုဒါ နှင့် လက်ထပ်ခဲ့ ပါတယ်။
အစ္စလာမ်မစ် တော်လှန်ရေး မတိုင်မီ လှုပ်ရှားမှု မှတ်တမ်းများကို လေ့လာ ကြည်မည်ဆိုလျင်
ရအီစီ သည် ၎င်း၏လှုပ်ရှားမှုများကြောင့် အစ္စလာမ်မီ တော်လှန်ရေးမတိုင်မီ နှစ်များအတွင်း စာဝါက် မှ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ ထို့အပြင် ပဲဟ်လဝီ အစိုးရ မှ ပြည်နှင်ဒဏ်ခံရသော အာလင်မ် များကို သွားရောက် တွေ့ရန် သာသနာ့ ကျောင်းသားများ နှင့် အတူလိုက်ပါခဲ့တယ်။ ထိုပြင် အီရန်ရှဟ် တွင် ပြည်နှင် ဒဏ် ခံရသော အာယာသွလ္လာဟ် ခါမေနာအီ နှင့် တွေ့ဆုံရန် ဤမြို့ သို့ သွားရောက်ခဲ့ပါတယ်။ ၁၉၇၈ ခုနှစ် ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့ထုတ် ပြန်ကြားရေးသတင်းစာတွင် အေမာမ် ခိုမေနီ (ရ.ဟ) အား စော်ကားသည့် ဆောင်းပါးတစ်ပုဒ်ကို ထုတ်ဝေပြီးနောက် ရအီစီ သည် မဒရ်စဟ် အာယာသွလ္လာဟ် ဘရူဂျုရ်ဒီ (ခ) မဒရ်စဟ် ခန်း မှ စတင်သည့် ဆန္ဒပြ ပွဲများ တွင် ပါဝင်ခဲ့ပါ တယ်။ ရအီစီ သည် အီရန် သက္ကရာဇ် ၁၃၅၇ ခုနှစ် ၏ ဘဲဟ်မန် လတွင် တီဟီရန် တက္ကသိုလ် တွင် အီရန်နိုင်ငံသို့ အေမာမ် ခိုမေနီ ပြန်မလာစေရန် လေဆိပ် များ ပိတ်ခြင်းကို ဆန့်ကျင်ကန့်ကွက်သည့် ပညာရှင်များစုဝေးရာတွင်လည်း ပါဝင်ခဲ့ ပါတယ်။
အေမာမ်ရေဇာ (အ.စ) ၏ ရေင်ဇာတော် ၏ ဂေါပက လူကြီး အဖြစ် တာဝန် ထမ်းဆောင် ခြင်း
အီရန် သမ္မတ ဟောင်း H.I ရအီစီ သည် အီရန်သက္ကရာဇ် ၁၃၉၄ခု ခုနှစ်တွင် အဘာစ် ဝါအ်ဇ် သွဗ်စီ ကွယ်လွန်ပြီး နောက် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ၏ အမိန့်ဖြင့် အေမာမ်ရေဇာ (အ.စ) ၏ ရောင်ဇာတော် ၏ ဂေါပက လူကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ပြီးနောက် အီရန်သက္ကရာဇ် ၁၃၉၈ ခုနှစ် ဖရ်ဝရ်ဒီးန် ထိ ဤ တာဝန်ကို တာဝန်ယူ ထမ်းဆောင် ခဲ့ပါတယ်။ အီရန် သမ္မတ ဟောင်း H.I ဆယက်ဒ် ရအီစီ သည် အေမာမ်ရေဇာ (အ.စ) ၏ ရောင်ဇာတော် ၏ ဂေါပက လူကြီး အဖြစ် တာဝန် ထမ်းဆောင် နေစဥ် ဝန်ဆောင်မှုများ စွာ ကို ဆောင် ရွက်ခဲ့ပါတယ်။ ယင်းတို့အနက်မှ တစ်နေ့လျှင် ဇေယာရသ်ပြုလုပ်သူ သုံးထောင် အား လက်ခံနိုင်သည့် ဇေယာရသ် ပြုသူများ အတွက် ဧည့်ဂေါဟာများကို အေမာမ် ရေဇာ (အ.စ) ၏ ရောင်ဇာတော် ပတ်လည်တွင် တွင် ဆောက်လုပ်ခဲ့ ခြင်း ဖြစ်ပါတယ်။ ထိုပြင် ပထမဆုံး အကြိမ် မရှ်ဟဒ် မြို့ ရှိ အေမာမ် ရေဇာ (အ.စ) ၏ဇေယာရသ် ပြုရန် မတတ်နိုင်သူများ ကို မရှ်ဟဒ် မြို့ အထိ ရောက်ရန် စီမံကိန်း မရှ်ဟဒ် မြို့ သို့ သွား ရောက် သည့် လမ်းများ တွင် မီကာသိုရ်ရေဇာ (ခ) ဇေယာရသ် ပြုသူများ နားနေဆောင်များ ကို တည်ဆောက်ခြင်း စေတနာ့ဝန်ထမ်း လူငယ်များ သည် အခြားသော ဝန်ဆောင်မှုများ ဖြစ်ကြပါ တယ်။
အာယာသွလ္လာဟ် ခါမေနာအီ မှ ဆယက်ဒ်ရအီစီ အား အေမာမ်ရေဇာ (အ.စ) ၏ ရောင်ဇာတော် ၏ ဂေါပက လူကြီး အဖြစ် တာဝန် ထမ်းဆောင် စေချိန် တွင် အေမာမ်ရေဇာ (အ.စ) ၏ ရောင်ဇာတော် အား ကောင်းမွန်စွာ စောင့်ရှောက် ခြင်း အေမာမ် ရေဇာ (အ.စ) ၏ ဇေယာရသ် လာသူများ ၏ ကိစ္စများကို စိစစ်ခြင်း ရောင်ဇာတော် ၏ ဝန်ထမ်းများ နှင့် အထူးသဖြင့် မရှိဆင်းရဲသားများ ၊ အကူအညီ လိုအပ်သူများအားဝန်ဆောင်ပေးခြင်း အစ္စလာမ့် ကမ္ဘာ တွင် ကျမ်းတော်မြတ် ကုရ်အာန် ၏ သွန်သင်ဆုံးမမှူများ မက်သဗ်ဘေအဲဟ်လေ့ဘိုက်(သ) (အ.စ) (ခ) ရှီအဟ် မဇ်ဟဗ် ၏ သွန်သင်ဆုံးမမှုများ ကို မြှင့်တင်ရေးအေမာမ်ရေဇာ (အ.စ) ပိုင်ဝကာဖ်များ (ငွေများ) ဖြင့် ဆင်းရဲနွမ်းပါး လိုအပ်နေသည်ဒေသများ ကိုအကူအညီများ ပေးခြင်း နှင့် စီးပွားရေးနှင့် ဝန်ဆောင်မှု အဖွဲ့ အစည်းများ ကို စနစ်ကျစေရန် တိုက်တွန်းခဲ့ပါတယ်။
နိုင်ငံရေးလှုပ်ရှားမှုများကို လေ့လာ ကြည်မည်ဆိုလျင်
အီရန်၏ အစ္စလာမ်မစ် တော်လှန်ရေး အပြီးတွင် H.I ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ သည် အသက် ၂၀ နှစ်တွင် ကရ်ဂျ် အစိုးရရှေ့နေရုံးတွင် တရားစီရင်ရေး လုပ်ငန်းကို စတင်ခဲ့ပါ သည်။ဆယက်ဒ် ရအီစီ သည် ဟမ်ဒါန် အစိုးရ ရှေ့ နေရုံးတွင် အချိန်အတော်ကြာ တာဝန်ယူခဲ့ပြီး ၎င်း၏အခြားတာဝန်များထဲတွင် အောက်ပါ တို့ကို ဖော်ပြနိုင် ပါတယ်။
(၁)ခရစ်သက္ကရာဇ် ၁၉၈၉ ခုနှစ် မှ ၁၉၉၄ ခုနှစ် အထိ တီဟီရန် မြို့ တွင် အစိုးရရှေ့နေ အဖြစ်
(၂)ခရစ်သက္ကရာဇ် ၁၉၉၄ ခုနှစ် မှ ၂၀၀၄ ခုနှစ် အထိ နိုင်ငံ၏ အထွေထွေစစ်ဆေးရေး အဖွဲ့၏ အကြီး အကဲ အဖြစ်
(၃)ခရစ်သက္ကရာဇ် ၂၀၀၄ ခုနှစ် မှ ၂၀၁၄ ခုနှစ် အထိတရားစီရင်ရေးကဏ္ဍ၏ ပထမလက်ထောက် အဖြစ်
(၄)ခရစ်သက္ကရာဇ် ၂၀၀၆ ခုနှစ် တွင် မဂျ်လစ် စေ ခိုဘ်ရ်ဂန် နေရဲဟ်ဗရီ တွင် ခိုရာစာန် တောင်ပိုင်း ပြည်သူ့ ကိုယ်စားလှယ် အဖြစ်
(၅)ခရစ်သက္ကရာဇ် ၂၀၁၂ ခုနှစ် မှ ၂၀၂၁ ခုနှစ် အထိ အိုလမာ တရားရုံး ၏ တရားသူကြီး အဖြစ်
(၆)ခရစ်သက္ကရာဇ် ၁၉၈၀ ခုနှစ် မှ ၁၉၈၅ ခုနှစ် အထိ နိုင်ငံတော်၏ တရားသူကြီးချုပ် အဖြစ်
(၇)ခရစ်သက္ကရာဇ် ၂၀၁၇ ခုနှစ် တွင် မဂျ်မအ်သရှ်ခီးဆ် စေ မတ်ဆ်ဟလသ်သေနေဇါန်းမ် ၏ အဖွဲ့ဝင် အဖြစ်
(၈)ခရစ်သက္ကရာဇ် ၂၀၁၈ ခုနှစ် မှ ၂၀၂၂ ခုနှစ် အထိ အီရန်တရားစီရင်ရေးဌာန အကြီးအကဲ အဖြစ်
(၉)ခရစ်သက္ကရာဇ် ၂၀၂၂ ခုနှစ် တွင် အီရန် သမ္မတ အဖြစ်
(၁၀)ခရစ်သက္ကရာဇ် ၁၉၉၅ ခုနှစ် တွင် အာယာသွလ္လာဟ် မဲဟ်ဒဝီကနီ ၏ အကြံပြုချက် အရ သာသနာ ပညာရှင် များ တော်လှန်ရေး အဖွဲ့ ၏ အဖွဲ့ဝင် အဖြစ် တာဝန်များ ကို ကျေပြွန်စွာ ထမ်းဆောင်ခဲ့ပါ တယ်။
သင်ကြားရေး နှင့် စာပေ လက်ရာများကို လေ့လာကြည့်လျင်
H.I ဆယက်ဒ် အီဗရာဟင်းမ် ရအီစီသည် အေမာမ်ရေဇာ (အ.စ) ၏ ရောင်ဇာတော် ၏ ဂေါပက လူကြီး အဖြစ် တာဝန် ထမ်းဆောင် နေစဥ် မရှ်ဟဒ် မြို့ တွင် မွတ်ဂျ်သဟစ်များတက်သည့် သင်တန်း ဒရ်စ်စေ ခါဂျ်ေ ကို ပို့ချ ခဲ့ပါတယ်။ ၎င်းအနေဖြင့် ဖေက်အီ ၊ ကဝါအစ်ဒ် ဖေက်ဟေကဇွာအ် ၊ ဖေက်ဟေအစ်က်သေဆွာဒ် ပညာရပ်များကို တီဟီရန် မြို့ရှိ ဟောင်ဇာများ တီဟီရန် မြို့ ရှိ အေမာမ် ဆွာဒစ်က် (အ.စ) တက္ကသိုလ် နှင့် ရှဟီးဒ် ဗေဟစ်ရှ်သီ တက္ကသိုလ် တို့တွင် သင်ကြားပို့ချ ပေးခဲ့ပါတယ်။
စာအုပ် စာပေးများမှာ သက်ရီရာသ်သေဒရ်စ်စေ ကဝါအစ်ဒ် ဒေဖေက်ဟ် (ခ) တရားစီရင်ရေး၊ စီးပွားရေး နှင့် ဘာသာရေး ဟု၍ အတွဲ ၃ တွဲ ၊ အေရ်စ် ဘီဝါရေစ် (ခ) အမွေ နှင့် အမွေဆက်ခံသူမရှိခြင်း၊ သအာရွတ်စ် အက်စ် ဝ ဇွာဟေရ် ဒဲရ် ဖေက်ဟ် ဝါ ကာနူန်း တို့ သည် ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ ၏ လက်ရာများ ဖြစ်ပါ တယ်။ ဥပဒေ၊ စီးပွားရေး၊ တရားဥပဒေ၊ လူမှုရေးတရားမျှတမှုနှင့် လူနေမှုပုံစံစသည့် စာအုပ်များကိုလည်း ရေးသား ထုတ်ဝေခဲ့ပါတယ်။
ရဟတ်ယာဥ် ပျက်ကျခြင်းကိစ္စ
မေလ ၁၉ ရက်နေ့ ၂၀၂၄ ခုနှစ် တွင် ဆောက်လုပ်ရေး ပရောဂျက် တစ်ခု ဖွင့်ပွဲ အတွက် အရှေ့အာဇာဘိုင်ဂျန် သို့ ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ သည် ရဟတ်ယာဥ် ဖြင့် ခရီးထွက်ခဲ့ကြပါတယ်။ ၎င်း ရဟတ်ယာဉ်သည် ဝေရ်ဇေကာန် နှင့် ဂျိုလ်ဖါ ကြား အပြန်လမ်းတွင် မတော်တဆမှုဖြစ်ပွားခဲ့ပါတယ်။ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ ဒေါက်တာ အာယာသွလ္လာဟ် ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ နှင့် အတူ သဗ်ရေဇ် ၏ သောကြာနမာဇ် ရှေ့ဆောင် ဆရာ နှင့် ဝလီယေ ဖကီးဟ် ကိုယ်စားလှယ် အာယာသွလ္လာဟ် ဆယက်ဒ် မိုဟမ္မဒ် အလီ အာလေ့ ဟာရှင်မ် ၊ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န) ၊ အရှေ့ အာဇာ ဘိုင်ဂျန် တိုင်းမှူး မာလစ်က် ရဲဟ်မသ်သီ တို့လည်း ဤ ရဟတ်ယာဥ် တွင် ရှိခဲ့ပါတယ်။
ဒီသတင်းကို ထုတ်ပြန်ပြီးနောက်မှာတော့ အီရန်ပြည်သူလူထု ဟာ အေမာမ် ရေဇာ (အ.စ) ၏ ရောင်ဇာတော် မြတ်၊ သခင်မကြီး မအ်စူမဟ် ယေကွမ်း (စ.အ) ၏ ရောင်ဇာတော် မြတ် နှင့် ရှားဟ် ကြေရာဂ် (အ.စ) ရောင်ဇာတော် မြတ် တို့ တွင် အီရန် သမ္မ ၏ ကျန်းမာရေးအတွက် ဒိုအာများ (ဆုများ) တောင်းပေး ခဲ့ကြပါတယ်။ မေလ ၂၀ ရက်နေ့တွင် သမ္မတ နှင့် ၎င်း၏အဖော်များ စီးနင်း လာသည့် ရဟတ်ယာဉ်၏ အပျက်အစီးများကို တွေ့ရှိခဲ့ပြီး သတင်းအေဂျင်စီများက ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ နှင့် အခြားအဖော်များ၏ ရှဟီးဒ် ဘွဲ့ ခံယူ သွားကြောင်း သတင်းကို ပေးပို့ခဲ့ကြပါတယ်။
ကျမ်းကိုးများ
၁။မရ်ကဇ် အစ်နာဒ် ဒေအ်န်ကေလာဗ် အစ္စလာမ်မီ ၊ တင်ထားသည့်ရက် ဇွန်လ ၂၃ ရက် ၂၀၂၁ခုနှစ် ၊ကြည့် သည့်ရက် မေလ၁၉ရက်နေ့ ၂၀၂၄ ခုနှစ်။
၂။ရေဒီယို သတင်းအေဂျင်စီ ၊ ကြည့် သည့်ရက် မေလ၁၉ရက်နေ့ ၂၀၂၄ ခုနှစ်။
၃။ဒဖ်ရ်သရ် ဟစ်ဖ်ဇ် နရှ်ရ် အာစာရရ် ရေ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ခါမေနာအီ ၊ တင်ထား သည့်ရက် မတ်လ ၂၅ ရက် ၂၀၁၉ ခုနှစ် ၊ကြည့် သည့်ရက် မေလ၁၉ရက်နေ့ ၂၀၂၄ ခုနှစ်။
၄။ဒဖ်ရ်သရ် ဟစ်ဖ်ဇ် နရှ်ရ် အာစာရရ် ရေ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ခါမေနာအီ ၊ တင်ထား သည့်ရက် မတ်လ ၇ ရက် ၂၀၁၉ ခုနှစ် ၊ကြည့် သည့်ရက် မေလ၁၉ရက်နေ့ ၂၀၂၄ ခုနှစ်။
၅။ဟမ်ရှဲဟ်ရီ သတင်းဌာန ၊ တင်ထား သည့်ရက် မေလ ၂၇ ရက် ၂၀၂၁ ခုနှစ် ၊ကြည့် သည့်ရက် မေလ ၁၉ရက်နေ့ ၂၀၂၄ ခုနှစ်။
၆။မဲဟ်ရ် သတင်း ဌာန ၊ တင်ထား သည့်ရက် မေလ၁၉ ရက် ၂၀၂၄ ခုနှစ် ၊ကြည့် သည့်ရက် မေလ ၂၀ ရက်နေ့ ၂၀၂၄ ခုနှစ်။
၇။အင်န်သေခါဗ် သတင်း ဌာန ၊ တင်ထား သည့်ရက် မေလ၁၉ ရက် ၂၀၂၄ ခုနှစ် ၊ကြည့် သည့်ရက် မေလ ၂၀ ရက်နေ့ ၂၀၂၄ ခုနှစ်။
၈။သက်စ်နီးမ် သတင်း ဌာန ၊ တင်ထား သည့်ရက် မေလ၁၉ ရက် ၂၀၂၄ ခုနှစ် ၊ကြည့် သည့်ရက် မေလ ၂၀ ရက်နေ့ ၂၀၂၄ ခုနှစ်။
၉။ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ သတင်းအချက်အလက်အခြေစိုက်စခန်း၊ကြည့် သည့်ရက် မေလ ၂၀ ရက်နေ့ ၂၀၂၄ ခုနှစ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment