၉ မေ ၂၀၂၅ - ၂၁:၂၁
အီရန် နှင့် ယီမင်နိုင်ငံဆိုင်ရာ ထရမ့် ၏ နောက်ဆုံး ထုတ်ပြန်ချက် နှင့် ဇီယွန်ဝါဒီများ အတွက် အံ့သြစရာ

အီရန်နှင့် ယီမင်အပေါ် အမေရိကန် သမ္မတ ထရမ့် ၏ နောက်ဆုံးရပ်တည်ချက်အပေါ် ဇီယွန်ဝါဒီများမှ အံ့သြစရာ ဖြစ်နေကြပြီး စိုးရိမ်မှုများ မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ အစီရင်ခံစာအရ အီရန် နှင့် အမေရိကန်တို့ကြား စတုတ္ထအကြိမ် သွယ်ဝိုက်သော ဆွေးနွေး ညှိနှိုင်း ပွဲအကြောင်း အမျိုးမျိုးသော အစီရင်ခံစာများ ပျံ့နှံ့လျက်ရှိပါတယ်။

အမေရိကန်သတင်းရင်းမြစ်များက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ နောက်ဆုံးလုပ်ဆောင်မှုများသည် အီရန် နှင့် ပတ်သက်သည့် ဖြစ်နိုင်ခြေရှိသော စေ့စပ်ညှိနှိုင်းရေးအချိန်ဇယားကို ဖော်ပြခဲ့ပါတယ်။

ထရမ့်သည် အီရန်နှင့် ဂါဇာစစ်ပွဲနှင့် နျူကလီးယား ဆွေးနွေးမှုများနှင့်ပတ်သက်၍ အစ္စရေးအစိုးရ၏ မဟာ ဗျူဟာရေးရာဝန်ကြီးနှင့် ဆွေးနွေးခဲ့ကြောင်း သတင်းရင်းမြစ်နှစ်ခုကို ကိုးကား၍ Axios က ပြောကြား ခဲ့ပါ တယ်။

အစီရင်ခံစာတွင် အကြမ်းဖက် အစ္စရေးအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဟူသီများနှင့် ပတ်သက်၍ ထရမ့်  ၏ ဆုံးဖြတ်ချက်ကြောင့် ကျွန်ုပ်တို့ အံ့အားသင့်ခဲ့ရကြောင်း ၊ အမေရိကန် အစိုးရသည် ကျွန်ုပ်တို့အား အခြေအနေကို အသိပေးခြင်း မရှိခဲ့ဘဲ မီဒီယာများမှသာ သိရှိခဲ့ရခြင်း ဖြစ်ကြောင်း ဖြစ်ပါတယ်။

အစ္စရေးတာဝန်ရှိသူများသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio နှင့် တွေ့ဆုံခဲ့ပြီး အီရန် နျူကလီးယား ဆွေးနွေးပွဲများနှင့် ပတ်သက်၍ အစ္စရေး၏ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော် ပြောကြား ခဲ့သည်ဟု အခြားသော သတင်းရင်းမြစ်တစ်ခုက Axios သို့ ပြောကြားခဲ့ပါတယ်။

တနင်္ဂနွေနေ့တွင် အိုမန် နိုင်ငံ  ၌ Witkoff နှင့် ၎င်း ၏အဖွဲ့သည် အီရန်နှင့် နျူကလီးယားဆွေးနွေးပွဲအသစ် စတင်နိုင် ဖွယ်ရှိကြောင်း သိရပါတယ်။

.......................................................

END / 251

Your Comment

You are replying to: .
captcha