အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တီဟီရန် ရဲတပ်ဖွဲ့ မှ သာသနာ့ ကျောင်းသား (မောင်လာနာ ) ရှဟီးဒ် အာရ်မန်အလီ ၀ရ်ဒီ အား သတ်ဖြတ်မှု ကိစ္စ နှင့်ပတ်သက် ပြီး တရားခံ ၅ ဦး အား ဖမ်းဆီးလိုက်ကြောင်း ထုတ် ပြန် ကြေငြာခဲ့ ပါတယ်။
သာသနာ့ ကျောင်းသား (မောင်လာနာ ) ရှဟီးဒ် အာရ်မန်အလီ ၀ရ်ဒီ သည် အသက် ၂၁ နှစ်အရွယ် ရှိ ပြီး အောက်တိုဘာလ ၂၆ ရက် နေ့ ရှဲဟ်ရာက် အေက်ဗါသန် တွင် ဆူပူ အကြမ်းဖက်သူများ၏ လက်ချက် ဖြင့် အသတ်ခံခဲ့ရပါတယ်။
အစီရင်ခံစာ အရ စရ်ဒါရ် ဟိုစိုင်းန် ရဟီးမီ မှ သတင်းထောက်များ အ ကြား သာသနာ့ ကျောင်းသား (မောင်လာနာ ) ရှဟီးဒ် အာရ်မန်အလီ ၀ရ်ဒီ အား သတ်ဖြတ်မှု ကိစ္စ နှင့်ပတ်သက် ပြီး တရားခံ ၁၅ ဦး ကို သိရှိခဲ့ရပြီး အဓိက တရားခံ ၅ အား ရဲတပ်ဖွဲ့ ဝင်များ ၏ ကြိုးပမ်းမှု ဖြင့် ဖမ်းဆီးထား ကြောင်း ပြောကြားခဲ့ပါတယ်။
မြို့တော်ရဲချုပ်က လည်း တစ်ချိန်တည်းမှာပင် တရားရေးဆိုင်ရာ တာဝန်ရှိသူများ ဤရာဇဝတ်မ၍ နှင့်ပတ်သက် သည့် အရေးကြီး ခြေလှမ်းများကို လုပ်ဆောင်နေ ကြောင်း ပြောကြားခဲ့ပါ တယ်။
စရ်ဒါရ် ဟိုစိုင်းန် ရဟီးမီ အား Fars သတင်းထောက် မှ လူသတ်သမား များသည် အရင်က ကော် ရာဇဝတ်သားများ ဟုတ်မဟုတ်မေးမြန်း ခဲ့ရာ လည်းကောင်း မှ လတ်တလော ဖမ်းဆီးခဲ့သည် ဖြစ်ကြောင်း စုံစမ်း စိစစ်ပြီး မှ သိနိုင် မည် ဖြစ်ကြောင်း ဖြေ ကြားခဲ့ပါတယ်။
အဆိုပါလူသတ် သမားများသည် တီဟီရန်မှ ထွက်ခွာသွားခြင်း ရှိ၊ မရှိ မေးခွန်းကို အား အဖြေပေးသည့် အနေဖြင့် စရ်ဒါရ် ဟိုစိုင်းန် ရဟီးမီ မှ ဤလူငါးဦးကို တီဟီရန်မှာ ဖမ်းဆီးခဲ့တာ ဖြစ်ကြောင်း လူသတ်သမား သည် အမှန်တရား နှင့်ပတ်သက်ပြီး လှည့်စား ခဲ့ထားရသူများ ဖြစ်ပြီး အငြိုးအတေး ကြီးသူများ ဖြစ်ကြ ကြောင်း ဤ အတွက် ကြောင့် ဓား ဖြင့်ထိုးသူက ထိုး ၊ ကျောက်ခဲ ဖြင့် ပစ်သူ ကပစ် ၊ အုပ်ချုပ်နေသည့် အကြီးအကဲများကို ဆဲဆိုသူက စော်ကားခဲ့ ကြသည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
****************************************************************
END / 251
