အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : mizzimaburmese
တနင်္လာနေ့

၁၄ နိုဝင်ဘာ ၂၀၂၂

၂၁:၄၅:၀၈
1323098

ရိက္ခာပို့လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် ၃ ဦးသေဆုံး

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လောပိတမြို့ ၊ ဘီလူးချောင်းအနီးရှိ စစ်ကောင်စီ၏ လောထော်တောင်ပေါ်စခန်းအား ရိက္ခာပို့ရန် အရပ်ဝတ်ဖြင့်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးအား KNDF B(10)မှ နိုဝင်ဘာလ ၁၃ရက်နေ့က ကြားဖြတ်တိုက်ခိုက်လိုက်ကြောင်း သိရသည်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လောပိတမြို့ ၊ ဘီလူးချောင်းအနီးရှိ စစ်ကောင်စီ၏ လောထော်တောင်ပေါ်စခန်းအား ရိက္ခာပို့ရန် အရပ်ဝတ်ဖြင့်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးအား KNDF B(10)မှ နိုဝင်ဘာလ ၁၃ရက်နေ့က ကြားဖြတ်တိုက်ခိုက်လိုက်ကြောင်း သိရသည်။

၁၀မိနစ်နီးပါးကြာ ထိတွေ့တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့က ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးအပါအဝင် စုစုပေါင်း သုံးဦး သေဆုံးသွားပြီး စစ်ကောင်စီတပ်သားတစ်ဦး ကိုင်ဆောင်သော MA-1 အမျိုးအစား သေနတ်တစ်လက် ၊ ကျည်ဘောက် လေးခု ၊ ကျည်ဆံအချို့နှင့် ဖုန်း တစ်လုံးတို့အား သိမ်းဆည်းရရှိခဲ့သည်ဟု KNDF B-10က ယနေ့နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထိတွေ့တိုက်ပွဲအတွင်း လောပိတမြို့အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ကူပေးခဲ့သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးထဲမှ နှစ်ဦးမှာ လွတ်မြောက်သွားခဲ့ကာ KNDF ပူးပေါင်းအဖွဲ့မှအထိအခိုက်မရှိ ပြန်လည်ဆုပ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

ကရင်နီပြည်နယ်အတွင်း နိုဝင်ဘာလ ပထမပတ်မှ၍ ယနေ့အထိ ထိတွေ့တိုက်ပွဲငယ်များနှင့် အလစ်ငိုက် တိုက်ခိုက်မှုများသာ အများစုဖြစ်ပွားခဲ့ပြီး လွိုင်ကော် ၊ ဒီးမော့ဆို ၊ ဖရူဆို ၊ဘော်လခဲ ၊ ရှားတော မြို့နယ်များအတွင်း တိုက်ပွဲ စုစုပေါင်း ၁၃ ကြိမ်နီးပါးဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဘက်မှ ကိုးဦးထက်မနည်း သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ မြို့နယ်အလိုက် အခြေစိုက်တပ်များမှာ နိုဝင်ဘာလပထမအပတ်မှစ၍ လက်နက်ကိုင်တပ်ဖွဲ့ချင်း ရင်ဆိုင်တိုက်ပွဲများကို သတ္တိရှိရှိ မပြုလုပ်ရဲဘဲ စစ်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသော ပြည်သူလူထုများကိုသာ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ ကျေးရွာများအတွင်းသို့ နေ့စဥ် လက်နက်ကြီးများဖြင့် ပစ်ခတ်၍ သိက္ခာမဲ့စွာ စစ်ရာဇဝတ်မှုများကို ကျူးလွန်လျှက်ရှိသည်ဟုလည်း ထုတ်ပြန်ထား သည်။

****************************************************************
END / 251