အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၂၃ နိုဝင်ဘာ ၂၀၂၂

၁၉:၀၆:၅၈
1325795

အေမာမ် ရေဇာ (အ.စ) ၏ ဇေယာရသ် ပြုသူများ ၏ အဆင့်အတန်း

အေမာမ် ရေဇာ (အ.စ) မှ ရီဝါယသ်တော် တစ်ခု တွင် မိမိ၏ ဗဲရ်တော် အား ဇေယာရသ်ပြုသူများ ၏ အဆင့်အတန်း ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထားပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့်   အိုယူနို အက္ခ်ဗါ နိုရ်ရေဇာ  ကျမ်း လာရှိမှု ကို တင်ပြပါ မည်။

 

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်

 

قال الامام الرضا علیه السلام :

 

اِنَّ زُوّارَ قَبْرى لَأَكْرَمُ الْوُفُودِ عَلَى اللّه ِ يَوْمَ الْقِيامَةِ، وَ ما مِنْ مُؤْمِنٍ يَزُورُنى فَيُصيبُ وَجْهَهُ مِنَ الْماءِ اِلاّ حَرَّمَ اللّه ُ تَعالى جَسَدَهُ عَلَى النـّارِ.

 

အေမာမ် ရေဇာ (အ.စ) အား မေးမြန်းလေ၏။

မုချ ဧကန် ကျွန်ုပ် ၏ ကဗဲရ် တော် ဇေယာရသ်ပြုသူများ သည် ဂုဏ်သိက္ခာ အရှိတကာ အရှိဆုံး အုပ်စု ၊ လေးစား အထိုက်ဆုံးအုပ်စု များ မှ ဖြစ်ပါသည်။ကေယမသ်နေ့ တွင် အလ္လာဟ် ဟို အရှင်မြတ် ထံ ခစားရမည် သူများ ဖြစ်ပေသည်။ မည်သူမျှ ကျွန်ုပ် ၏ ဇေယာရသ် မပြုဘဲ မိုအ်မင်ဖြစ်မည်မဟုတ်ချေ။ ထိုပြင် အလ္လာဟ် ဟို အရှင်မြတ်သည် ကျွန်ုပ် ၏ ဇေယာရသ် ခရီးစဥ် တွင် ထိုဇေယာရသ် ပြုသူ ၏ မျက်နှာ မှ ကျ‌သည့် ချွေး တစ်ပေါက် အတွက် ၎င်း ၏ ကိုယ် ခန္ဓာ အား ဂျဟန္နမ် အတွက် ဟရာမ် ပြုတော်မူပေမည်။

 

ကျမ်းကိုး ။ ။ အိုယူနို အက္ခ်ဗါ နိုရ်ရေဇာ  ကျမ်း ၊ အတွဲ ၂ ၊ စာမျက်နှာ ၂၄၈

****************************************************************

END / 251