၂၅ နိုဝင်ဘာ ၂၀၂၂ - ၀၈:၁၁
ဝမ်းနည်း ခြင်း ၊ သောက ဖြစ်ခြင်း မှ လွတ်‌မြောက်မည့် နည်းလမ်း

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) မှ ရီဝါယသ်တော် တစ်ခုတွင် ဝမ်းနည်း ခြင်း ၊ သောက ဖြစ်ခြင်း မှ လွတ်‌မြောက်မည့် နည်းလမ်း ဆိုသည့် ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထားပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် ဝစာအေလွရှ်ရှီအဟ် ကျမ်း လာရှိမှု ကို တင်ပြပါ မည်။

 

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 قال الامام الصادق علیه السلام:

 

ما يَمنَعُ اَحَدَكُم اِذا دَخَل عَلَيهِ غَمٌّ مِن غُمُومِ الدُّنيا اَن يَتَوَضَّاَ ثُمَّ يَدخُلَ مَسجِدَهُ وَ يَركَعَ رَكعَتَينِ فَيَدعُوَ اللّه فيهِما؟ اَما سَمِعتَ اللّه يَقُولُ: «و َاستَعينوا بِالصَّبرِ وَ الصَّلاةِ»؟

 

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) မိန့်တော်မူသည်။

 

အသင်တို့ အနက် မှ တစ်ဦး တစ်‌ယောက် အနေဖြင့် ‌လောကီ ဆိုင်ရာ သောက ၊ ဝမ်းနည်းမှု အခက်အခဲ နှင့် တွေ့ရချိန် ဝဇူ ပြုပြီး စဂျ်ဒဟ်ပြုသည့်နေရာ (နမာဇ်ဖတ်သည့်နေရာ ) သို့သွားပြီး ၂ရကတ်နမာဇ် ဝတ်ပြု ရန် ၊ ဒိုအာတောင်းရန် မည်သည့် အရာ မှ အတား အဆီး ပြုနေပါသနည်း ? အသင်တို့ အနေဖြင့် အလ္လာဟ်ဟို အရှင်မြတ်မှ သည်းခံခြင်း နှင့် နမာဇ် တည်ဆောက်ခြင်းဖြင့် အကူအညီတောင်းခံရန်မိန့်ကြားထားသည်ကို မကြားပါသေလာ ?

ကျမ်းကိုး ။ ။ ဝစာအေလွရှ်ရှီအဟ် ကျမ်း ၊ အတွဲ ၈၊ စာမျက်နှာ ၁၃၈

****************************************************************

END / 251