အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၂၅ နိုဝင်ဘာ ၂၀၂၂

၁၆:၀၁:၅၁
1326050

အီရန် မှ ဝေးလ် အား နှစ်ဂိုး ၊ ဂိုးမရှိဖြင့် အနိုင်ရ

ဖီဖာကမ္ဘာ့ဖလားအုပ်စု B ပွဲစဉ် တွင် အီရန် အစ္စလာမ်မ် ပြည်သူ့ သမ္မတ နိုင်ငံ အသင်း မှ ဝေးလ် အသင်း အား နှစ်ဂိုး ၊ ဂိုး မရှိဖြင့် အနိုင် ရခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher News Agency ၏ ဖော်ပြချက်အရ ကာတာနိုင်ငံတွင် ကျင်းပနေသော FIFA World Cup 2022 တွင် ယနေ့တွင် အီ အီရန် အစ္စလာမ်မ် ပြည်သူ့ သမ္မတ နိုင်ငံ  အသင်း ဝေးလ် အသင်းများ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး အီရန် အသင်း ကစားသမားများသည် ကောင်းမွန်သောပွဲတစ်ပွဲဖြင့် သုညဖြင့် အနိုင်ရရှိခဲ့သည်။

ပထမပိုင်းအစတွင် အီရန်က ဂိုးသွင်းရန် အခွင့်အရေးများ ဖန်တီးခဲ့သော်လည်း ဂိုးမသွင်းနိုင်ခဲ့ဘဲ ပထမပိုင်းတွင် ဂိုးမရှိသရေဖြင့် ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းအစတွင် အီရန်အသင်းက စတင်တိုက်စစ်ဆင်ခဲ့ပြီး အီရန်ကစားသမားများသည် ဝေးလ်ကို ဖိအားပေးလာခဲ့ပါတယ်။ အီရန်သည် နောက်ဆုံး ၃ မိနစ်တွင် ဂိုးနှစ်ဂိုးစလုံးကို သွင်းယူနိုင်ခဲ့ပါတယ်။

အီရန်ကစားသမားတွေဟာ ဒီပွဲစဉ်မှာ ဂိုးသွင်းယူဖို့ အခွင့်အရေးများစွာကို လွဲချော်ခဲ့ပေမယ့် ကစားသမားတွေက စိတ်မပျက်ဘဲ ဝေးလ်အသင်းကို နောက်ဆုံးမိနစ်အထိ ဖိအားတွေအောက်မှာ ထိန်းထားခဲ့ပါတယ်။ အခု ဒီအုပ်စုမှာ အီရန်ရဲ့ နောက်ပွဲက အမေရိကနဲ့ ကစားရမှာ ဖြစ်ပြီး ဒီနေ့ အောင်မြင်မှု အပြီးမှာတော့ အီရန် ကစားသမားတွေရဲ့ စိတ်ဓာတ်က အရမ်း မြင့်မားနေပါတယ်။ ဒါဟာ 2022 ခုနှစ် ဖီဖာကမ္ဘာ့ဖလားမှာ အီရန်ရဲ့ ဒုတိယမြောက်ပွဲဖြစ်ပါ တယ်။

အမေရိကန် ကိုလည်း အောင်နိုင်မည်ဟု မျှော်လင့်ရပါတယ်။

****************************************************************

END / 251