အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၂၉ နိုဝင်ဘာ ၂၀၂၂

၀၉:၂၃:၂၃
1327190

ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ FIFA 2022 ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စိတ်ဝင်စားစရာကောင်းပြီး အံ့မခန်းပွဲတွေ ကစားနေပါတယ် ။ အီရန် အသင်း နှင့် အမေရိကန် အသင်း တို့သည် ယနေ့ ည အီရန်စံတော်ချိန် ည ၁၀း၃၀ နာရီ ၊ မြန်မာ စံတာ်ချိန် ည ၁း၃၀ နာ ရီ တွင် ထိပ်တိုက် တွေ့ကြမည် ဖြစ်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News ၏ သတင်း အထောက်အထားများ အရ ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ FIFA 2022 ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အရေးကြီးတဲ့ပွဲစဉ်မှာ အီရန်အစ္စလာမ်စ် ပြည်သူ့ သမ္မတနိုင်ငံ အသင်း နှင့်  အမေရိကန်အသင်းတွေ ယနေ့ညမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

ပွဲစဉ်ကို အီရန်စံတော်ချိန် ည ၁၀း၃၀ နာရီ ၊ မြန်မာ စံတာ်ချိန် ည ၁း၃၀ နာ ရီ တွင် စတင်မည်ဖြစ်ပါတယ်။

ဒုတိယပွဲစဉ်မှာ အီရန်က ဝေးလ်ကို ၂ဂိုး ၊ ဂိုးမရှိဖြင့်  အနိုင်ယူပြီး အီရန်ကစားသမားတွေရဲ့ စိတ်ဓာတ်က အရမ်းမြင့်မားခဲ့ပါတယ်။

အီရန်သည် နောက်ဆုံး ၃ မိနစ်တွင် ဂိုးနှစ်ဂိုးစလုံးကို သွင်းယူနိုင်ခဲ့သည်။ ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ဖီဖာ 2022 ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်အမျိုးသားအသင်းက ဝေးလ် အသင်းကို အောင်ပွဲခံပြီး အီရန်ကို ထောက်ခံတဲ့ ကြွေးကြော်သံတွေနဲ့ ကားနဲ့ဆိုင်ကယ်တွေကို ဟွန်းဟွန်းတီးနေတဲ့ အီရန်ပြည်သူတွေဟာ လမ်းမပေါ်ထွက်ပြီး ချီတက်ခဲ့ကြပါတယ်။ စိတ်လှုပ်ရှားနေတဲ့လူတွေက လက်ထဲမှာ အီရန်အလံတွေ ကိုင်ထားပြီး ပျော်ရွှင်စွာ ဝှေ့ယမ်းနေကြတယ်။

အင်န်ရှာအလ္လာဟ် အီရန် အသင်း  သည် အမေရိကန် အသင်း  အပေါ်  အောင်ပွဲ ခံနိုင်မည် ဖြစ်ပါတယ်။

****************************************************************

END / 251