အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
သောကြာနေ့

၂ ဒီဇင်ဘာ ၂၀၂၂

၂၁:၄၉:၄၆
1328025

အစ္စရေး သည် လူ့အခွင့် အရေးအကြောင်း ပြောရန် မည်သည့် ခွင့်ပြုချက်မှ မရှိပါ / အီရန်

အကြမ်းဖက်၊ ဇီယွန်ဝါဒီနဲ့ လူမျိုးရေးခွဲခြားတဲ့ အစိုးရဟာ လူ့အခွင့်အရေးနဲ့ တခြားသူတွေရဲ့ လုပ်ဆောင်မှုတွေကို မှတ်ချက်ပေးဖို့ မည်သည့် ခွင့်ပြုချက်မှ မရှိကြောင်း အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပခဲ့ပါတယ်။  


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဲဟ်ရ် သတင်းဌာန ၏ အစီရင်ခံစာအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏  နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ နာစေရ် ကန်အာနီ မှယနေ့ တွင် မိမိ၏ တွစ်တာအကောင့်တွင် အကြမ်းဖက်၊ လူမျိုးရေးခွဲခြားမှုနှင့် ဖိနှိပ်ခံနေရသော ဇီယွန်ဝါဒီအစိုးရသည် လူ့အခွင့်အရေးနှင့် အခြားနိုင်ငံများတွင် မှတ်ချက်ပေးဖို့  မည်သည့် ခွင့်ပြုချက်မှ မရှိကြောင်းရေးသား ထားပါတယ်။

၎င်းမှဆက်လက်ပြီး လူ့အခွင့်အရေးသည် မြင့်မြတ်သော အယူအဆဖြစ်ပြီး အီရန်အစ္စလာမ္မစ် ပြည်သူ့ သမ္မတနိုင်ငံသည် ၎င်း၏မြှင့်တင်ရေးကို အစ္စလာမ့်၊ လူသား၊ တရားဥပဒေနှင့် ကျင့်ဝတ်ဆိုင်ရာ လိုအပ်ချက်များအဖြစ် ယူဆကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

လူ့အခွင့်အရေးကို အဆိုးရွားဆုံး ချိုးဖောက်သူများသည် ၎င်းတို့၏ ရှက်စရာကောင်းသော လူ့အခွင့်အရေးမှတ်တမ်းကို နိုင်ငံရေးလက်နက်အဖြစ် အသုံးပြုနေခြင်းကို ရပ်တန့်သင့်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

 

အမေရိကန် အစိုးရ အပါအဝင် လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသော အနောက်နိုင်ငံများ၏ လူ့အခွင့်အရေးဆိုင်ရာ မမှန်မကန် တောင်းဆိုသူများသည် လူသား၏ နှလုံးသား ဆိုင်ရာ  တရားရုံးတွင် ရှုံ့ချ ခံထားရကြောင်း အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏  နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ နာစေရ် ကန်အာနီ မှ ရေးသားထားကြောင်း သိရှိရပါတယ်။

****************************************************************

END / 251