အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၅ ဒီဇင်ဘာ ၂၀၂၂

၁၉:၂၃:၁၆
1328879

မလေးရှား ကုရ်အာန် ညီလာခံ

ကျမ်းတော်မြတ် ကုရ်အာန် ၏ သွန်သင်ချက်များကို အာရုံစိုက်ခြင်းဖြင့် ပြဿနာများကို ဖြေရှင်း နိုင် မည် +ဓာတ်ပုံများ

ခေတ်ကာလ ပြဿနာများနှင့်ပတ်သက်ပြီး ကုရ်အာန်ညီလာခံ၌ မိန့်ခွန်းပြောကြားရာတွင် ကုရ်အာန် ကျမ်းမြတ် ၏ သွန်သင်ချက်များကို အကောင် အထည် ဖော်ခြင်း သည် ငွေကြေး၊ အလုပ် လက်မဲ့၊ မိသား စုနှင့် ရပ်ရွာပြဿနာများကို ဖြေရှင်းရာတွင် အထောက်အကူဖြစ်စေနိုင်သည်ဟု မိန့်ခွန်း ပြောကြား သူများ မှ ပြောကြား ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီးက်နာ သတင်းဌာန ၏ အဆိုအရ Yayasan Warisan Ummah Ikhlas Foundation မှ ကြီးမှူးကျင်းပသည့် ကျမ်းတော်ြမတ်ကုရ်အာန် ညီလာခံ အား ပြည်တွင်းပြည်ပမှ လူပေါင်း ၁၂၀၀ သည် တက်ရောက် နေရာ ယူခဲ့ ကြောင်း သိရှိ ရပါတယ်။

Warisan Ummah Ikhlas (WUIF) နှင့် TickTalk TV တို့ ပူးပေါင်း၍ "စိန်ခေါ်မှုများကို ရင်ဆိုင်ခြင်းနှင့် စူရဟ်စဂျ်ဒဟ် " ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ညီလာခံ ကို International Trade Malaysia (MITI) ဟော တွင် ကျင်းပခဲ့ ကြောင်း သိရှိခဲ့ရပါတယ်။

Warisan Ummat ၏ ဒါရိုက်တာ မူရ်ဟီနီ ယူစွဖ် က ညီလာခံ ပွဲတွင် စီးပွားရေး၊ လူမှုရေး၊ မိသားစုနှင့် အလုပ်လက်မဲ့ ပြဿနာများကို ဆွေးနွေးသွားမည်ဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။

မူရ်ဟီနီ ယူစွဖ် မှ Warisan Ummah အနေဖြင့် ကမ္ဘာ့တခြားနိုင်ငံတွေမှာ ညီလာခံ ဆွေးနွေးပွဲများ ကို  ကျင်းပဖို့ မျှော်လင့်ထားပြီး အခုအချိန်အထိ အီရန်၊ အိန္ဒိယ၊ စင်ကာပူနဲ့ ဘရူနိုင်းတို့က ဒီကိစ္စကို စိတ်ဝင်စားကြောင်း‌ပြောကြားခဲ့ပါတယ်။

၎င်းမှဆက်လက်ပြီး တက်ရောက်လာသူများသည် အစီအစဉ်ကို စိတ်ဝင်စားခဲ့ကြပြီး လာမည့်နှစ်  ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂ ရက်နှင့် ၃ ရက်တို့တွင်  ဤညီလာခံ ဆွေးနွေးပွဲ ကို တစ်ရက်တာ နှီးနှောဖလှယ်ပွဲပုံစံဖြင့် ကျင်းပရန် ဆုံးဖြတ်ထားကြောင်း ပြောကြားခဲ့ပါတယ်။

ဤညီလာခံ ဆွေးနွေးပွဲ တွင် မလေးရှား၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ပါလက်စတိုင်း၊ အီဂျစ်နှင့် အမေရိကတို့မှ အစ္စလာမ်နှ င့် ကုရ်အာန်ဆိုင်ရာ ကျွမ်းကျင်သူများ  တက်ရောက်ခဲ့နေရာ ယူခဲ့ ကြပါ တယ်။

ဝမ်းနည်း ဖွယ်ရာ အချက်မှာ မွတ်စလင်အများစု အနေဖြင့် ကိုယ်တော်ြမတ် (ဆွ) မိန့်ကြားထား သည့် အတိုင်း ကျမ်းတော်ြမတ်ကုရ်အာန် နှင့် အဲဟ်လေ့ဘိုက် (သ) (အ.စ) ကို မြဲမြံစွာ မဆုပ်ကိုင် ထားကြဘဲ ကုရ်အာန် ကို သာ ဆုပ်ကိုင်ထားကြ ခြင်း ဖြစ်ပါတယ်။









****************************************************************

END / 251