အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
တနင်္ဂနွေနေ့

၁၁ ဒီဇင်ဘာ ၂၀၂၂

၂၀:၂၄:၀၇
1330178

ဧရာဝတီတိုင်းတွင် စစ်ကောင်စီက ကောက်ကြမ်းဆန်များ စျေးနှိမ်ပြီး ဖိအားပေးဝယ်ယူနေ

ဆန်စပါး အဓိကထွက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးမှာ ဒီနှစ်ထွက်ရှိလာတဲ့ ကောက်ကြမ်းစပါးကို အာဏာသိမ်းစစ်ကောင်စီက လိုအပ်တာထက် ပိုမိုဝယ်ယူစုဆောင်းနေပြီး လက်ရှိ ကာလပေါက်စျေးထက် ထက်ဝက် ချိုးနှိမ်ကာ လယ်သမားတွေဆီကနေ မဖြစ်မနေ ဖိအားပေး ဝယ်ယူနေတယ်လို့ ဒေသခံ လယ်သမားတွေက ပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဆန်စပါး အဓိကထွက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးမှာ ဒီနှစ်ထွက်ရှိလာတဲ့ ကောက်ကြမ်းစပါးကို အာဏာသိမ်းစစ်ကောင်စီက လိုအပ်တာထက် ပိုမိုဝယ်ယူစုဆောင်းနေပြီး လက်ရှိ ကာလပေါက်စျေးထက် ထက်ဝက် ချိုးနှိမ်ကာ လယ်သမားတွေဆီကနေ မဖြစ်မနေ ဖိအားပေး ဝယ်ယူနေတယ်လို့ ဒေသခံ လယ်သမားတွေက ပြောပါတယ်။

ပြင်ပဈေးကွက်မှာ ကောက်ကြမ်းဆန်စပါးစျေးက တင်း ၁၀၀ ကို ကျပ်ငွေ ၁၃ သိန်းဝန်းကျင် ဖြစ်ပြီး စပါးစိုက်ခင်း ၁ ဧကကို ထွက်နှုန်း တင်း ၈၀ ထွက်ကာ စပါးစိုက် ၁ ဧကကို စိုက်ပျိုး ကုန်ကျစရိတ်ငွေ ၃ သိန်းကျော် ရှိပါတယ်။

ဒါပေမယ့် စစ်ကောင်စီပေးတဲ့ဈေးနှုန်းက ကောက်ကြမ်းစပါးတင်း ၁၀၀ ကို ၅ သိန်း ၈ သောင်းသာ ပေးတာကြောင့် စပါးစိုက်တောင်သူတွေအတွက် အရှုံးပေါ်နေတယ်လို့ လယ်သမားတွေက ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှ လယ်သမားတဦးက "အပြင်မှာ စပါးစျေးက ၂ ဆလောက်ရှိတယ်။ အပြင်မှာ ဆန်ကြမ်းစပါးစျေးက ၁၃ သိန်းလောက် ရှိတယ်။ သူတို့ပေးတာက ၅ သိန်း ၈ သောင်းဝန်းကျင်၊ ၆ သိန်းပဲထားပါ။ ခေါက်ချိုးလောက် လျော့နေတော့ လယ်သမားက မရောင်းချင်ဘူး။ မရောင်းရင်ရလားဆိုတော့ အခုက စစ်တပ် အုပ်ချုပ်တဲ့ ခေတ်လေ။ မရောင်းရင် လယ်သိမ်းမှာပေါ့။ တနည်းနည်း နှောင့်ယှက်မှာပေါ့။ အဲ့တော့ လယ်သမားက သူတို့ရှိတဲ့ စပါးကို မဖြစ်မနေ ရောင်းရမှာပဲ။ မရောင်းရင် ဟိုးမဆလခေတ် တာဝန်ကျေ စပါး ၁၀ တင်းချပေးတာထက် အခြေအနေ ဆိုးသွားတာပဲ ရှိတယ်” လို့‌ ပြောပါတယ်။

စစ်ကောင်စီက ဆန်ကြမ်းကိုသာ ဝယ်ယူပြီး ဆန်ချောကိုတော့ ဈေးနှုန်းကြီးတာကြောင့် မဝယ်ဘူးလို့ ဆိုပါတယ်။

“ဘာကြောင့် သူတို့ ဒီလိုလုပ်ရလဲဆိုတာ အခြားတဖက်က ခန့်မှန်းရတာတော့ လာမယ့် အခြေအနေ၊ နိုင်ငံရေး စစ်ရေး အခြေအနေအရ ကောက်ကြမ်းစပါးဆိုတာ အခြေခံလူတန်းစားတွေ စားတာ။ ဆန်ချောတွေကို သူတို့ မဝယ်ဘူး။ ဆန်ချောဆိုတာ ကောက်ချောအုပ်စု (ပေါ်ဆန်းအုပ်စုဝင်) မဝယ်ဘူး။ ဒါက အထက်တန်းလွှာ လူတန်းစား စားတာ။ စျေးနှုန်းလည်း ကြီးတဲ့အတွက် သူတို့ မဝယ်ဘူး။ အဓိကကတော့ တော်လှန်ရေး အင်အားစုအတွက် ကောက်ကြမ်းဆန်စပါးက ရိက္ခာစီးဆင်းသွားမှာစိုးတို့အတွက် သူက ဒါကို ဖိအားပေးပြီး လိုတာထက် ပိုပြီး ဖြည့်စွက်ဝယ်တာ ဖြစ်တယ်။  ဒီလို လယ်သမားရဲ့ လယ်ကထွက်တဲ့ စပါးရဲ့ ၆၅ ရာခိုင်နှုန်းလောက်ထိ ဝယ်တာ အရင်က မရှိခဲ့ဖူးဘူး။ အဲ့လို ဖိအားပေး ဝယ်တာလည်း မရှိခဲ့ဘူး။"

တောင်သူတွေဟာ စပါးထွက်နှုန်း ၆၅ ရာခိုင်နှုန်းကို စစ်ကောင်စီဆီ မဖြစ်မနေ ရောင်းချပေးရမှာဖြစ်ပြီး ကျန်တဲ့ ၃၅ ရာခိုင်နှုန်းကိုတော့ ကာလပေါက်ဈေးနဲ့ ရောင်းချခွင့်ရမယ်လို့ ဒေသခံ လယ်သမားတွေက ပြောပါတယ်။

အဆိုပါ လယ်သမားက "လယ်သမားက ဘယ်ရောင်းချင်မလဲ။ ထွက်တဲ့စပါးကို လွတ်လွတ်လပ်လပ်မှ မရောင်းရတာ" လို့ ပြောပါတယ်။

စစ်ကောင်စီဟာ စစ်တပ်၊ စစ်တပ် မိသားစုနဲ့ တပ်ထဲက ရဲဘော်တပ်သားတွေအတွက် ရိက္ခာအနေနဲ့ ဆန်ကြမ်း (ကောက်ကြမ်းစပါး) ကို တနှစ်စာ ကြိုတင် ဝယ်ယူလေ့ရှိတဲ့အပြင်  မိုးစပါးပေါ်ချိန်က စလို့ ဆန်စပါး ကုန်သည်တွေဆီကနေ ကြိုတင်ငွေပေး ဝယ်လေ့ရှိပါတယ်။

အခုနှစ်မှာတော့ စစ်ကောင်စီဟာ ကောက်ကြမ်းဆန်စပါးကို လယ်သမားတွေဆီက တိုက်ရိုက် ဖိအားပေး ဝယ်တာမျိုး မဟုတ်ပေမယ့် ကုန်သည် ပွဲစားတွေ၊ အုပ်ချုပ်ရေးမှူးတွေကတဆင့် ဖိအားပေး ဝယ်ယူနေတာ ဖြစ်ပါတယ်။

လက်ရှိ ဧရာဝတီတိုင်းက ဆန်စပါးစျေးပေါက်စျေးဟာ ကောက်ကြမ်းစပါး တင်း ၁၀၀ ကို ငွေကျပ် ၁၃ သိန်း၊ ကောက်ချောစပါး တင်း ၁၀၀ ကို ငွေကျပ် ၁၆ သိန်း ၄ သောင်း၊ ရွှေသွယ်စပါး တင်း ၁၀၀ ကို ငွေကျပ် ၁၄ သိန်း အသီးသီးရှိတယ်လို့ ပုသိမ်မြို့ ဆန်စပါးရောင်းဝယ်သူတွေဆီက သိရပါတယ်။

ပုသိမ်မြို့မှ ဆန်စပါး ရောင်းဝယ်သူတဦးက "ဆန်စျေးအနေနဲ့က ဆင်းသုခ၊ မနေသုခ မျိုးပွားတအိတ်ကို ငွေကျပ် ၄ သောင်း ၃ ထောင် ပေါက်တယ်။၊ ပေါ်ဆန်းယဥ် တအိတ်ကို ၅ သောင်း ၃ ထောင်၊ ဧရာဝတီပေါ်ဆန်းတအိတ် ၆ သောင်းခွဲအထိ ပေါက်စျေး ရှိနေတယ်" လို့ ပြောပါတယ်။

ဒီနှစ်မှာတော့ ရိတ်သိမ်းချိန် နောက်ကျတာ၊ ရာသီဥတု မိုးမမှန်တာတွေကြောင့် စပါးခင်းတွေ ပျက်စီးပြီး စပါးစိုက် တောင်သူတွေ အရှုံးပေါ်ခဲ့ပါတယ်။ ဒါ့အပြင် ပြင်ပမှာ ဆန်စျေး အဆမတန် မြင့်တက် နေပေမယ့် စစ်ကောင်စီရဲ့ အရန်ဆန် ကြိုတင် ဝယ်ယူမှုနှုန်း မြင့်မားနေတာကြောင့်လည်း စပါးစိုက် တောင်သူတွေ အရှုံးပေါ်နေရပါတယ်။

****************************************************************
END / 251