အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၁၈ ဇန်နဝါရီ ၂၀၂၃

၁၈:၄၂:၁၈
1339472

ကသီးဖ် မြို့ မှ မဒီနာ သို့ သွား နေသည့် ရှီအဟ် ဘတ်စ်ကား ကို ဝဟာဘီ မှ တိုက်ခိုက် + ဗီဒီယိုကလစ်တို

ဆော်ဒီ ဝဟာဘီ အကြမ်းဖက်သမားများမှ သည် ကသီးဖ် မြို့ မှ မဒီနာ သို့ သွား နေသည့် ဘတ်စ်ကားအား တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှုဖြစ်ပွားရခြင်းအကြောင်းရင်းမှာ ကသီးဖ် မြို့ သားများ သည် ရှီအဟ် မွတ်စလင်မ်များ ဖြစ်ကြပြီး တမန်တော်မုဟမ္မဒ် (ဆွ) ၏ ဗိမာန်တော် အား ဇေယာရသ် ပြုသွားကြရန် ဖြစ် သည့် အတွက် ကြောင့် ဖြစ်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဆော်ဒီ ဝဟာဘီ အကြမ်းဖက်သမားများမှ  သည် ကသီးဖ် မြို့ မှ မဒီနာ သို့   တမန်တော်မုဟမ္မဒ် (ဆွ) ၏ ဗိမာန်တော် အား ဇေယာရသ် ပြသွားကြရန် သွားနေသည် ကသီးဖ် မြို့ သား ရှီအဟ်များ ၏ ဘတ်စ်ကား အား ပိတ်ဆို့ ပြီး တိုက်ခိုက်ခဲ့ကြပါတယ်။

ဖော်ပြပါ ဗီဒီယို ကလစ်တို သည် လူမှုကွန်ရက် တက်ကြွလှုပ်ရှားသူများ ၏ ဒေါသကို နှိုးဆွခဲ့ပြီး လူမှုကွန်ရက် တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ အလီဟာရှင်မ် မှ ဆော်ဒီ ဝဟာဘီ အကြမ်းဖက် သမားမှ  သည် ကသီးဖ် မြို့ မှ မဒီနာ သို့ သွား နေသည့် ဘတ်စ်ကားအား တိုက်ခိုက်ခဲ့ ပါတယ်။  တိုက်ခိုက်မှုဖြစ်ပွားရခြင်းအကြောင်းရင်းမှာ ကသီးဖ် မြို့ သားများ သည် ရှီအဟ် မွတ်စလင်မ်များ ဖြစ်ကြပြီး  တမန်တော်မုဟမ္မဒ် (ဆွ) ၏ ဗိမာန်တော် အား ဇေယာရသ် ပြုသွားကြရန် ဖြစ် သည့် အတွက် ကြောင့် ဖြစ် ကြောင်း ရေးသား ထားပါတယ်။

ဤနိုင်ငံရေးတက်ကြွလှုပ်ရှားသူသည် နောက်ထပ်တွစ်တာတွင် ဆော်ဒီ နိုင်ငံ တွင် ရှီအဟ် မွတ်စလင်မ်များ အပေါ် တိုက်ခိုက်သူအား မဖမ်းချုပ် ကြောင်း ယုတ် စွ ကသီးဖ် ၊ ကဒီးဟ် နှင့် အလ်အဲဟ်စာ   ရှိ  ရှီအဟ် ဗလီ ဝတ်ကျောင်း တော်များ နှင့် အေမာမ် ဘာရာ များ  ဗုံးခွဲ တိုက်ခိုက်ခဲ့သည့် အကြမ်းဖက် သမားများကို ထောင်ချ ထား လား? သို့မဟုတ် ဗုံးခွဲ တိုက်ခိုက်ဖို့  ဆော်ဒီ အာဏာ ပိုင်များ ကိုယ်တိုင်  ဆီးရီးယား နိုင်ငံ နှင့် အီရတ်တို့ဆီ ပို့ ထားလား ? ဆိုသည့် အချက်ကို မသိရကြောင်း ရေးထားပါတယ်။


ဒီဗီဒီယိုဖိုင်ထဲမှာ ကားစီးလာသည့် ဆော်ဒီ ဝဟာဘီ တစ်ယောက်မှ  ဘတ်စ်ကား၏ ရှေ့ကို ပိတ်ဆို့ခဲ့ပြီး ဘတ်စ်ကားပြတင်းပေါက်ကို ခဲနဲ့ပေါက်ပြီး ထွက်ပြေးသွားတာ ဖြစ်ပါတယ်။

Al-Jazeera ၏ Maratha မှရေးသားခဲ့သည်မှာ -  ဆော်ဒီ နိုင်ငံသား ရှီအဟ်များ သည်   ခွဲခြား ဆက်ဆံ ခံရမှု အမျိုးမျိုးကို ခံနေရကြောင်း ဘာသာရေး အစီအစဥ်များ ကို ကျင်းပခွင့် မပေးခြင်း ကျောင်း များ တွင် ရှီအဟ် ဖြစ်လျင် ဆရာ အဖြစ် မခန့် ခြင်း ကျောင်း သင်ရိုး ညွှန်းတမ်း  တွင် ရှီအဟ်များ၏  မျက်နှာ ကို ပျက်စေသည့်အရာများ ပါဝင်ကြောင်း ပညာရေး အရ ခွဲ ခြား ဆက်ဆံမှု၊ အစိုးရ အရာ ရှိ နေရာများ တွင် (မည်အမျှ ပင် အရည်အချင်း ရှိနေပါစေ )  ရှီအဟ် ကို နေရာမပေးခြင်း တို့ကို  ခံနေရကြောင်း ကြောင်း ရေးသား ထားပါသည်။

ပြီးနောက် ပြီးခဲ့သည့် နှစ်တွင်လည်း ကသီးဖ် မြို့ ၏ မြူနီစပယ် လူကြီး ရှီအဟ် ဖြစ်သူ မိုဟမ္ဒ် အလ်ဟိုစိုင်းန်နီ အား ဖယ် ထုတ်ပြီး ၎င်းနေရာ တွင် ဝဟာဘီ ဆွာလေဟ် အလ်ဖရ်နီ အား အစားထိုး ခဲ့ကြောင်း သိရှိရပါတယ်။

ဆော်ဒီရှီအဟ် များ သည် လူမျိုးရေး အရလည်း ခွဲခြား ဆက်ဆံခြင်းကို ခံရပြီး အပြည်ပြည်ဆိုင်ရာ တရားဝင် ၊တရားမဝင် မီဒီယာများ တွင် လအ်နသ် ပြုခြင်းကိုခံရပါတယ်။ ၊ ဘာသာရေး ကို အကြောင်း ပြ၍ ဖမ်းဆီး ခြင်း ရှီအဟ်ဗလီများ ဆောက်လုပ်ခွင့်ကို ပိတ်ခြင်းခံရခြင်း ခွင့်ပြုမိန့် မရခြင်း တရားဝင် မီယီယာ များ မှ သာသနာ ပညာရှင်အချို့ သည် ရှီအဟ် အား ရဖေဇီ ဟု ခေါ်ဆိုမှု မဂျုစီဟုခေါ်ဆိုမှု ကို ခံရပြီး  စော်ကား ပုတ်ခတ် မှု ရက်စက် ယုတ်မာ မှုများ ကို ခံနေရပါတယ် ။

မကြာသေးမီနှစ်များအတွင်း၊ ဆော်ဒီအစိုးရသည် ကသီးဖ် မြို့သူ၊ မြို့သားမား ပြောင်းရွှေ့နေရာချ ထားရန်နှင့်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆောက်လုပ်ရေးအကြောင်းပြချက်ဖြင့်၎င်းတို့ ၏ မြေများကို မတရား သိမ်းပိုက် ခံပြီး ၎င်းတု့ ၏ရပ်ကွက်များနှင့်အိမ်များကိုဖျက်ဆီးခဲ့ပါတယ်။ အာရေဗျ ကျွန်းဆွယ်ရှိ လူ့အခွင့် အရေး ကာကွယ်ရေး ကော်မတီ၏ အဆိုအရ၊ ဒါဇင်နှင့်ချီသော မိသားစုများနှင့် ရာနှင့်ချီသော ပြည်သူများသည် အဆိုပါ လုပ်ရပ်များကြောင့် ဒုက္ခရောက်နေကြ ကြောင်း ဖြစ်ပါတယ်။

လူ့အခွင့် အရေး ဟု ညာသံပေးနေသည့် အနောက်နိုင်ငံများ နှင့် အစ္စလာမ် နိုင်ငံများ  သည်  တရုတ် နိုင်ငံ နှင့် မြန်မာ နိုင်ငံ  ရှိ မွတ်စလင်မ်များ အပေါ် မတရား ပြုကျင့်ခြင်း များကို သာ အသံ ထုတ်ကြ ပြီး ဆော်ဒီ နှင့်အခြား နိုင်ငံများ တွင် ရှီအဟ်များ အပေါ်  မတရား ကျင့်နေမှုများ ကို မသိချင်ယောင် ဆောင်၍ နှုတ်ဆိတ်နေကြပါတယ်။

****************************************************************

END / 251