အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၂၈ ဇန်နဝါရီ ၂၀၂၃

၁၈:၃၇:၅၇
1341778

ဇီယွန် စစ်သား ၏ ပါလက်စတိုင်း ဂျီနင် ဒုက္ခသည် စခန်း အားတိုက် ခိုက်မှု ကြောင့် ၉ ဦး ရှဟီးဒ် ဖြစ်

ကိုလိုနီ အစ္စရေး ၏ ဇီယွန် စစ်သား ၏ ပါလက်စတိုင်း ဂျီနင် ဒုက္ခသည် စခန်း အားတိုက် ခိုက်မှု ကြောင့် ၉ ဦး ရှဟီးဒ် ဖြစ် ခဲ့ပြီး အယောက် ၂၀ ဒဏ်ရာ ရခဲ့ကြောင်း ရှဟီးဒ် ၉ ဦး အတွက် လူထု ဝမ်းနည်း ကြေကွဲမှု အဖြစ် ကြေညာ ခဲ့ကြောင်း သိရှိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ပါလက်စတိုင်း ကျန်းမာရေး ၀န်ကြီးဌာနမှ ဂါဇာ အနောက်ဘက်ကမ်းရှိ ဂျီနင် ဒုက္ခသည် စခန်းအား ဇီယွန် စစ်သား များ ၏ ရက်စက်ကြမ်းကြုတ်သောတိုက်ခိုက်မှု ကြောင့်  အဘွားအိုတစ်ဦးအပါအဝင် ပါလက်စတိုင်းလူမျိုး ၉ ဦး သေဆုံးခဲ့ကြောင်း  ကြေညာခဲ့ပါတယ်။

ဤလူမဆန်သည့်  တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း အနည်းဆုံး အယောက် ၂၀ ဒဏ်ရာရခဲ့ပြီး ၎င်းတို့ထဲမှ လေးဦးမှာ ပြင်းထန်သော အခြေအနေတွင် ရှိနေကြောင်း သိရပါတယ်။

ဂျီနင် ဒုက္ခသည် စခန်းဆေးရုံသို့ ရောက်ရှိလာသည့် ပါလက်စတိုင်းနိုင်ငံသား အများအပြားသည် ဆေးရုံထဲသို့ ဇီယွန် စစ်တပ် ၏  မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်မှုကြောင့် အသက် ရှူကြပ် သွား ခဲ့က့ပါတယ်။

ပါလက်စတိုင်းအာဏာပိုင်အဖွဲ့၏ ကျန်းမာရေးဝန်ကြီး မေအလ်ကေလဟ် မှ  ဂျီနင် ဒုက္ခသည် စခန်းရှိ အခြေအနေသည် အလွန်စိုးရိမ်ရကြောင်း ကြေညာခဲ့ပြီး လခြမ်းနီ ကယ်ဆယ်ရေးသမားများ၏ အစီရင်ခံစာအရ ဒဏ်ရာရသူ အများအပြား ရှိနေကြောင်း ကျူးကျော် တိုက်ခိုက်သူ အစ္စရေး ဇီယွန် စစ်သားများ သည် ဒဏ်ရာရသူများကို ကယ်ဆယ်နိုင် ရန် လာနေသည့် လူနာတင်ယာဉ်များ ကို ဂျီနင် ဒုက္ခသည် စခန်းအတွင်းသို့ ဝင်ရောက်ခြင်းမပြုရန် တားဆီးခဲ့ ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်း မှ ဤကဲ့သို့ လူမဆန်မှု ကို  ရပ်တန့်ရန်နှင့် ဂျီနင် ဒုက္ခသည် တွင်နေထိုင်သော ပါလက်စတိုင်းလူမျိုးများ၏ အသက်ကို ကယ်တင်ရန် ကမ္ဘာ့ကြက်ခြေနီနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ အရေးပေါ်အစည်းအဝေးပြုလုပ်ရန် တောင်းဆိုခဲ့ပါတယ်။

အခုလို လိုက်အပြုံလိုက်သတ်ဖြတ်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဖသ်ဟ်လှုပ်ရှားမှုအဖွဲ့ ဂျီနင် ဒုက္ခသည်  ၏ အာဇာနည် (ရှဟီးဒ်) မိသားစုဝင်များ ကို  စာနာဖို့ တနိုင်ငံလုံးအတိုင်းအတာနဲ့ သပိတ်မှောက်ရန် ကြေညာခဲ့ပါတယ်။

ဤလှုပ်ရှားမှုကို ထုတ်ပြန်ချက်တွင်- ယနေ့တွင် လုံး၀ သပိတ်မှောက်ရန် နှင့် သိမ်းပိုက် ကျူးကျော် သူများ  ၏ ကျူးကျော်နေသည့် ခြေလှမ်း တိုင်း၊  နေရာတိုင်း၊ လမ်းကြားတိုင်း၊ နေရာတိုင်းတွင် ပြန်လည် ခြံခံ တွန်းလှန် ကြရန် ဧကန်စင်စစ် မြေကြီးပေါ်၌ မတရားမှုကြောင့် ကျခဲ့ရသည့် မိမိတို့ ၏ သွေးများ သည် အလဟဿ ပျောက်ကွယ်လိမ့်မည် မဟုတ်ပေကြောင်း ပါဝင်ပါတယ်။

မိုဟမ္မဒ် အဘာစ် သည် ပါလက်စတိုင်းအလံအား သုံးရက်တိုင်တိုင် လွှင့်ထူရန် အမိန့်ပေးခဲ့ပြီး ဂျီနင် ဒုက္ခသည်   စခန်းရှိ ဇီယွန် စစ်သား များ ၏ လုပ်ရပ်သည် ဤစခန်းရှိ နေထိုင် သူများ ကို အပေါ် ပြုခဲ့သည့်  ရာဇ၀တ်မှုတစ်ခု ဖြစ် ကြောင်း  ပြောကြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပင် ဂါဇာရှိ အမျိုးသားနှင့် အစ္စလာမ်မစ်  အင်အားစုများ ရှာဖွေရေး ကော်မတီ မှ အများပြည်သူ ဝမ်းနည်းကြေကွဲကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ပါလက်စတိုင်း ပြည်သူများ ၏ ထောက်ခံမှု ဖြင့် အဆိုပါ အစ္စရေး ဇီယွန် တို့၏ ရာဇ၀တ်မှုများကို  အရေးယူ ဖြေကြားခြင်း မပြုသည့် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ကုလ သမဂ္ဂတို့ အား  အရေးယူ အဖြေပေးရန် ဖိအားပေးတောင်းဆို ခဲ့ပါတယ်။

ပါလက်စတိုင်းလူမျိုးများသည် ဇီယွန်စစ်သားများ ၏  ပါလက်စတိုင်းနယ်မြေများကို တစ်ခု ပြီး တစ်ခု ကျူးကျော်ဝင်ရောက်ခွင့်နှင့် အပြစ်မဲ့နေထိုင်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများကို ပါလက် စတိုင်း လူမျိုးများက ခွင့်မပြုကြောင်း အဆိုပါကော်မတီက အလေးပေးပြောကြားခဲ့ပါတယ်။

ဂျီနင် ဒုက္ခသည်   စခန်းအား တိုက်ခိုက်ရသည့် ဇီယွန်စစ်တပ် ၏ ရည်ရွယ်ချက်မှာ အကျော်အေမာ် ပါလက် စတိုင်းလူမျိုးတစ်ဦးကို ပြန်ပေးဆွဲရန် ဖြစ်ကြောင်း ဟီဘရူး သတင်း ရင်းမြစ်အချို့က  ဖော်ပြ ထားပါ တယ်။

ဂျီနင် ဒုက္ခသည်   စခန်းအား ကိုလိုနီ အစ္စရေး အစိုးရ ၏ ဇီယွန် စစ်တပ်၏ တိုက်ခိုက်မှု သည် ၎င်း လူအခွင့် အရေး ချိုးဖောက်သူများ၏ မကြုံစဖူးဆုံးသော စစ်ဆင်ရေးများထဲမှ တစ်ခု အဖြစ် သတ်မှတ် နိုင်ပါတယ်။

****************************************************************

END / 251