၄ ဖေဖော်ဝါရီ ၂၀၂၃ - ၁၅:၁၇
အေမာမ်အလီ (အ.စ) ၏ ဇေယာရသ် လာရောက်သူ အလွန်များပြားသည့် အတွက် လုံခြုံရေး အထူး ပြုလုပ်ထား

မောင်လူးဒ်‌ဒေ ကအ်ဟ် အမီးရိုလ် မိုအ်မေနီ ဟဇရသ်အလီ ဗင် အဘီသွာ လစ်ဗ် (အ.စ) ၏ မွေးနေ့ရက်မြတ် ၏ အချိန်အခါ ဖြစ်၍ နဂျဖ်ဖေအရှ်ရဖ်မြို့ တွင် မောင်လာ (အ.စ) ၏ ဇေယာရသ် အတွက် လာရောက်သူများ ၏ အရေအတွက် များပြား မှု ကို ရှေ့ရှု ပြီး လုံခြုံရေး ကိစ္စ ကို အထူး သတိပေး ပြုလုပ်ထား ကြောင်း သိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 Sahar News ၏ အစီရင်ခံစာ အရ အီရတ် နိုင်ငံ ဂျဖ်ဖေအရှ်ရဖ် မြို့  တွင် သန်း နှင့်ချီသည့် မောင်လာ အလီ (အ.စ) ၏ ဇေယာရသ် ပြုသူများ အတွက် အထူးလုံခြုံရေး အစီအစဉ်ကို ပြင်ဆင်ထား ကြောင်း သိရှိရပါ တယ်။ မနှစ်မြို့ဖွယ် အဖြစ်အပျက်မျိုးများ မဖြစ်စေရန် လုံခြုံရေး ဝန်ထမ်းများအား လုံ့လစိုက် ထုတ် ကာ နေရာ အသီးသီး တွင် စစ်ဆေးရေးဂိတ်များ တပ်ဆင်ထားကြောင်း သိရှိရပါ တယ်။

လုံခြုံရေး အတွက်  လုံခြုံရေးဝန်ထမ်းများ အပြင်  စေတနာ့ဝန်ထမ်းများ လည်း အများအပြား ဝန်ဆောင် မှု ပေး နေ ကြောင်း သိရှိရပါတယ်။

လူများအနေဖြင့်  အချိုမုန့်များ နှင့် တခြား သဗ်ရွတ်က် များ ဝေငှပေးနေတာကိုလည်း တွေ့မြင်ရပါတယ်။ စတုဒိသာတဲ များ မှ လည်း ဇေယာရသ် ပြုသူများ ကို ဧည့်ခံ လျက်ရှိပါတယ်။

အီရတ်နိုင်ငံ ၏ အခြား ကြီးကျယ် မြင့်ြမတ်သည် မြို့များ ဖြစ်သည့် ကရ်ဗလာ ၊  ကာစမှိုင်း ၊ စမရဟ်မြို့များ တွင်လည်း အမီးရိုလ် မိုအ်မေနီ ဟဇရသ်အလီ ဗင် အဘီသွာ လစ်ဗ်  (အ.စ) ၏ မွေးနေ့ရက်မြတ် ကို  ဂုဏ်ပြု အခမ်းအနားများ ကျင်းပ ကြပါတယ်။

အမီးရိုလ် မိုအ်မေနီ ဟဇရသ်အလီ ဗင် အဘီသွာ လစ်ဗ်  (အ.စ) ၏ မွေးနေ့ရက်မြတ် ကို  ဂုဏ်ပြု အခမ်းအနား ကို ပြည်တွင်းပြည်ပ ဇေယာရသ် ပြုသူများ ပေါင်း သန်း နှင့်ချီ ပြီး ကျင်းပကြောင်း  တရားဟော ဆရာများ ၊ ကဗျာ ဆရာများ မှ မိမိတို့ ဟောပြောမှုများ ကဗျာ သီဆို ခြင်းများကို ပြု နေကြောင်း သိရှိရပါတယ်။

အမီးရိုလ် မိုအ်မေနီ ဟဇရသ်အလီ ဗင် အဘီသွာ လစ်ဗ်  (အ.စ) ၏ မွေးနေ့ရက်မြတ် အထိမ်းအမှတ် အား အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ မြို့ ကြီးမြို့ များတွင် သာဓက အားဖြင့် မရှ်ဟဒ် မိုကဒက်စ် ရှိ အေမာမ် အလီရေဇာ (အ.စ) ၏ရောင်ဇာတော် မြတ် ၊ ကွမ်း မိုကဒက်စ် ရှိ မအ်စူမဟ်ကွမ်း (စ.အ) ၏ ရောင်ဇာတော်ြမတ် ၊ ရှီးရာဇ် မြို့ ရှိ ဟဇရသ် အဲဟ်မဒ် ဗင်မူစာ ရှားဟ်ကျေရဂ် (အ.စ) တွင်  အဲဟ်လေ့ဘိုက်(သ) (အ.စ) ကို အချစ်ထားသူ အများအပြား မှ ပြုလုပ်နေ‌ ကြောင်း သိရှိရပါတယ်။

အမီးရိုလ် မိုအ်မေနီ ဟဇရသ်အလီ ဗင် အဘီသွာ လစ်ဗ်  (အ.စ) ဆဒ်ကဟ် ဖြင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) ကို အချစ်ထားသူ တိုင်း ကိုယ်စိတ် နှလုံး အေးချမ်း ပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ ဟု အဗ်နာ သတင်းဌာန မှ ဆုမွန်ကောင်း တောင်း လိုက်ပါတယ်။

****************************************************************

END / 251