အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
စနေနေ့

၄ ဖေဖော်ဝါရီ ၂၀၂၃

၁၅:၃၇:၀၉
1343603

ရှေ့နေအပါအဝင် ၃ ဦးအားသတ်မှုအတွက် ကင်ညာတရားရုံးက ရဲ ၃ ဦးနှင့်သတင်းပေးကို ထောင်ဒဏ် ချမှတ်

၂၀၁၆ ခုနှစ်က ကမ္ဘာလုံးဆိုင်ရာ ဥပဒေအခွင့်အရေးအဖွဲ့က ရှေ့နေ ဝီလီ ခီမာနီ နဲ့ တခြားနှစ်ဦးကို သတ်ဖြတ်မှုအတွက် ရဲအရာရှိ ၃ ဦးနဲ့ သူတို့ရဲ့ သတင်းပေးကို ကင်ညာနိုင်ငံတရားရုံးက ဖေဖော်ဝါရီ ၃ ရက်မှာ ဆယ်စုနှစ်ချီ ထောင်ဒဏ်တွေ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

၂၀၁၆ ခုနှစ်က ကမ္ဘာလုံးဆိုင်ရာ ဥပဒေအခွင့်အရေးအဖွဲ့က ရှေ့နေ ဝီလီ ခီမာနီ နဲ့ တခြားနှစ်ဦးကို သတ်ဖြတ်မှုအတွက် ရဲအရာရှိ ၃ ဦးနဲ့ သူတို့ရဲ့ သတင်းပေးကို ကင်ညာနိုင်ငံတရားရုံးက  ဖေဖော်ဝါရီ ၃ ရက်မှာ ဆယ်စုနှစ်ချီ ထောင်ဒဏ်တွေ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ်က ခီမာနီရဲ့ အမှုသည် ဂျိုးဆက်မွမ်ဒါ ကို ရဲတပ်ဖွဲ့က ပစ်ခတ်လို့ ဒဏ်ရာရရှိခဲ့ပြီးနောက် ခီမာနီနဲ့ သူ့အမှုသည် မွမ်ဒါ တို့ဟာ ရဲတပ်ဖွဲ့ရဲ့ ရက်စက်ကြမ်းကြုတ်မှုကို တိုင်ကြားခဲ့ပြီးနောက် မကြာခင်မှာပဲ သူတို့ရဲ့အတူ သူတို့ရဲ့ ယာဉ်မောင်း ဂျိုးဆက်ဖှ် မွီရူရီတို့ အသတ်ခံခဲ့ရပါတယ်။

သူတို့ရဲ့ရုပ်အလောင်းတွေကို နောက်တော့မှ မြို့တော် နိုင်ရိုဘီ အပြင်ဘက်ရှိ မြစ်ထဲကနေ ဆယ်ယူရရှိခဲ့တာပါ။

ဒီလူသတ်မှုဟာ အကွက်ကျကျ စီစဉ်ပြီး ကျကျနန ကြံစည်သတ်ဖြတ်မှု လို့ တရားသူကြီး ဂျက်ဆီ လက်စစ်က ပြောပါတယ်။

တရားခံ ၄ ဦးကို လူသတ်မှုနဲ့ မနှစ်က ပြစ်ဒဏ် ချမှတ်ခဲ့ပြီး အဓိကတရားခံ ဖှရက်ဒရစ်ခ် လယ်လီမန်ကို သေဒဏ်ချမှတ်ခဲ့ပါတယ်။

တခြားရဲအရာရှိ ၂ ဦးဖြစ်တဲ့ စတီဖှင် ချဲဘရတ် နဲ့ ဆီလ်ဗီယာ ဝမ်ဂျီကူ၊ သူတို့ရဲ့ အရပ်သား သတင်းပေးသမား ပီတာငူဂီ တို့ကို ထောင်ဒဏ် အနှစ် ၂၀ ကနေ ၃၀ အထိ ချမှတ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ကင်ညာနိုင်ငံဟာ ၁၉၈၇ ခုနှစ်ကတည်းက ဘယ်သူ့ကိုမှ ကွပ်မျက်စီရင်ခြင်း မပြုဘဲ သေဒဏ်ပေးတာကို ထောင်ဒဏ် တသက်တကျွန်းကို ပြောင်းလဲလျှော့ချပါတယ်။

ကင်ညာရဲတွေဟာ ရက်စက်ကြမ်းကြုတ်မှုနဲ့ တရားလက်လွတ် သတ်ဖြတ်မှုတွေ ကျူးလွန်ကြောင်း စွပ်စွဲချက်တွေကို မကြာခဏ ရင်ဆိုင်ရပြီး ပြစ်ဒဏ် မခံရသလောက် ဖြစ်တာကြောင့် ဒီအမှုဟာ ကင်ညာကို ဒေါသထွက်စေခဲ့ပါတယ်။

ကင်ညာရဲတပ်ဖွဲ့ကတော့ ရဲတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ လွတ်လပ်သော ရဲတပ်ဖွဲ့ ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (IPOA) ကို ဖွဲ့စည်းထားပြီး စွပ်စွဲခံရတဲ့ ဘယ်အရာရှိကို မဆို အရေးယူမှာဖြစ်ကြောင်း ပြောပါတယ်။

****************************************************************
END / 251