အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၂၀ ဖေဖော်ဝါရီ ၂၀၂၃

၁၁:၂၅:၁၃
1347665

ကျွန်ုပ်တို့ ၏ ရေနံတင်သင်္ဘောကို တိုက်ခိုက်မှု ဟာ အီရန်မှာ တာဝန်ရှိတယ်လို့ နေတန်ယာဟုက ပြော

နယ်ချဲ့ ဇီယွန်အစိုးရ၏ ဝန်ကြီးချုပ်သည် ပြီးခဲ့သည့် သီတင်းပတ်က ဇီယွန်အစိုးရ၏ ရေနံတင်သင်္ဘော တိုက်ခိုက်ခံရမှု အတွက် အီရန်တွင် တာဝန်ရှိသည်ဟု အခိုင်အမာ ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 နယ်ချဲ့ အစ္စရေး ဇီယွန်အစိုးရ၏ ဝန်ကြီးချုပ် ပနီရာမင်းန် နေတန်ယာဟု အစိုးရအဖွဲ့ အစည်းအဝေး အစတွင် အီရန် အစ္စလာမ္မ်မစ် ပြည်သူ့ သမ္မတနိုင်ငံအား ပြီးခဲ့သည့် သီတင်းပတ်က ပါရှန်ပင်လယ်ကွေ့တွင် ရေနံတင်သင်္ဘော တိုက်ခိုက်ခဲ့ သည်ဟု စွပ်စွဲ ခဲ့ပါ တယ် ။

အယ်လ်ဂျာဇီးရား၏ ပြောကြားချက်အရ နေတန်ယာဟုသည် ၎င်း၏ ပြောနေကျ အတိုင်း ထပ်ခါတလဲလဲ ပြောဆိုခဲ့ပြီး၊ ကျွန်ုပ်တို့ သည်  အီရန်အား နျူကလီးယားလက်နက် ထုတ်နိုင်ရန်  သို့မဟုတ် ကျွန်ုပ်တို့၏ မြောက်ပိုင်းနယ်စပ်တွင် ၎င်းတို့ ၏ ရပ်တည်ချက်ကို ခိုင်မာအောင် ပြုလုပ်ရန် မည်သည့်အခါမျှ ခွင့်မပြုကြောင်း ပြောဆိုပြီး ကျွန်ုပ်တို့၏ လှုပ်ရှားမှုများကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းမှဆက်လက်ပြီး တစ်ဖက်က ပြည်တွင်းမျက်နှာစာဖြစ်ပြီး နောက်တစ်ခုကတော့ အီရန်နိုင်ငံကို မျက်နှာ စာနှစ်ခုနဲ့ တိုက်ခိုက်နေတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ပင်ကွင်း နှင့် အထူးအဖွဲ့တစ်ဖွဲ့ဖွဲ့ဖို့ သဘော တူခဲ့ပေမယ့် အီရန်မျက်နှာစာ အတွက် မိမိတို့ ၏ ကြိုးပမ်းမှုတွေ ရပ်သွားမည် မဟုတ်ကြောင်း အီရန်ဟာ မိမိတို့ ၏ စည်းလုံး ညီညွတ်မှုကို ဖျက်ဆီးပြီး အမျိုးသားစိတ်ဓာတ်ကို တိုက်ခိုက်ဖို့ ကြိုးစားနေ ကြောင်း ပြောကြားခဲ့ပါတယ်။

ကျူးကျော် ဇီယွန် အစိုးရ ၏ ဝန်ကြီးချုပ် မှ အီရန်  အပေါ် တိုက်ခိုက်နေမှုကို ရပ် နားမည် မဟုတ် ကြောင်း ဝန်ခံ ပြီး အီရန် မျက်နှာစာ ပတ်သက်မည် မိမိ တို့ ၏ ကြိုးပမ်းမှု ကို ဆက်လက်လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြီးခဲ့သောအပတ် က ဆီးရီးယားရှိ အမေရိကန် စစ်အခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့သလိုပဲ ပါရှန်ပင်လယ်ကွေ့ရှိ  မိမိတို့ ၏ ရေနံတင်သင်္ဘောများ အီရန်က ထပ်မံတိုက်ခိုက်ခဲ့ပြီး ဆီးရီးယားကို သေစေနိုင်တဲ့ လက်နက်တွေ ဆက်လက်ထောက်ပံ့ပေးနေ သည်ဟု ပြောဆိုထားပါတယ်။

ဒေသတွင်း စစ်ဘက်သတင်းရင်းမြစ်တွေကို ကိုးကားပြီး Reuters သတင်းဌာနက မနေ့က ဖေဖော်ဝါရီ ၁၀ ရက်မှာ ကျူးကျော် နယ်ချဲ့ ဇီယွန်အစိုးရပိုင် ရေနံတင်သင်္ဘောတစ်စီးကို အာရေဗျပင်လယ်မှာ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဗြိတိန်ရေပိုင်နက်ကုမ္ပဏီ Embry Intelligence ကလည်း အာရေဗျပင်လယ်ရှိ သင်္ဘောသုံးစင်းပေါ်တွင် ဒရုန်းဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း အခိုင်အမာ ပြောကြားခဲ့ ကြောင်း သိရှိ ခဲ့ရပါတယ် ။

****************************************************************

END / 251