အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၆ မတ် ၂၀၂၃

၂၁:၀၂:၀၃
1350932

အာယာသွလ္လာဟ် ရှဟီးဒ် ဒက်စ်သဂိုင်ဗ် ရှီးရာဇီး ၏ ဂိုနဟ်ဟာရေ ကဘီရဟ် စာအုပ်မှ အချို့ ကောက်နုတ်ချက်များ အပိုင်း (၅)

အာယာသွလ္လာဟ် ရှဟီးဒ် ဒက်စ်သဂိုင်ဗ် ရှီးရာဇီး ၏ ဂိုနဟ်ဟာရေ ကဘီရဟ် စာအုပ်မှ အချို့ ကောက်နုတ်ချက်များ အပိုင်း (၅) အား တင်ပြလိုက်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ပြီးနောက်ထပ်၍ မိန့်တော်မူသည်မှာ -

 

لَا تُشْرِکْ بِاللّٰهِ اِنَّ الشِّرْکَ لَظُلْمٌ عَظِیْمٌ .[1]

 

အဓိပ္ပာယ် - ရှေးရ်က် (ခ) အလ္လာဟ်ဟို အရှင်မြတ်  နှင့် တွဲဖက်၍ ခဝပ်ကိုး ကွယ်ခြင်း မပြုပါနှင့် ။ စင်စစ်အားဖြင့် ‌ရှေးရ်က (ခ) အလ္လာဟ်ဟို အရှင်မြတ် နှင့် တွဲဖက် ကိုးကွယ် ခြင်း သည်ကြီးစွာသော မတရားမှုကြီး၊ ရက်စ်ညှဥ်း ပန်းမှု ကြီး ဖြစ်ပါသည်။

 

ပြီးနောက်ဆက်လက်မိန့်တော်မူသည်မှာ -

 

وَمَنْ یُشْرِک بِاللّٰهِ فَقَدْ اِفْتَریٰ اِثْماً عَظِیْماً [2].

 

အဓိပ္ပာယ် - အကြင်မည်သူမဆို အလ္လာဟ် ဟိုအရှင် မြတ် နှင့် တွဲဖက် ပြီး ခဝပ်ကိုးကွယ်ဆိုလျင် မုချ ဧကန် ၎င်းအနေဖြင့်  မုသာကို ကျူးလွန် ခြင်းဖြစ်ပြီး ကြီးမား သည့် အပြစ်ကို ကျူးလွန် ခြင်း ဖြစ်ပါသည်။

 

            အကြောင်းသည်ကား - မွတ်စလင်မ်တိုင်း အမြင်အရ ရှေးရ်က် သည် ဂိုနဟ်ကဗီရာဟ် ဖြစ် ကြောင်း ထင်ရှားပြတ်သား ပါသည်။ကျမ်းတော်မြတ် ကုရ်အာန် ၏ အာယသ်တော်များ ၊ မအ်စူမီးန် (အ.စ) ၏ ရီယါယသ်တော် များ မှ ရှေးရ်က် သည် ဂိုနဟ် ကဗီရာဟ် ဖြစ် ကြောင်းကို တင်ပြရန် အရေး မကြီး တော့ချေ။ သို့သော် ဒါပေမယ့် ပိုအရေးကြီးသည်မှာ ရှးရ်က် ၏ အဓိပ္ပါယ်နဲ့ ၎င်း၏ အဆင့်ဆင့်များကို  သိဖို့ ဖြစ်ပါသည်။ ထိုမှသာ  ဤအပြစ် များ အားလုံးကို ရှောင်ရှား နိုင်မှ ဖြစ်ပါသည်။ ဤအတွက် ကြောင့် အလ္လာဟ် ဟို အရှင်မြတ် (ခ) အနန္တတန်ခိုးရှင် ၊ တစ်ဆူ တည်း အရှင်မှ ကျမ်းတော်မြတ်ကုရ်အာန် တွင် မိန့် တော် မူ သည်မှာ -

وَاعْبُدُواللّٰهَ وَلَاتُشْرِکُوْا بِه شَیْئًا [3].

 

အဓိပ္ပာယ် - ပြီးနောက် အလ္လာဟ် ဟို အရှင်မြတ်အား ခဝပ်ကိုးကွယ် ဆည်းကပ်ပါ။ ပြီးနောက် မည်သည့် အရာ နှင့်မျှ ၎င်းအရှင် အား တွဲဖက် ကိုးကွယ် ခြင်း မပြုပါလေနှင့်။

 

            ရှင်းလင်းသည်မှာ မွတ်ရှ‌ရေက် (အလ္လာဟ် ဟို အရှင် မြတ် နှင့် အခြား အရာများ ကိုတွဲဖက်ခဝပ်  ကိုး ကွယ်သူ ) နှင့် အပြန်အလှန် ဖြစ်ပြီး မိုဝဟစ်ဒ် (အလ္လာဟ် ဟို အရှင် မြတ် တစ်ပါးတည်းကို ခဝပ် ကိုး ကွယ် သူ ) ဆန့်ကျင် ဘက် ဖြစ်ပါသည်။ ဤအတွက် ကြောင့် သောင်ဟီးဒ် သည် သာသနာ ပထမ အုတ်မြစ် ။ အရင်း အမြစ် ဖြစ်ပါသည်။ ၎င်း ၏အဆင့် ဆင့်များ ရှိပါ သည်။ ပြီးနောက် ရှေးရ်က် လည်းပြီး အဆင့်များ နှင့် အမျိုးအစား များ ရှိပါသည်။

 

၁- အလ္လာဟ် ၏ ဇာသ် (ဇာတိတော်) တွင်  သောင်ဟီးဒ် နှင့် ရှေးရ်က်

၂-အလ္လာဟ် ၏ ဆေဖါသ် (ဂုဏ်တော်များ) တွင်  သောင်ဟီးဒ် နှင့် ရှေးရ်က်

၃- အလ္လာဟ် ၏ အဖ်အာလ် (လုပ်ရပ်များ)  တွင်  သောင်ဟီးဒ် နှင့် ရှေးရ်က်

၄- အလ္လာဟ် ၏ အေသွာအသ် (နာခံမှု)  တွင်  သောင်ဟီးဒ် နှင့် ရှေးရ်က်

၅-အလ္လာဟ် ၏ အေဗါဒသ် (ခဝပ်ကိုးကွယ်မှု) တွင်  သောင်ဟီးဒ် နှင့် ရှေးရ်က်

 

အလ္လာဟ်ဟို အရှင်မြတ် ၏ ချီးမြှင့်ပေး သနားမှုရရှိ မည်ဆို လျင် တစ်ခုစီကို အသေး စိတ် ရှင်းပြပါမည်။ (အင်န်ရှာအလ္လာဟ် )

 

 

 

၁- အလ္လာဟ် ၏ ဇာသ် (ပကတိ ဇာတိတော်) တွင် သောင် ဟီးဒ်

 

ဆိုလိုသည်မှာ၊ အနန္တတန်ခိုးရှင် အလ္လာဟ် ဟို အရှင် မြတ် သည် ပကတိ ဇာတိတော် သည် ကဒီးမ် (အရင်း ကတည်က တည်ရှိ) ပြီး အဇလီ ( ထာဝရ တည်ရှိ မည် ဖြစ်ကြောင်း ကို အသိအမှတ်ပြုခြင်း ပင်ဖြစ် သည်။ မြင်သာထင်သည် ဖြစ်စေ မမြင်နိုင် သာ သည်ဖြစ်စေ ရှိ သည့် စကြဝဠာ စတင် ဖန်တီး မှု၏ အကြောင်း ရင်းဖြစ် ပါသည်။ ဤနေရာ တွင် အကြောင်းခံ အများ အပြားကို (တစ်ခုထက်ပို၍) လက်ခံ ခြင်းသည် ရှေးရ်က် ဖြစ်ပါသည်။ ဤ အတွက်ကြောင့် စနီဝီယေ ဂိုဏ်း ပြောကြားသည်မှာ - စကြဝဠာသည် အကြောင်း ခံ တရား နှစ်ခု ကြောင့်  ဖြစ်ပါသည်။ ဤ အကြောင်းခံ နှစ်ရပ် စလုံးသည် ကဒီးမ် (အရင်း ကတည်က တည်ရှိ) ပြီး အဇလီ ( ထာဝရ တည်ရှိ မည်) လည်း ဖြစ်ပါသည်။ တစ်ခု မှ ကောင်းမှုများ ၏ အစ  ဖြစ်ပြီး ၎င်းကို ယဇ်ဒါန် ဟုခေါ် ဆို ပါသည်။ နောက်တစ်ခု အစမှ မကောင်းမှု များ ဖြစ်ပြီး အဟေရ်မန် ဟုခေါ်ဆိုပါသည်။ ဤဂိုဏ်း ၏ မှားယွင်းသောယုံကြည် ချက်များကို ချေပ ရန် ကျမ်းတော် မြတ်ကုရ်အာန်  ၏ အာ ယသ် တော် များသည် ထင်ရှား ၊ ရှင်းလင်းသည့် အထောက် အထား သက်သေ များ ရှိပါသည်။ ဤအတွက်ကြောင့် အလ္လာဟ်ဟို အရှင် မြတ် မိန့်တော်မူသည် ။

 

قُلْ کُلٌّ مِنْ عِنْدِاللّٰهِ [4].                       

 

 

အဓိပ္ပာယ် - (အိုမိုဟမ္မဒ်(ဆွ) ) ပြောကြား ပါလေ။ အရာမှန် သမျှသည် အလ္လာဟ် ဟို အရှင်မြတ် ဘက်မှ ဖြစ်တော် မူသည်။

 

            ၎င်းတို့ကို ဖြေကြားရန် ဝါကျ တစ်ကြောင်း လုံ လောက်ပါသည်။ဤစကြာ ဝဠာ တွင် မကောင်းမှု သီးသန့်  ဆိုပြီး အစကတည်းက မရှိချေ။ ပြီး အစပထ မ ကတည်းကရှိခဲ့သည့် အရာ များသည် လက်ရှိတွင် လည်း ရှိနေပါသည်။ ပြီးနောက် အနာဂတ် တွင် ရှိလာ မည့်အရာ ဖြစ်ပါသည်။ အရာအားလုံး သည် အကောင်း တည်းသာ အကောင်း ဖြစ်ပါသည်။ အနည်း ဆုံး အကောင်းဘက် အား သာ ပြီး လွမ်းမိုးထား ပါ သည်။  မကောင်းမှု ဘက်သည် အားနည်း ပြီး အလွမ်းမိုးခံရ ပါသည်။မည်သို့ ဆို စေ ဤအကြောင်းအရာ ကို အသေးစိတ် အကျယ် တဝင့် ရေးမည်ဆိုလျင် ကျနော် ရေးမည့် အကြောင်းအရာ ကနေ လွဲ သွားမည် ဖြစ်ပါ သည်။

 

ခရစ်ယာန်များသည်လည်းပဲ မိုရှ်ရေက် ဖြစ်ပါသည်။

 

ခရစ်ယာန်ဘာသာသည် ရှေးကျသည့် ဇစ်မြစ် သုံးရပ်ဖြစ် သည့် အက်ဗ် (ခမည်းတော်ဘုရားဟု အဓိပ္ပါယ်ရသော)၊ အိဗ်နု (သခင်ယေရှု (ခ) ဟဇရသ် အီစာ(အ.စ) ဟု အဓိပ္ပာယ်ရသော သားတော်) နှင့် ရူဟိုလ် ကွတ်ဒ်ဒူစ် (ဂျီဗရာအီးလ် (အ.စ) ) တို့ကို ယုံကြည်ကြပြီး တစ်ခုစီအတွက် ဝိသေသနှင့် သြဇာကို ယုံကြည်ကြပါသည်။ မြင့်မြတ်တော်မူသော အလ္လာဟ် ဟို အရှင်မြတ်သည် ၎င်းတို့အား ပယ်ချ သည့်အနေဖြင့် စူရဟ် မာအေဒဟ် ၊ စူရဟ် အမှတ် ၅ ၊ အာယသ်တော် အမှတ် ၇၃ တွင် မိန့်တော်မူထားပါသည်။

 

لَقَدْ کَفَرَ الَّذِیْنَ قَالُوْا اِنَّ اللّٰهَ ثالِثُ ثَلاَ ثَةٍ وَّمَا مِنْ اِلٰهٍ اِلاَّ اِلٰهٌ وَّاحِدٌ .

 

အဓိပ္ပာယ် -  (အူလူဟီးယသ်ခေါ် အလ္လာဟ် ၊ ဟဇရသ် အီစာ (အ.စ) နှင့် ရူဟိုလ် ကွတ်ဒ်ဒူစ်ပေါင်းထားသည်  ) သုံးခု မှ တစ်ခု သည် အလ္လာဟ် ဟု သက်ဝင် ယုံကြည် သူများ အမှန်စင်စစ် ကာဖေရ်  ဖြစ်သွား ကြပေသည်။ အမှန်တကယ် အလ္လာဟ် ဟို အရှင်မြတ် တစ်ပါးတည်း မှအပ အခြား မည်သည့် ခဝပ်ကိုးကွယ်ရမည့် အရှင်  ဟုပြီး မရှိချေ။

            ထိုနးတူစွာ ဗြဟ္မဏနှင့် ဗုဒ္ဓဘာသာသည်လည်း သုံးပါးတစ်ဆူကို ယုံကြည်သည်။[5]

 

ရုပ်တုဆင်းတု ကိုးကွယ်ခြင်းသည်  အလ္လာဟ်ဟို အရှင် မြတ် နှင့် တွဲဖက် ခဝပ်ကိုးကွယ်ခြင်းဖြစ်ပါသည်။

           

 

            ဤသည်မှာလည်း ရှေးရ်က် အမျိုးအစား တစ်ခု ဖြစ်ပါသည်။ အချို့ ရုပ်တု ဆင်းတု ကိုးကွယ်သည့် ဂိုဏ်း များသည် အဖန်ဆင်းခံ အားလုံး အတွက် အသီးသီး အလ္လာဟ် တစ်ပါးဆီ ဘုရားတစ်ပါးဆီ ရှိသည်ဟု ယုံကြည်ခြင်းဖြစ်ပါသည်။ ဤယုံကြည် ချက်အား  ရဗ္ဗ်ဗွန်နောင်အ် ဟု ခေါ်ဆိုပါသည်။ ဤဂိုဏ်း ဝင်များ မှ ရေ အတွက် သီးသန့် အလ္လာဟ် နှင့် လေ အတွက် အခြား အလ္လာဟ် တစ်ပါး ရှိသည်ဟု ပြောကြပါသည်။ ၎င်းတို့ ယုံကြည်ချက်များ ကို ပယ်ချသည် အနေဖြင့် ကျမ်း တော်မြတ် ကုရ်အာန် တွင် အလ္လာဟ် ဟို အရှင်မြတ် မိန့် တော်မူသည်။

 

ءَ اَرْبَابٌ مُّتَفَرِّقُوْنَ خَیْرٌ اَم اِللّٰهِ الْوَاحِدِ الْقَهَّارِ [6].

 

အဓိပ္ပာယ် -(အနည်းငယ် ဂရုပြုသုံးသပ်ကြည့်ပါ)

သီးခြားသီးခြား ခဝပ် ကိုးကွယ်ရာသည် အလ္လာဟ်များ သည့် ပို၍ကောင်းပါသလော? သို့မဟုတ် ဖန်ဆင်းခံအား လုံး အပေါ်တွင် လွမ်းမိုးထား တော်မူ သည့် တစ်ပါး တည်း သော အရှင်ဖြစ်သော အလ္လာဟ် အရှင်မြတ် သည် ပို ကောင်း တော်မူပါသလော ?

 

 

၁- အလ္လာဟ် ၏ ဂုဏ်တော်များ တွင် သောင် ဟီးဒ်

 

            အလ္လာဟ် ၏ ဂုဏ်တော်များ တွင် သောင် ဟီးဒ် ဆိုသည်မှာ အလ္လာဟ် ဟို အရှင်မြတ် ပကတိ ဇာတိ တော် များဖြစ်သည့် သာဓက အားဖြင့် ရှင်သန်မှု၊ ပညာ ၊ ဆန္ဒ နှင့် အခြား ဤကဲ့သို့ ဂုဏ်တော်များ ကို တစ်ဆူ တည်း အရှင့် အလ္လာဟ် ဟို အရှင်မြတ် ၏ ပကတိ ဟု ယုံကြည်ခြင်း သီးသန့် မဟုတ်ဟု ယုံကြည် ခြင်း ဖြစ်ပါသည်။ ပြီးနောက် ဤဂုဏ်တော်များသည် အဖန်ဆင်းခံ ၏ ဇာတိတွင် ဖြည့်ထားသည့် ၊ထည့်ထား သည့် ဂုဏ် တော်များ ဟု ယုံကြည်ခြင်း တစ်ဆူတည်း အရှင် ၏ ရဲဟ်မသ် တော် နှင့်နေအ်မသ်တော် ၏ ချီးမြှင့် ထားသည့် ဂုဏ်တော်များ ဟု ယုံကြည်ရမည် ဖြစ်ပါ သည်။ (ပမာ အားဖြင့် မောင်ဖြူ အတွက် အသက်ရှင်ခြင်း ၊ ပညာ နှင့်စွမ်းအား သည် ပကတိ ဇာတိ တော် မဟုတ်ဘဲ နောက် မှ (အလ္လာဟ်ဟို အရှင် မြတ် ချီးမြှင့်ထားသည့် ဂုဏ်တော်များ ဖြစ်ပါ သည်။ )

 

ဤနေရာတွင် အလ္လာဟ် ၏ သောင် ဟီးဒ် တွင် ရှေးရ်က် မှာ နှစ်မျိုး နှစ်စား ရှိပါသည်။ ပထမအမျိုး အစားမှာ အလ္လာဟ် ၏ ဂုဏ်တော် များ ( ပညာ၊ စွမ်းအား ၊ ရှင်သန်မှု စသည်ဖြင့် ... ) ကို အလ္လာဟ် ဟို အရှင်မြတ် ၏ ပကတိဇာတိတော်  မဟုတ်ဟု နားလည် ခြင်း (ယုံကြည်ခြင်း)  ဖြစ်ပါသည်။ ဤအ‌ခြေ အနေ တွင် (အလ္လာဟ် ဟို အရှင်မြတ် ၏ ပကတိ ဇာတိတော် သည် မူရင်း အဟောင်း ဖြစ်သည့် အတွက် ၎င်းအရှင် မြတ်၏ ဂုဏ်တော် များ အားလုံးသည်လည်း  မူရင်း အဟောင်း ဖြစ်ပါသည်။ ) ပြီးနောက် မူရင်း အဟောင်း အရည်အတွက် လည်း လိုအပ်လာပါသည်။ ဤ အတွက် ကြောင့် ဤ ယုံကြည်ချက်အား အာရှာ ဟေရဟ် ဂိုဏ်း နှင့် သက်ဆိုင်သည်ဟု ဆိုပါ သည်။ ၎င်း ဂိုဏ်း ၏ ယုံကြည်ချက် သည် မှားယွင်း ကြောင်း ကို သူနေရာ တွင် သက်သေထူပြီးသာ ဖြစ်ပါသည်။ ဤ နေရာတွင် တင်ပြလျင် ကျနော် တင်ပြမည့် ခေါင်းစဥ် နှင့် လွဲ သွားမည် ဖြစ်ပါသည်။

 

အဖန်ဆင်းခံ များ၏ ကောင်းမြတ်သည့် အရည် အသွေး များ အားလုံး သည် အလ္လာဟ် ဟို အရှင်မြတ် ထံတော်မှ ဖြစ်ပါသည်။

 

            အဖန်ဆင်းခံ နှင့်စပ်လျဥ်း ပြီး ကောင်းမြတ် သည့် အရည် အသွေးများ များ ၏ ရှိသမျှ အဆင့် များကို အလ္လာဟ် ဟို အရှင်မြတ် ၏ ကျေးဇူးတော် ဟု မှတ်ယူ ရပါမည်။ ဤသည်သာလျင် စစ်မှန်တိကျသည့် သောင်ဟီးဒ် အစစ်မှန် ၊ အဖြစ်မှန် သောင်ဟီးဒ် ဖြစ်ပါသည်။ ထို အတွက်ကြောင့် နဘီ တမန် တော် မြတ် များ (အ.စ)  နှင့်  အအေမေဟ် အသွဟာရ် (အ.စ)  နှင့်ပတ်သက်ပြီး ကျွန်ုပ်တို့ ၏ ယုံကြည်ချက် ဤသို့ဖြစ် ပါသည်။ ၎င်းတို့ ၏ ပညာ ၊ စွမ်းအား ၊ အပြစ်မဲ့မှု  အခြား ပြည့်စုံ သည့် ဂုဏ် တော် များ သည် အလ္လာဟ် ဟို အရှင်မြတ် ၏ ချီးမြှင့် ထားမှုများ ဖြစ်ပါ သည်။ မည်သည့် ဂုဏ်တော် တစ်ခု တစ်လေ မှ မူလ ပကတိ  ဂုဏ် တော် မဟုတ်ချေ။ သို့ဖြစ်ပါ၍ ၎င်းတို့ထံ တွင် ရှိသည့် ဂုဏ်တော်များ သည် အလ္လာဟ် ဟို အရှင်မြတ် ၏ ချီးမြှင့်ထားခြင်း ဖြစ်ပါ သည်။ အတိုချုပ်ပြောရလျှင် စကြာဝဠာကြီး၏ တည်ရှိနေ မှုအားလုံးသည် သူ့ ဘာသာသူ အပေါ်မမူတည်ဘဲ အခြားသူများ အပေါ်တွင် မူတည် နေပါသည်။ ထိုကြောင့် အဖန်ဆင်းခံများ သည် တည်ရှိ နိုင်သလို ပျက်လည်းစီးနိုင်ပါသည်။ ၎င်းတို့ အားလုံးသည် ၎င်းတို့ကို ဖန်ဆင်း မည့် အလ္လာဟ် ရှိဖို့ လိုအပ်ပါသည်။ အလားတူပင် လူတစ်ဦး သည် ကောင်း မွန် သည့်အရည် အသွေးဖြင့် သွင်ပြင် လက္ခ ဏာ ရှိခြင်းသည် ၎င်း အတွက် ပြည့်စုံမှု ၏ဒုတိယ အနေ အထား ဖြစ်။ (အဖြည့်ခံ ဂုဏ်တော်များ ဖြစ်ပါ သည်။ )   မူလပကတိ ဂုဏ်တော်များ မဟုတ် ချေ။ ၎င်းတို့ ကိုယ်တိုင် ထို ဂုဏ်တော်များကို မဖန် ဆင်းနိုင် သည့် အတွက်ကြောင့် ဖြစ် ပါသည်။ တစ်နည်း အားဖြင့် မုချ ဧကန် ၎င်းတို့သည် အရှင်များ အရှင် ရှိရန် လိုအပ်ပါသည်။ ထိုအရှင်မြတ်သည် ၎င်းတို့အား မိမိ ဆန္ဒ နှင့် သင့်လျော် သင့်တော်မူနှင့်အညီ ကောင်း မြတ် သည့်  ဂုဏ်တော်များ ဖြင့် တန်ဆာ ဆင်ပေး ပါ သည်။ ပြီးနောက် စားနပ်ရိက္ခာ ချီးမြှင့်ပေး ပါသည်။

 

သဇ်ကီယေနဖ်စ်[7] ကိုမေ့လျော့ ခြင်းဖြစ်ပါသည်။

 

            ဤဆိုလိုချက်အဓိပ္ပာယ်သည် အသိဥာဏ်ရှိ သူတိုင်း ၊ အလ္လာဟ်ဟို အရှင်မြတ် တစ်ပါး တည်းကို ခဝပ် ကိုးကွယ် သူ၊နှင့် တရားမျှတသူ ၏ရှေ့ တွင် လုံးဝ ထင်ရှား နေပါ သည်။ ပြီးပြည့်စုံသည့် ဂုဏ်တော်များအားလုံး ကို ပိုင်ဆိုင်သူ သည် စကြာဝဠာ အားဖန်ဆင်း မွေးမြူတော်မူသည့်အရှင် တစ်ပါးတည်း၏ ဇာတိတော် ဖြစ်ပါသည်။ သို့သော် တစ်ခါတစ်ရံတွင် အချို့သော မိုဝဟစ်ဒ် ( အလ္လာဟ်တည်းကို ခဝပ်ကိုးသူ) များ သည်မေ့လျော့မှု ကြောင့် မိုရှရေက် ဆန်သည့် စကားများ ပြောကြားပါသည်။ ဥပမာအားဖြင့် မိမိ ကိုယ် မိမိ ချီးမွမ်းခြင်းအခါသမယတွင် ငါ့ပညာ၊ ငါ့တန်ခိုး၊ ငါ့အလို၊ ငါ့စည်းစိမ်၊ ငါ့ဥာဏ်၊ ငါ့စွမ်းအား စသဖြင့်" ယင်းအစား ကျွန်ုပ်၏အသိပညာသည် ကျွန်ုပ်အား အလ္လာဟ် ဟို အရှင်မြတ် ပေးသနားတော်မူသော အရာဖြစ် သည် ၊ ငါ့၏ စွမ်းအား အလ္လာဟ် ဟို အရှင်မြတ် ပေးသနားထားသည့် စွမ်းအားဖြစ်သည် ၊ ငါ့ ၏ စည်းစိမ် ၊ ဥစ္စာသည် အလ္လာဟ် ဟို အရှင်မြတ် ၏ကျေးဇူးတော်  နှင့်အမာနသ် ဖြစ်သည် ၊ မှန်ကန်ပြီး သင့်တော် ပေသည်။ ဤသည်သာလျင် စစ်မှန် သည့် သောင်ဟီးဒ် အတိုင်း ဖြစ်ပါသည်။ သို့သော်စစ်မှန်သည့်  သောင်ဟီးဒ်သမား ဖြစ်ရန် ၎င်း ၏ နှုတ်လျှာ ဖြင့် ဝန်ခံ မှုသည် ၎င်း ၏ နှလုံး သား ၏ ယုံကြည်ချက် နှင့် ဆန့်ကျင်ဘက်မဖြစ်ရန် လိုအပ်ပါသည်။ တစ်နည်း အားဖြင့် အပြန်အလှန် ကိုက်ညီမှူ ရှိရပေမည်။ ဤကဲ့သို့သော် ပုဂ္ဂိုလ် ၏လက္ခဏာ မှာ မိမိ ဖန်ဆင်းရှင် ၏ရှေ့တော် တွင် အကြွင်းမဲ့ နှိမ့်ချ သူ ရိုးကျိုးသူ ဖြစ်ပါ သည်။ ပြီးနောက်  ကျေးဇူးကန်းသည့် အနေအထား တွင်  အလ္လာဟ် ဟို အရှင်မြတ် ၏ နေအ်မသ်တော်  လက်လွတ်ဆုံးရှုံး ရမည်ကို ၎င်းအနေဖြင့် ကြောက်ရွံ့ နေပါ သည်။ ၎င်း ပုဂ္ဂိုလ် ၏ ဒုတိယ လက္ခဏာ မှာ မည်သူတစ်ဦး တစ်ယောက် ၏ ချီးမွမ်းခြင်း နှင့် မြှောက်ပင့် ခြင်းအတွက် ပီတိ မဖြစ်ခြင်း ဖြစ်ပါသည်။

****************************************************************

 

END / 251


[1] စူရဟ်အမှတ် ၃၁ ၊ အာယသ်တော် အမှတ် ၁၃

[2] စူရဟ်အမှတ် ၄ ၊ အာယသ်တော် အမှတ် ၄၈

[3] စူရဟ်အမှတ် ၄ ၊ အာယသ်တော် အမှတ် ၄၁

[4] စူရဟ်အမှတ် ၄ ၊ အာယသ်တော် အမှတ် ၇၈

[5] ရှရီးဖ် အနီးစ် ဆိုသည့် ကျမ်းတွင် ဤ အကြောင်း အရာ ယုံကြည် မှု နှင့်ပတ်သက်ပြီး အသေးစိတ် အကျယ်တဝင့် လေ့လာ နိုင်ပါ သည်။

[6] စူရဟ်အမှတ် ၁၂ ၊ အာယသ်တော် အမှတ်၃၉

[7] မိမိ၏ စိတ်ရိုင်းစိတ်မိုင်းကို ပြုပြင်ပြောင်းလဲခြင်း ၊သန့်စင်ခြင်း ဖြစ်ပါ သည်။