အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
တနင်္ဂနွေနေ့

၁၂ မတ် ၂၀၂၃

၂၀:၁၅:၃၃
1351864

ပင်လောင်းတွင် စစ်တပ်က ဘုန်းကြီး ၃ ပါးနှင့် လူအယောက် ၃၀ ကို အစုအပြုံလိုက် သတ်ဖြတ်

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်မှာ စစ်တပ်က ဘုန်းကြီး ၃ ပါးနဲ့ လူအယောက် ၃၀ ကို အစုအပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်က ထုတ်ပြန် ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်မှာ စစ်တပ်က ဘုန်းကြီး ၃ ပါးနဲ့ လူအယောက် ၃၀ ကို အစုအပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်က ထုတ်ပြန် ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး  ကရင်နီပြည်ထဲကို ပင်လောင်း၊ ရှားတော၊ ဒီးမော့ဆိုနဲ့ ဘောလခဲမြို့နယ်တို့ကနေ စစ်ကြောင်း ၁၂ ခုနဲ့ အပြင်းအထန် ထိုးစစ်ဆင်လာနေတာကြောင့် ပင်လောင်းမြို့နယ်ထဲမှာ  ပြီးခဲ့တဲ့ ၃ ပတ်လောက်အတွင်း တိုက်ပွဲတွေ ဖြစ်နေခဲ့တာပါ။

မတ် ၁၁ ရက် နေ့လယ်ပိုင်းမှာတော့ ပအိုဝ်းစစ်ရှောင်ပြည်သူတွေ ခိုလှုံနေတဲ့ နမ်းနှိမ် ကျေးရွာဘုန်ကြီးကျောင်းနဲ့ ပြည်သူတွေရဲ့နေအိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်လေယာဉ်၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီးတဲ့နောက် စစ်တပ်က ရွာဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ဘုန်းကြီး ၃ ပါးနဲ့ ရွာသားအယောက် ၃၀ ကို ခိုအောင်းနေရာက ထွက်စေပြီး ကျောင်းနံရံ နားမှာပဲ ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကြောင်း ရွာထဲ ဝင်သွားချိန် ပြည်သူ့ကာကွယ်ရေးတပ်က ကင်းထောက်နိုင်ခဲ့ပေမဲ့ အင်အားများပြားတာကြောင့် ဝင်ရောက် မကူညီနိုင်ခဲ့ဘဲ မတ် ၁၂ ရက် နေ့လယ်ပိုင်းမှာမှ ရွာထဲကို ဝင်နိုင်တယ်လို့လည်း ဆိုပါတယ်။

ပျောက်ဆုံးသူ အယောက် ၃၀ ထဲက သေဆုံးသူ ၂၈ လောင်းကို တွေ့ရှိသယ်ထုတ်နိုင်ခဲ့ပြီး သက်ဆိုင်ရာမိသားစုဝင်တွေကို လုံခြုံစိတ်ချရတဲ့နေရာမှာ ဘာသာရေးအရ လုပ်သင့်တာတွေ လုပ်နိုင်ဖို့ ကူညီသွားမယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ပအိုဝ်းစစ်ရှောင်ပြည်သူတွေ ခိုလှုံနေတဲ့ နမ်းနှိမ်ဘုန်းကြီးကျောင်းကို မနေ့က မီးရှို့ဖျက်ဆီးခဲ့ပြီး ဒါဟာ လူမျိုးရေး၊ ဘာသာရေး ခုတုံးလုပ်ဖို့ ကြိုးစားနေတယ်လို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။

စစ်တပ်ကမီးရှို့ဖျက်ဆီးလို့ ဘုန်းကြီးကျောင်းနဲ့ အိမ်ခြေ ၄၀ လောက် ပျက်စီးဆုံးရှုံးခဲ့ပြီး ပင်လောင်းဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်တွေရဲ့ တိုက်ပွဲကြောင့် မတ် ၉ ရက်ကတည်းက ဒေသခံပြည်သူတွေ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ လည်း သိရပါတယ်။

****************************************************************
END / 251