အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၂၁ မတ် ၂၀၂၃

၂၃:၁၃:၄၂
1353402

ချေချင်းသမ္မတသည် ကျမ်းတော်မြတ် ကုရ်အာန် အား စော်ကားသူများအား ဖမ်းဆီးပြီး အပ်သူအား ဆုချီးမြှင့်မည် ဖြစ် ကြောင်း ကြေညာ

ယူကရိန်းစစ်သားများက ကျမ်းတော် မြတ် ကုရ်အာန်ကျမ်းတော်မြတ်ကို စော်ကား ပြီးနောက် ချေချင်း သမ္မတသည် ၎င်း ရာဇ၀တ်သားများကို ဖမ်းဆီးပြီး အပ်သူအား ရူဘယ် ၁၀ သန်း ဆုချီးမြှင့်ကြောင်း ကြေညာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 ပြီးခဲ့သည့် သောကြာနေ့တွင် ယူကရိန်းစစ်သားအချို့သည် ကျမ်းတော်မြတ်ကုရ်အာန်၏ စာမျက်နှာများကို မီးရှို့ကာ စော်ကားသည့် ဗီဒီယိုတစ်ခု လူမှုမီဒီယာတွင် ပျံ့နှံ့သွားခဲ့ပါတယ်။

ယူကရိန်းစစ်သားတွေရဲ့ ဒီလိုရလူမဆန် စော်ကား သည့် လုပ်ရပ်ကို တုံ့ပြန်တဲ့အနေနဲ့ ချေချင်းညာသမ္မတ ရမ်တွာန် ကဒီရိုဖ် မှ  ဗီဒီယိုဖိုင်တစ်ခုထုတ်ပြီး ယူကရိန်းစစ်သာများ အား ဤလုပ်ရပ်သည် ဤ စော်ကားသူများ သည်  တကယ့်ဖက်ဆစ်ဝါဒသမားများ ရှိင်တွာန် ကိုးကွယ်သူများ ဖြစ်ကြောင်း ကို  ပြသနေတယ်လို့ ပြောကြားခဲ့ပါတယ် ။ အသင်တို့ အနီး ချေချင်း နိုင်ငံသား   သို့မဟုတ် မွတ်စလင်တစ်ဦး ရှိနေခဲ့လျင် ကျမ်းမြတ်ကုရ်အာန်ကို ထိဝံ့ကြမည် မဟုတ်ဟု ပြောကြားခဲ့ပါတယ်။

၎င်းမှဆက်လက်ပြီး တရားခံများကို ပြစ်ဒဏ်ပေးနိုင်ရန် အထိ ခေါ်ဆောင်ရန် နှမြောမည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ တစ်ချိန်တည်းမှာပင် ချေချင်းသမ္မတသည် ကျမ်းတော်မြတ် ကုရ်အာန်ကို စော်ကားသူများကို  ဖမ်းဆီး အပ်ပေးသူအား ရူဘယ် ၁၀ သန်း ဆုချီးမြှင့်ကြောင်း ကြေညာခဲ့ပါတယ်။

တစ်ချိန်တည်းတွင်၊ အီဂျစ်နိုင်ငံရှိ Al-Azhar တက္ကသိုလ်မှလည်း ယူကရိန်းစစ်သားများလက်ဖြင့် ကျမ်းမြတ်ကု ရ်အာန် စော်ကားမှုကို တုံ့ပြန်ခဲ့ပါတယ်။  ဖုဖ်သီ ရှိက်ခ် စအ်ဒ် အလ်ကဖီ မှ  အစ္စလာမ်သည် ရဟူဒီများ၏ သောင်ရာသ် ကျမ်း နှင့် ခရစ်ယာန်များ ၏ သမ္မာ ကျမ်းစာ အပါအဝင် မြင့်မြတ်သည့် ကျမ်း စာအုပ်များကို စော်ကားခြင်းအား တားမြစ်ထားကြောင်း ပြောကြားခဲ့ပါ သည်။ ယူကရိန်းစစ်သားများ ၏ ဤလုပ်ရပ်ဟာ မိုက်မဲပြီး နိုင်ငံတကာဥပဒေတွေကို ဆန့်ကျင်တယ်လို့ လည်း ၎င်းမှ ဆက်လက် ပြောကြားခဲ့ပါ တယ်။

****************************************************************

END / 251