အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၂၇ မတ် ၂၀၂၃

၂၀:၂၈:၄၇
1354621

ဆွီဒင်တွင် စူရဟ် ရဲဟ်မန် အလွတ်ကျက် ပြိုင်ပွဲ ကျင်းပ

လမြတ်ရမ်တွာန် ဥပုသ်အခါသမယတွင် ဆွီဒင်နိုင်ငံ အေမာမ်အလီ (အ.စ) အစ္စလာမ်မစ် စင်တာ တွင် စူရဟ် ရဲဟ်မာန် ကျက်မှတ်ခြင်းအတွက် ပြိုင်ပွဲတစ်ခု ကျင်းပမည် ဖြစ်ပါသည်။

 

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Iqna သတင်းဌာန ၏ သတင်း အထောက်အထား များ အရ အသက် ရှစ်နှစ်မှ ဆယ့်ခြောက်နှစ်ကြား ယောက်ျားလေးများနှင့် မိန်းကလေးများသည် စူရဟ် ရဲဟ်မာန် အာဂုံရွတ်ပြိုင်ပွဲ တွင် ပါဝင်ယှဉ်ပြိုင် ကြမည် ဖြစ်ပါတယ်။ ဤပြိုင်ပွဲအား ဧပြီလ ၁၅ ရက်နေ့ ဒေသစံတော်ချိန် ၃း၀၀ နာရီတွင် ဗဟိုဗလီ၌ ကျင်းပမည်ဖြစ်ပါတယ်။

စူရဟ် ရဲဟ်မာန် ကို အလွတ်ကျက်မှတ်သော ကလေးအားလုံးကို ဆုချီးမြှင့်မည်ဖြစ်ပြီး အကောင်းဆုံးငါးဆု ကို အထူးဆုများ ပေးအပ်မည်ဖြစ် ကြောင်း သိရှိရပါတယ်။ ဗဟိုခန်းမ တွင် ကျင်းပမည် “အွန်စ်ဘာကုရ်အာန် “  အစီအစဥ် တွင် ရွေးချယ်ထားခံထားရသည့်  ကျောင်းသားများအား ဆုများချီးမြှင့်မည်ဖြစ်ပါတယ်။

 

ပြိုင်ပွဲဝင်ရန် နောက်ဆုံးရက်မှာ ဧပြီလ 3 ရက်နေ့ဖြစ်ပြီး စိတ်ပါဝင်စားသူများ အနေဖြင့် ဖော်ပြပါ လင်းခ် https://form.jotform.com/230764625631355 တွင် ဆက်သွယ် စာရင်း ပေးနိုင်ကြောင်း သိရှိရပါတယ်။

အေမာမ် အလီ (အ.စ) အစ္စလာမ်မစ် စင်တာ သည် အဲဟ်လေ့ဘိုက်(သ) (အ.စ) အား ချစ်ခင်မြတ် နိုးသူများ ၏ ကြိုးပမ်း မှုဖြင့် ၁၉၉၆ ခုနှစ်တွင် စတော့ဟုမ်းတွင် တည်ထောင်ခဲ့ သည့်  အများသူငှာ ဆိုင်  အဖွဲ့အစည်း တစ်ခုဖြစ် ပါတယ်။

အေမာမ် အလီ (အ.စ) အစ္စလာမ်မစ် စင်တာ အား အစ္စလာမ့် လှုပ်ရှား မှု များကို ဆွီဒင် နိုင်ငံ ၏ တရား ဥပ‌ဒေ နှင့် အညီ တရားဝင်ဆောင်ရွက်နိုင်ရန် တည်ထောင်ထားခြင်း ဖြစ်ပါတယ်။

****************************************************************

END / 251