အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
ဗုဒ္ဓဟူးနေ့

၅ ဧပြီ ၂၀၂၃

၁၃:၁၄:၂၅
1356340

ဂျူးအစွန်းရောက် ဇီယွန် (ခ) ဆိုက်ယူနစ် ခေါင်းဆောင် ကိုယ်ပိုင်လက်နက်ကိုင်တပ် ထောင်မည်

ပြည်ထဲရေး၀န်ကြီး အီတာမာရ် ဘန်ဂါဗီရ်ရဲ့ လက်အောက်မှာ ‘အမျိုးသားအစောင့်တပ်’ ဆိုတဲ့ နာမည်နဲ့ လက်နက်ကိုင်အဖွဲ့တစ်ခု တည်ထောင်ဖို့ အစ္စရေး ဇီယွန် (ခ) ဆိုက်ယူနစ် အစိုးရက တနင်္ဂနွေနေ့မှာ ခွင့်ပြုလိုက်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ပြည်ထဲရေး၀န်ကြီး အီတာမာရ် ဘန်ဂါဗီရ်ရဲ့ လက်အောက်မှာ ‘အမျိုးသားအစောင့်တပ်’ ဆိုတဲ့ နာမည်နဲ့ လက်နက်ကိုင်အဖွဲ့တစ်ခု တည်ထောင်ဖို့ အစ္စရေး ဇီယွန် (ခ) ဆိုက်ယူနစ် အစိုးရက တနင်္ဂနွေနေ့မှာ ခွင့်ပြုလိုက်ပါတယ်။

ဘန်ဂါဗီရ်ဟာ ဂျူးလက်ယာစွန်းရောက်တစ်ဦးဖြစ်ပြီး လက်ယာပါတီ Jewish Power ရဲ့ ခေါင်းဆောင်လည်းဖြစ်ပါတယ်။ ပါလက်စတိုင်းကို အပြီးရှင်းလင်းဖို့ ထုတ်ပြောထားသူပါ။  

ပါလက်စတိုင်းနိုင်ငံ အနောက်ဖက်ကမ်းက တရား၀မင် ဂျူးအခြေချအိမ်ယာတွေမှာ ကြီးပြင်းလာတဲ့သူဟာ အရင်က ဂျူးအကြမ်းဖက်၀ါဒကို တောက်ခံအားပေးမှု၊ ပါလက်စတိုင်းတွေကို သတ်ဖြတ်ဖို့ လှုံ့ဆော်မှုနဲ့ တရားစွဲထောင်ချခံထားရသူလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ၀န်ကြီးချုပ် နေတန်ယာဟုပါတီနဲ့ မဟာမိတ်ဖွဲ့ပြီးတဲ့နောက် ပြည်ထဲရေး၀န်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

တပ်ဖွဲ့၀င် ၂၀၀၀ ပါ၀င်မယ့် အမျိုးသားအစောင့်တပ် သူ့လက်အောက်မှာ ဖွဲ့စည်းထားရှိဖို့ တောင်းဆိုခဲ့ပြီး၊ နေတန်ယာဟုအစိုးရက ခွင့်ပြုခဲ့တာပါ။

ဒီအဖွဲ့ကို ရဲတပ်ဖွဲ့လက်အောက်မှာ ထားမှာလား၊ ဘန် ဂါဗီရ်ရဲ့ လက်အောက်မှာ ထားမှာလားဆိုတာ အစိုးရ၊ ရဲတပ်ဖွဲ့နဲ့ စစ်တပ် အကြီးအကဲတွေ ပါ၀င်တဲ့ ကော်မတီက ရက်ပေါင်း ၉၀ အတွင်း ဆုံးဖြတ်သွားမယ်လို့ နေတန်ယာဟုရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

အစ္စရေး ဇီယွန် (ခ) ဆိုက်ယူနစ် မှာ စစ်တပ်၊ ရဲတပ်ဖွဲ့၊ စစ်ထောက်လှမ်းရေး၊ ရှင်းဘတ် ထောက်လှမ်းရေးအဖွဲ့၊ မိုဆာ့ဒ် ထောက်လှမ်းရေးအဖွဲ့၊ အမျိုးသားလုံခြုံရေးကောင်စီ၊ အကျဥ်းဦးစီးဌာန၊ အဓိကရုဏ်းနှိမ်နှင်းရေးတပ်ဖွဲ့၊ SWEAT အဖွဲ့ စတဲ့ လက်နက်ကိုင်အဖွဲ့ အမြောက်အများ ရှိနေတာဖြစ်ပါတယ်။

ဘန်ဂါဗီရ်က အမျိုးသားအစောင့်တပ်ဖွဲ့ဟာ စစ်တပ်၊ ရဲတပ်ဖွဲ့တို့နဲ့ အလုပ်တွဲလုပ်သွားမှာဖြစ်ပြီး ပါလက်စတိုင်းတွေရဲ့ လွတ်မြောက်ရေးလှုပ်ရှားမှုကို အဓိကထားနှိမ်နှင်းမယ်လို့ ထုတ်ပြောထားပါတယ်။

****************************************************************
END / 251