အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၂၄ ဧပြီ ၂၀၂၃

၁၂:၅၁:၁၁
1360156

အမီးရိုလ်မိုအ်မေနီ အေမာမ် အလီ (အလိုင်းဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် ဆင်းရဲ ခြင်း ထက် ပိုဆိုးသည့် ဒုက္ခ ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် အလ်အမာလီ အလ်ဆူဒူက် ကျမ်း လာရှိမှု ကို တင်ပြပါ မည်။

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال امیرالمومنین علیه السلام:

إِنَّ مِنَ الْبَلاءِ الْفاقَةَ وَ أَشَدُّ مِنْ ذلِكَ مَرَضُ الْبَدَنِ وَ أَشَدُّ مِنْ ذلِكَ مَرَضُ الْقَلْبِ وَ إِنَّ مِنَ النِّعَمِ سَعَةُ الْمالِ وَ أَفْضَلُ مِنْ ذلِكَ صِحَّةُ الْبَدَنَ وَ أَفْضَلُ مِنْ ذلِكَ تَقْوىَ الْقَلْبِ.

အမီးရိုလ်မိုအ်မေနီ အေမာမ် အလီ (အလိုင်းဟစ်စလာမ်) မိန့်တော် မူ၏။

“ ဧကန် စင်စစ် ဆင်းရဲ ခြင်းသည် ဒုက္ခ တစ်မျိုး ပင် ဖြစ်ပါသည်။ ဆင်းရဲ ခြင်း ထက် ပိုပြီးဆိုးသည်မှာ ကိုယ်ခန္ဓာ ၏ ရောဂါ ဖြစ်ပါသည်။ ၎င်းထက်ပို ဆိုးသည်မှာ နှလုံးသား၏ ရောဂါ ဖြစ်ပါသည်။ စည်းစိမ် ဥစ္စာ ကြွယ်ဝ ခြင်းသည် နေအ်မသ် တစ်မျိုး ဖြစ်ပါသည်။  စည်းစိမ် ဥစ္စာ ကြွယ်ဝ ခြင်းသာလွန်သည်မှာ ကျန်းမာ ခြင်း ဖြစ်ပါသည်။ ၎င်းပို၍ သာယွန်သည်မှာ  နှလုံးသား တွင် သက္က်ဝါ (သီလ၊ သမာဓိ) ရှိ ခြင်းဖြစ်ပါသည်။ “

ကျမ်းကိုး ။ ။ အလ်အမာလီ အလ်ဆူဒူက် ကျမ်း ၊ ၁၆၄ ၊  ဟဒီးစ်တော် ၂၄၀

မှတ်ချက်  -  အထက်ပါဟဒီးစ်တော် ကို ကြည့်ပြီး ကျွန်ုပ်တို့ သည် ချမ်းသာ အောင် ၊ ကျန်းမာ အောင် ၊ သက္က်ဝါ ရှိအောင်   ကြိုးစား အားထုတ်ရမည် ဖြစ်ပါသည်။

****************************************************************

END / 251